Lifestyle

ဓာတ်ပုံကြော်ငြာတခုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ထိုင်ဝမ်မော်ဒယ်လ်

This article has been converted from Zawgyi One to Unicode

ဖေ့ဘုတ်စာမျက်နှာပေါ်မှာ အလှအပရေးရာခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်လို့ ဓာတ်ပုံတပုံအတော်လေး နာမည်ကြီး သွားခဲ့ဖူးပါတယ်။ အဲ့ဒါက ချောမောလှပတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးသုံးယောက်ရဲ့ အဆင်မပြေ လှတဲ့ ရုပ်အသွင်အပြင်တွေကြောင့် ဒီ မိဘနှစ်ပါးရဲ့ နဂိုမူရင်းဇစ်မြစ်က ဒီသားသမီးသုံးယောက်မှာ ပေါ်လာတော့တာပဲဆိုတဲ့ ပို့စ်တွေ ဓာတ်ပုံနဲ့တကွ တက်လာတာပါ။ ဒီလိုအကြောင်းအရာအပြင် တခြားသော အထင်အမြင်ပေါင်းစုံနဲ့ လူသိများလာတဲ့ အဆိုပါအဖြစ်အပျက်ရဲ့ နောက်ကွယ်က တကယ့်မူရင်း အကြောင်း အရာကိုတော့ ဘယ်သူမှ မသိလိုက်ကြပါဘူး။ ပိုဆိုးတာက အဲ့ဒီအထင်အမြင်ပေါင်းစုံနဲ့ ဖန်တီးပေါ်ပေါက်လာတဲ့ အခြေအနေတွေထဲမှာ ပျက်ဆီးသွားတဲ့ ဘ၀ အခြေအနေတခုရှိနေတယ်ဆိုတာပါ။

ထိုင်ဝမ် မော်ဒယ်တဦးဖြစ်တဲ့ Heidi Yeh ဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်က ပလပ်စတစ်ဆာဂျရီ ဆေးခန်းကြော်ငြာ တခုအတွက် ဓာတ်ပုံရိုက်ရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ သူမဘဝနဲ့ မော်ဒယ်လ်အလုပ်ကို ထိခိုက်ပျက်စီးစေမယ်လို့ မသိခဲ့ပါဘူး။

BBC ရဲ့ ၂ မိနစ် အစီအစဉ်တွင် Yeh ရဲ့ ဖော်ပြပါ ကြော်ငြာဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံခဲ့ရသော အကြောင်းကို ပြောပြခဲ့ပါတော့တယ်။

၂၀၀၀ ခုနှစ်အစောပိုင်းကသတင်းစာတွေမှာ  ဆေးခန်းကြော်ငြာရန် မော်ဒယ်သရုပ်ဆောင်ဖို့အတွက် Yeh ဟာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲ့ဒီ ကြော်ငြာဓာတ်ပုံဟာ ခင်ပွန်း၊ ကလေး ၃ယောက် နှင့်အတူ Yeh က မိခင်အဖြစ် မော်ဒယ်လ် ထိုင်ပေးခဲ့တာပါ။ ဓာတ်ပုံအောက်မှာလည်း “The only thing you’ll ever have to worry about is how to explain it to the kids”လို့ စာတန်းထိုးထားပါတယ်။
ဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံခဲ့ပြီး အဆိုပါ ဓာတ်ပုံကို ကူးယူကာ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်အဖြစ် အချက်အလက်များ စစ်ဆေးခြင်းမရှိဘဲ သတင်းရေးသားခဲ့ကြပါတော့တယ်။

တရုတ်သတင်းစာတခုဖြစ်တဲ့ Heilongjiang Morning Post က အောင်မြင်ကျော်ကြားသော အမျိုးသားတယောက်နှင့် တွေ့ဆုံစဉ်က ခွဲစိတ်ပြုပြင်ထားသော အမျိုးသမီးဟာ ရုပ်ဆိုးသော သားသမီးများကို  မွေးဖွားပြီးချိန်၌ ခင်ပွန်းဖြစ်သူက ၎င်းရဲ့လှည့်ဖျားခဲ့မှုအတွက် ကွာရှင်းပေးရန်နှင့် နစ်နာကြေးပေးရန် တရားစွဲခဲ့ကြောင်းဆိုပြီး ရေးသားခဲ့ကြပါတော့တယ်။

အဆိုပါ သတင်းစာက အကြောင်းအရာ အချက်အလက်များ စစ်ဆေးခဲ့ခြင်းမရှိဘဲ သတင်းရေးသားခဲ့တဲ့အပေါ် နောက်ပိုင်းတွင် ပြန်တောင်းပန်ခဲ့သော်လည်း မော်ဒယ်လ် Yeh အတွက်ကတော့ ပျက်စီးဆုံးရှုံးများ ရှိခဲ့ပါ တော့တယ်။ အဲ့ဒီလို မဟုတ်မမှန် သတင်းပျံ့လွင့်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် Yeh ရဲ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ လောက် ဆုံးရှုံးနစ်နာခဲ့ရတာပါ။

မကြာသေးခင်လောက်က မော်ဒန် Yeh ဟာ အဖြစ်မှန်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဆေးခန်းနဲ့ မော်ဒယ်လ်အေဂျင်စီအား လျော်ကြေး အမေရိကန်ဒေါ်လာ ၁၅၀, ၀၀၀ အတွက် တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါ ဆေးခန်းကလည်း မော်ဒန် Yeh အား ကြေငြာတွင် အသုံးပြုရန် အခွင့်အရေးရှိကြောင်းနဲ့ အခုလို အဖြစ်အပျက်များကြောင့် ၎င်းတို့ ဆေးခန်းပုံရိပ်ကို ထိခိုက်စေတဲ့အတွက် တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: petapixel.com

Loading