KFC Myanmar က မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် “အတာရဲ့ အရသာ” အထူးအစီအစဉ် အဖြစ် မြန်မာ့ အငွေ့အသက် အပြည့်ပါဝင်သော သင်္ကြန်အထူးစားဖွယ် “Attar Meal” မိတ်ဆက်ခြင်းကို ရန်ကုန်မြို့၊ KFC Junction Square မှာ ယနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“Attar Meal” Set Menu မှာ ကြက်ကြော် ၁၀ ခု၊ Pop Corn Chicken ၃ ပွဲ၊ အားလူးချောင်းကြော် သို့မဟုတ် ထမင်း (နှစ်သက်ရာ) ၅ ပွဲ၊ အအေး ၅ ခွက် တို့ပါဝင်ပြီး မိမိချစ်ခင်ရင်းနှီးတဲ့ မိသားစုဝင်၊ မိတ်ဆွေတွေနဲ့ အတူ လူအများ ဝိုင်းဖွဲ့ စားသုံးနိုင်ပါတယ်။
“အတာရဲ့ အရသာ” (Attar Meal) Set Menu တပွဲကို ကျပ် ၂ သောင်းခွဲနဲ့ မတ်လ ၈ ရက် နေ့ကနေ စတင်ပြီး သင်္ကြန်ပွဲတော်ပြီးတဲ့အထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
“Attar Meal” Set မှာ ထူးခြားချက်အနေနဲ့ “ဆုလုံးရေပေါ်” လို့ခေါ်တဲ့ ဗူးလေးတဗူးကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းအောင် ပျော်စရာကံစမ်းမဲ အနေနဲ့ ထည့်သွင်းပေးထားတယ်လို့ KFC Myanmar ရဲ့ Head of Marketing ကိုဉာဏ်ကျော်က ဧရာဝတီကို ပြောပါတယ်။
Attar Meal ကို ဝယ်ယူသုံးဆောင်တဲ့အခါ “ဆုလုံးရေပေါ်” ၅ ခု ပါဝင်တဲ့ ဗူးလေးကို ရရှိမှာ ဖြစ်ပါတယ်။ မိမိနှစ်သက်ရာ ဆုလုံးရေပေါ် တလုံးကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် ကံကောင်းတဲ့သူက ရေခဲမုန့် ဆုလက်ဆောင်တခုကို ရရှိမှာပါ။
“ဆုလုံးရေပေါ်ကို သူငယ်ချင်းတွေ Attar Meal ကို ဝိုင်းဖွဲ့ စားသောက်တဲ့အခါ ပျော်စရာ ဂိမ်းတခု အနေနဲ့ ကစားလို့ရပါတယ်။ သူငယ်ချင်းတွေထဲမှာ ကံထူးတဲ့သူက KFC ရေခဲမုန့်တခုကို ဆုလက်ဆောင် အနေနဲ့ ရရှိမှာပါ။ ပျော်စရာကောင်းပြီး အမှတ်တရဖြစ်အောင် သင်္ကြန်ရိုးရာ မုန့်လုံးရေပေါ်နဲ့ ဆုလက်ဆောင်ကို ပေါင်းစပ်ပြီး “ဆုလုံးရေပေါ်” လို့ အမည်ပေးထားတဲ့ KFC ရဲ့ ဆန်းသစ်မှုပါ” လို့ ကိုဉာဏ်ကျော်က ဧရာဝတီကို ဆိုပါတယ်။
ဒါ့အပြင် Attar Meal ရဲ့ ထူးခြားချက်အနေနဲ့ သင်္ကြန်ပွဲတော်မှာ ရေကစားရင်း အသုံးပြု နိုင်ဖို့ “အတာ မျက်နှာသုတ်ပုဝါ” တထည်ကိုလည်း KFC ဆိုင်တွေမှာ Attar Meal သုံးဆောင်ရင်း လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ KFC (Downtown)၊ KFC (Junction Square)၊ KFC (Myanmar Palaza)၊ KFC (Dagon Center) ဆိုပြီး KFC ဆိုင်ခွဲ ၄ ဆိုင်ရှိပါတယ်။ သင်္ကြန်ကာလအတွင်းမှာတော့ ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က KFC ONE (Downtown) နဲ့ KFC Junction Square တို့ကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။