Lifestyle

သင်ဟာ သဝန်တိုတတ်တဲ့ ချစ်သူလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မနာလိုစိတ်၊ သဝန်တိုစိတ်ဆိုတာ ချစ်သူတွေကြားမှာ ခံစားဖြစ်ပေါ်တတ်တဲ့ မျက်လုံးစိမ်းကြီးတွေပေါ့။ ဒီ အစိမ်းရောင် မျက်လုံးတွေက နှစ်ဦးသားရဲ့ အနာဂတ် မျှော်လင့်ချက် ချစ်အိပ်မက် နန်းတော်ကို ပျက်စီးသွားစေတဲ့အထိ ဖြစ်စေနိုင် ပါတယ်။ နောက်ပြီး ကိုယ့်ချစ်သူကို ကိုယ်ပိုင်ဆိုင်ချင်တာလည်း ချစ်သူတွေရဲ့ သဘောဆန္ဒပါ။ သို့ပေမယ့် ပိုင်းစိုး ပိုင်နင်းစိတ် သိပ်များသွားပြီဆိုရင်တော့ ချစ်ခရီးလမ်းက မဖြောင့်ဖြူးနိုင်ပြန်ဘူးပေါ့။ ဒီတော့ ချစ်သူတွေကြားမှာ တဦးကိုတဦး ယုံကြည်မှုရှိမှသာ စိတ်ပျော်ရွှင်မှု ရရှိစေသလို ခိုင်မာအဓွန့်ရှည်တဲ့ လက်တွဲမှုလည်း ရရှိပြည့်စုံမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူလက်တွဲဖော်အပေါ် မနာလိုဝန်တိုစိတ် များနေသလား၊ ပိုင်စိုးပိုင်နင်းစိတ် ကြီးနေသလား ဆိုတာ အောက်မှာပေးထားတဲ့ မေးခွန်းလေးတွေနဲ့ ကိုယ့်ခံစားချက်ကို စစ်ဆေးကြည့်ကြရအောင်ပါ။

၁။ တကယ်လို့ ကိုယ့်လက်တွဲဖော်က တခြားသူ တဦးဦးနဲ့ တွေ့လိုက်ရတယ် ဆိုပါစို့….၊

–       (က) စိတ်ဆိုးဒေါသဖြစ်ပြီး လက်တွဲဖော်ကို တအား အော်ဟစ်ပြောဆိုမည်၊
–       (ခ) မနာလိုဝန်တိုစိတ် ခံစားနေရပေမယ့် မြိုသိပ်ထားမည်၊
–       (ဂ) ဝမ်းနည်းစိတ်ပျက်မည်၊ ယုံကြည်မှုနည်းပါးသွားမည်၊
–       (ဃ) သင့်ကို ဘာအနှောက်အယှက်မှ မဖြစ်စေလို့ ဘာမှ မခံစားရဘူး၊

၂။ တကယ်လို့ ကိုယ့်လက်တွဲဖော်က သင့်အပြင် တခြား ဆွဲဆောင်မှုရှိသူတဦးဦးအကြောင်း စပြောလာပြီ ဆိုရင်…

–       (က) သူ့ကို ဆောင့်တွန်းပစ်ပြီး ထွေးလုံး သတ်ပုတ်ပစ်မည်၊
–       (ခ) နာကျင်ခံစားနေရပေမယ့် အပြစ်ပေးတဲ့အနေနဲ့ နှုတ်ဆိတ်နေမည်၊
–       (ဂ) သူ ပြောပြတဲ့ လူအပေါ် မူတည်တယ်၊ စိတ်ခံစားမှုကို အလိုမလိုက်ဘဲ နေမည်၊
–       (ဃ) ငါတို့ အချစ်က ခိုင်မြဲတယ်၊ ဘယ်တော့မှ စိတ်ပူပန်မှု မရှိ၊

၃။ ကိုယ့်လက်တွဲဖော်ရဲ့ ဖုန်းကို စစ်ဆေးပြီး ဘယ်သူတွေနဲ့ ဖုန်းပြောတယ် ဆိုတာ ကြည့်ဖူးပါသလား။

–       (က) အချိန်တိုင်း ကြည့်ရှုစစ်ဆေးနေမည်၊
–       (ခ) တနှစ်လုံးမှာတောင် အကြိမ်အနည်းငယ် ရှိမည်၊
–       (ဂ) တခါလောက်ပါပဲ၊ နည်းနည်းထူးခြားတဲ့ အပြုအမူ ရှိနေလို့၊
–       (ဃ) ဘယ်တုန်းကမှ စစ်ဆေးနေတာ မရှိ၊

၄။ ကိုယ့်ရဲ့ လက်တွဲဖော်က သူငယ်ချင်းတွေနဲ့ တနေရာရာသွားတဲ့အခါ သင် ဘယ်နှစ်ကြိမ် ဖုန်းခေါ်သလဲ၊ ဒါမှမဟုတ် မက်ဆေ့ဂျ်ပို့သလဲ။

–       (က) တနာရီကြာတိုင်း ခေါ်မည်၊
–       (ခ) တနာရီကြာတိုင်း မက်ဆေ့ဂျ်ပို့မည်၊
–       (ဂ) အိမ်ကို ဘယ်တော့ ပြန်ရောက်မလဲ၊ တွေ့ကြမလဲ ဆိုတာ မက်ဆေ့ဂျ်ပို့မည်၊
–       (ဃ) အရေးကြီး အရေးပေါ်မဟုတ်ရင်တော့ ဘာမက်ဆေ့ဂျ်မှ ပို့မည်မဟုတ်၊

၅။ လက်တွဲဖော်က သူ့ရဲ့ အရင်က အဆက်ဟောင်းကြီးနဲ့ စကားစမြည် ပြောနေတယ်ဆိုရင်

– (က) လက်တွဲဖော်နဲ့ ထိပ်တိုက်တွေ့မယ်၊ ဒီလူ့အပေါ် ခံစားချက်တွေ ရှိနေတုန်းပဲလားလို့ မရမက ပြောမယ်၊
– (ခ) လက်တွဲဖော်ရဲ့ အတိတ်က အဖြစ်အပျက် အကြောင်းအရာပေမယ့် စတင်ပေါက်ကွဲမယ်၊
– (ဂ) လက်တွဲဖော် ဘာတွေပြောတယ်ဆိုတာ နားထောင်မယ်၊ ရင်မှာနာကျင်နေမယ်၊
– (ဃ) ဘာမှ စိတ်အနှောင့်အယှက်မဖြစ်၊ နှစ်ယောက်စလုံးမှာ အတိတ်ဆိုတာရှိတယ်၊

၆။ လက်တွဲဖော်က သူ့ရဲ့ အထက်တန်းတုန်းက ငယ်ကျွမ်းနဲ့ ဖေ့စ်ဘုတ်မှာ မိတ်ဆွေဖြစ်နေတယ် ဆိုပါတော့။ သင်ဘာလုပ်မလဲ။

– (က) စိတ်ဆိုးဒေါသထွက်မည်၊ လိမ်လည်လှည့်ဖြားတာလို့ စွပ်စွဲမည်၊
– (ခ) ဖေ့စ်ဘုတ်ကို ဖွင့်ထားပြီး အပြစ်ကျူးလွန်တဲ့ အထောက်အထားကို ရှာမည်၊
– (ဂ) လစ်လျှူရှုထားမည်၊ ဘာမှ ဖြစ်လာနိုင်စရာမရှိဘူးလို့ မျှော်လင့်မယ်၊
– (ဃ) အခုလို ပြန်တွေ့ကြတာက ကိုယ့်အတွက် နာလိုခံခက် ကသိသအောက် ဖြစ်စေတယ်လို့ ပြောမည်၊

၇။ သင်ဟာ ဆွဲဆောင်မှုရှိတဲ့လူတွေနဲ့ ပါတီတခု ဆင်နွှဲနေတဲ့အခါ

–       (က) သင် ဖျားနေတယ်လို့ ဟန်ဆောင်ပြီး ပြန်ဖို့ပဲ တောင်းဆိုမည်၊
–       (ခ) သင့်လက်တွဲဖော်ရဲ့ လက်မောင်းကိုပဲ တညလုံး ချိတ်ထားမည်၊
–       (ဂ) သင့်တယောက်တည်း ဟိုဝိုင်းဒီဝိုင်း လှည့်နေရင်း လက်တွဲဖော်ကို စောင့်ကြည့်နေမည်၊
–       (ဃ) လက်တွဲဖော်ကို လွတ်လွတ်နေစေမည်၊ စိတ်ပူပန်စရာ မရှိ၊

၈။ လက်တွဲဖော်က သူ့ရဲ့ အရင်ရည်းစားဟောင်းရဲ့ ဓာတ်ပုံကို အခုအထိ သိမ်းဆည်းထားတာကို တွေ့ရင် သင်ဘာလုပ်မလဲ၊

–       (က) လက်တွဲဖော်ကို ဟိန်းဟောက်ပစ်မည်၊ အဲဒီဓာတ်ပုံနဲ့ မျက်နှာကို ပစ်ပေါက်တွန်းထိုးပြီး ပြဿနာရှာမည်။
–       (ခ) ဘာမှ မပြောဘဲ အမှိုက်ခြင်းထဲ ဆုပ်ချေထည့်ပစ်မည်၊
–       (ဂ) ဓာတ်ပုံကို ယူလာပြီး လက်တွဲဖော်ကို ပြမည်၊ လက်တွဲဖော်ရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်မည်၊
–       (ဃ) ဓာတ်ပုံကို တွေ့တဲ့နေရာမှာ ပြန်ထားမည်၊

၉။ ဈေးကြီးကြီးပေးရတဲ့ ချစ်အာရုံ ခံစားနိုင်တဲ့ စားသောက်ဆိုင်တခုရဲ့ လက်ခံဖြတ်ပိုင်းကို သင့်လက်တွဲဖော်ဆီမှာ တွေ့လိုက်ရရင် သင်ဘယ်လို ပြုမူမလဲ။

–       (က) ချက်ချင်း လိမ်လည်တာ၊ လှည့်ဖြားတာလို့ စွပ်စွဲမည်၊
–       (ခ) ဒီအကြေင်း မေးမြန်းမည်၊ လိမ်လည်တာလို့ စွပ်စွဲမည်၊
–       (ဂ) မသိချင်ယောင်ဆောင်မည်၊ ဒီအတွက် ကျေလည်အောင် ပြန်တည်ဆောက်မည်၊
–       (ဃ) ကုန်ကျငွေနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေးမေးမည်၊

ကဲ.. သင်ပြုမူတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ အဖြေညှိကြရအောင်ပါ။ အဖြေ (က) တွေ အများစုဆိုရင်တော့ သင့် မျက်လုံးတွေက သိပ်စိမ်းလွန်းနေပါပြီ။ တဦးနဲ့တဦးကြား မယုံကြည်မှုတွေ ကြီးမားနေတဲ့သဘောပါ။ ဒီလို ဖြစ်နေပြီ ဆိုရင်တော့ အပြန်အလှန် အကြေအလည် ဖြစ်အောင် အမြန်ဆုံးညှိနှိုင်းကြဖို့ လိုနေပါပြီ။

အဖြေ (ခ)တွေ အများစု ဖြစ်နေရင်တော့ သင်ဟာ မနာလိုစိတ် ကြီးမားနေပါပြီ။ လက်တွဲဖော်ကို သံသယစိတ် မြင့်မားလွန်းနေပါပြီ။ အဲဒီလို မနာလိုစိတ်နဲ့ သံသယစိတ်အတိုင်း လက်တွဲဖော်ကို ပြုမူမိ ဆက်ဆံမိတိုင်း လက်တွဲဖော်ကလည်း သင့် ခံစားမှုအတိုင်း ပြန်လည်ခံစားရနိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

အဖြေ (ဂ) တွေ အများစု ဖြစ်နေရင်တော့ လေးစားစရာပဲလို့ ပြောရမှာပါ။ လက်တွဲဖော်နဲ့ ပတ်သက်ပြီး စိတ်မှာ ခံစားရတာတွေ ရှိနေပေမယ့် သင့်ရဲ့ ခံစားရမှုကို ထိန်းသိမ်းနိုင်သူပါ။ မင်း သိနေတာက မင်းရဲ့ လက်တွဲဖော်မှာ မင်း အတွက် မျက်လုံးစိမ်း ရှိနေတာပဲ။
တကယ်လို့ အဖြေ (ဃ) တွေ အများစုဆိုရင်တော့ သင်ဟာ နှုတ်အေး အသည်းအေးသူပါ။ သင့်လက်တွဲဖော်နဲ့ ပတ်သက်ပြီး ဘာကိုမှ တုန်လှုပ်သွားအောင် မလုပ်နိုင်ပါဘူး။ သင့် အတွက် ကောင်းမွန်တဲ့ အနေအထားပါပဲ။

Ref:www.everydayhealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading