Lifestyle

အကယ်ဒမီရွှေကြိုများ ဒီနေ့ညနေ ၅ နာရီအထိ နောက်ဆုံးထားဖောင်တင်နိုင်

This article has been converted from Zawgyi One to Unicode

ဧပြီ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီရွှေကြိုများကို ရုပ်ရှင်အစည်းအရုံးက ဖောင်တင်ပြီးခေါ်ယူနေတာ ဒီနေ့နောက်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရွှေကြိုလျှောက်ထားလိုတဲ့သူတွေအနေနဲ့ ဒီနေ့ညနေ ငါးနာရီအချိန်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဝင်္ကဘာလမ်းမှာ ဖောင်တစောင်ကို ကျပ်သုံးထောင်ဖြင့် ဝယ်ယူပြီး လာရောက်လျှောက်ထားနိုင်ပါတယ်။

ရွှေကြိုမောင်မယ်များအား ပဏာမလူတွေ့စစ်ဆေးခြင်းကိုတော့ မတ်လ ၁၃ ရက်နေ့မှာ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်မှာဖြစ်ပြီး မတ်လ ၁၇၊ ၁၈ ရက်တွေမှာတော့ ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် စာရင်းများကို ကြေညာပေးသွားမယ်လို့ သိရပါတယ်။ အကယ်ဒမီရွှေကြို အမျိုးသားဆယ်ယောက်နဲ့ အမျိုးသမီးဆယ်ယောက်ကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရွှေကြိုများအတွက် မိတ်ကပ်၊ ဆံပင်၊ အဝတ်အစား၊ ဒီဇိုင်နာ၊ ဖိနပ်များအတွက်လည်း စပွန်ဆာပေးလိုသူများ Sponsor Form များကို ရုပ်ရှင်အစည်းအရုံးမှာ လာရောက်ထုတ်ယူနိုင်ကြောင်း ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

အကယ်ဒမီဆုပေးပွဲကို ၂၀၁၄၊ ၂၀၁၅ ခုနှစ်အတွက် ထူးချွန်သူများအား နှစ်နှစ်စာ ပေါင်းပေးသွားမှာဖြစ်ပြီး ဧပြီ ၃ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းရှိ Myanmar Event Park မှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Loading