Trend

Colgate ရဲ့ ၅၄ သိန်းတန် ပညာသင်ဆု ၇နှစ်အရွယ် မိန်းကလေးရရှိ

This article has been converted from Zawgyi One to Unicode

Colgate – Palmolive မှ ၂၀၁၆ Colgate ပညာသင်ဆုအစီအစဉ်ရဲ့ဒုတိယအကြိမ်မြောက် ၅၄ သိန်းတန် Colgate ပညာသင်ဆုကို မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက် ၇ နှစ်အရွယ် မထက်နွယ်လင်းက ဆွတ်ခူးရရှိခဲ့ပါတယ်။ မထက်နွယ်လင်းရဲ့မိခင် ဒေါ်ဝေမာလွင်က သမီးဖြစ်သူအတွက် ဖိနပ်အသစ်သွားဝယ်ပေးချိန် အိမ်အနီးရှိ “ဈ” ဈေးတွင် Colgate Super Strong သွားတိုက်ဆေး နှစ်ဘူးဝယ်ယူခဲ့ရာမှ အဲ့ဒီဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မထက်နွယ်လင်းဟာ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂) မူလတန်းကျောင်း ဒုတိယတန်းတွင် ပညာသင်ကြားနေတဲ့ ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ဆရာ၊ဆရာမများက ဉာဏ်ကောင်းသည်ဟုချီးမွှမ်းခံရတဲ့ ကျောင်းသူတစ်ဦးလည်းဖြစ်ကာ မိဘများက သူမရဲ့ ပညာရေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားဖို့် စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။

မထက်နွယ်လင်းအား အင်္ဂလိပ်ဘာသာနှင့် ပန်းချီအနုပညာတွင် ထူးချွန်စေရန် သူမ၏မိခင်က အချိန်ပို အင်္ဂလိပ်စာ သင်တန်းနှင့် နွေရာသီတွင် ပန်းချီနှင့်ပုံဆွဲသင်တန်းများ အပ်နှံသွားမယ်လို့လည်း ဆိုပါတယ်။ လက်ခံရရှိတဲ့ ပညာသင်ဆုရဲ့ တချို့တဝက်ကို အဲဒီသင်တန်းတွေအတွက် အသုံးပြုသွားမှာဖြစ်ပြီး ကျန်တာကိုတေ့ာ သူမရဲ့အနာဂတ်ပညာရေးအတွက် စုဆောင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မထက်နွယ်လင်းဟာ သူမအရွယ်ရောက်တဲ့အချိန်မှာ အများပြည်သူကျန်းမာအောင် ဆေးကုသပေးနိုင်တဲ့ ဆရာဝန်တစ်ဦးဖြစ်လာဖို့ ခိုင်မာစွာဆုံးဖြတ်ထားသူလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ဝေမာလွင်က “သမီး အတွက်ဒီပညာသင်ဆုက တကယ်ကိုအထောက်အကူဖြစ်လို့ အခုလိုဆုရတာကိုအရမ်းပဲဝမ်းသာပါတယ်။ ကျွန်မတို့ သမီးလေးရဲ့ အနာဂတ်ပညာရေးအပြင် ကျန်းမာရေးကိုလည်း ကျွန်မတို့မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာအောင် အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Colgate ဟာ မြန်မာနိုင်ငံရှိ မိသားစုများနဲ့ ကလေးငယ်များရဲ့ပညာရေး မျှော်မှန်းချက်များကို အထောက်အကူပြုနိုင်ရန် အကူအညီပေးတဲ့အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ဧပြီလ ၁၅ ရက်အထိ ကြာမြင့်မယ့် ငွေကျပ် သိန်းပေါင်း ၅၄၀ တန်ဖိုးရှိတဲ့ Colgate ပညာသင်ဆုအစီအစဉ်ကို မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။

“Colgate ဟာ ကမ္ဘာ့နံပတ် ၁ သွားတိုက်ဆေး ဖြစ်တာနဲ့အညီ လူငယ်တွေရဲ့ ပညာရေးကို မြှင့်တင်တဲ့နေရာမှာ အထောက်အပံ့တွေပြုလုပ်သွားဖို့ ဆန္ဒရှိသလို အကူအညီ အမှန်တကယ်လိုအပ်နေသူတိုင်းကိုလည်း အခွင့်အလမ်းတွေပေးချင်ပါတယ်။ အခုလို ငယ်ရွယ်တဲ့ ကျောင်းသူကလေးတစ်ယောက်က ကျွန်တော်တို့ရဲ့ သွားတိုက်ဆေးနဲ့ ပညာသင်ဆုနှစ်ခုလုံးကို အသုံးပြုပြီး အကျိုးကျေးဇူးရရှိမှာဖြစ်လို့ အရမ်းပဲ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့ မထက်နွယ်လင်းနဲ့ မိသားစုကို အထူးပဲ ဂုဏ်ပြုပါတယ်။ အခုဆိုရင် ၅၄ သိန်းတန်ပညာသင်ဆု နောက်တစ်ခုကျန်ရှိနေပါသေးတယ်။ ဒါကြောင့်မို့ အားလုံးပဲကံထူးကြပါစေ၊ Colgate ကို ပျော်ရွှင်စွာ သုံးစွဲနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” လို့ Colgate အင်ဒိုချိုင်းနားရဲ့အထွေထွေမန်နေဂျာ၊ Mr Kunal Chadha က ပြောပါတယ်။

ဒီပညာသင်ဆုအစီအစဉ်မှာ ပညာသင်ဆုဆွတ်ခူးရရှိသူများကို အစီစဉ်ကာလတစ်လျှောက် ကြေညာပေးသွားမှာဖြစ်ပြီး ဆုရရှိသူများကို ပညာသင်ဆုအစီအစဉ် ပြီးဆုံးချိန် ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ ဆုချီးမြှင့်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

Loading