Event

နွေအပူကို အံတုဖို့ Jasmine Palace Hotel ရဲ့ Summer Fashion Contest

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က Jasmine Palace Hotel ရဲ့ Poolside ဘားမှာ နွေရာသီရဲ့ အပူကိုရှောင်ဖို့ ပျော်ပျော်ပါးပါး ပြိုင်ပွဲလေးတခု မတ်လ ၁၁ ရက်နေ့မှာ ရှိပါတယ်။

ပြိုင်ပွဲကတော့ Summer Fashion Contest (နွေရာသီဖက်ရှင်ပြိုင်ပွဲ) ဖြစ်ပြီး အဲဒီပွဲမှာ Free Dinner for Two ကံစမ်းမဲအစီအစဉ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ အနိုင်ရရှိသူ ဖက်ရှင်အကျဆုံး ယောကျာ်လေး တဦး၊ မိန်းကလေး တဦးကို ရွေးချယ်ပြီး Jasmine Palace Hotel မှာ တစ်ဦးလျှင် နှစ်ယောက်ခန်း တစ်ခန်းစီ တည တည်းခိုခွင့် ရရှိမှာ ဖြစ်ပါတယ်။

Dinner for Two ကံစမ်းမဲကတော့ ပွဲတက်ရောက်မယ့်သူတွေထဲက ထပ်မံ ကံစမ်းပေးမှာ ဖြစ်ပြီး Jasmine Palace Hotel ရဲ့ Chinese Restaurant မှာ စားသုံးနိုင်ပါတယ်။ Foodie Myanmar ရဲ့ Foodie တွေ အတွက်ကလည်း မိမိ ဖုန်းထဲက Foodie Application ပြလိုက်ရုံနဲ့ သောက်ထားသမျှ Bill ရဲ့ ၁၅ ရာခိုင်နှုန်း Discount ရရှိမယ်လို့ သိရပါတယ်။

အစားအသောက် အနေနဲ့ ကြက်ကြော်၊ ကော်ပြန့်၊ အာလူးကြော်၊ ငါးအသားချောင်း စတာတွေကို အနည်းဆုံးလူ ၃ ဦးစာ တသောင်းခွဲကုန်ကျမှာ ဖြစ်ပါတယ်။

Foodie Myanmar Application မရှိတဲ့သူတွေကို Discount ရအောင် Foodie Myanmar မှ အဲဒီနေ့မှာ Application ကို Install လုပ်ပေးမှာဖြစ်ပြီး ပူလောင်အိုက်စပ်တဲ့ နွေရဲ့ အပူကို အံတုဖို့ Jasmine Palace Hotel ရဲ့ Poolside ဘားမှာလုပ်မယ့် Contest ပွဲလေးကို လက်တို့ပေးလိုက်ပါတယ်။

အချိန်က ညနေ ၇ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပြီး လိပ်စာကတော ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်၊ ပြည်လမ်း၊ French Institute မျက်နှာချင်းဆိုင်က Jasmine Palace ဟိုတယ်မှာ ဖြစ်ပါတယ်။

Loading