Lifestyle

လူငယ်တွေ အကြိုက် 22 in 1 Gym စက်နဲ့ Smart Balance Wheel

This article has been converted from Zawgyi One to Unicode

ဒီနေ့ခေတ်လို အိုင်တီခေတ်မှာ ကွန်ပျူတာသုံးပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ကွန်ပျူတာနဲ့ တနေကုန် စာသင်စာဖတ်ရတဲ့ ကျောင်းသူကျောင်းသား လူငယ်တွေ အစရှိတဲ့ တနေကုန်နီးပါး အထိုင်များတဲ့ လူငယ် လူရွယ် လူကြီးမရွေး တနေကုန် ခန္ဓာကိုယ်ပုံစံ တသမတ်တည်း ကြာကြာနေနေရတဲ့ သူတွေအနေနဲ့ အခုနောက်ပိုင်း မြို့ပြမှာ တွင်တွင်ကျယ်ကျယ် ခေတ်စားလာတဲ့ Gym ကစားခြင်းကို ပြုလုပ်ဖို့ လိုပါတယ်။

ဒီနေ့ခေတ် လူငယ်တွေအတွက် Gym ဆော့တာဟာ မစိမ်းတော့ပါဘူး။ လူငယ်တိုင်းနီးပါး ဝတဲ့ လူပဲဖြစ်ဖြစ်၊ ပိန်တဲ့ လူပဲဖြစ်ဖြစ် ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းသန်းစွမ်းလှပတဲ့ Body Structure ရရှိအောင် Gym ကစားတဲ့ အလေ့အထကို ပြုလုပ်လာကြပါတယ်။

Gym အားကစားခန်းမကို သွားရောက်ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်သူတွေအတွက် ကိုယ့်အိမ်မှာတင် ပေါ့ပေါ့ပါးပါးလုပ်လို့ရမယ့် 22 in 1 Gym ကစားတဲ့စက်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

22 in 1 Gym စက်က စက်တခုတည်းနဲ့ ကစားနည်း ၂၂ မျိုး ကစားလို့ရတဲ့ စက်ပါ။ အရွယ်အစားက အရမ်းလည်းမကြီးလို့ အိမ်မှာလည်း နေရာအများကြီးမယူပါဘူး။ ပေါ့ပေါ့ပါးပါးလည်း ဖြစ်တာကြောင့် ကိုယ့်ဘာသာကိုယ် အိမ်မှာ လေ့ကျင့်ခန်း အားကစားလုပ်ချင်သူတွေအတွက် နေရာလည်း မယူ၊ လေ့ကျင့်ရတာလည်း လွယ်ကူတဲ့ စက်ပါ။

လက်မောင်းကြွက်သား၊ ပေါင်ကြွက်သား၊ တင်ပါး၊ ခါး စတဲ့နေရာတွေအတွက် အဆီပိုတွေ မရှိ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်း ကျစ်လစ်သွားအောင် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း ၂၂ နည်းကို လုပ်နည်းတွေနဲ့ တကွ စက်အသုံးပြုပုံ လမ်းညွှန်စာအုပ်နဲ့ လေ့ကျင့်ခန်းလုပ်နည်း CD တခွေ ပါဝင်ပါတယ်။

ပေါင် ၂၀၅ ပေါင်လောက်အထိ ခံနိုင်ရည်ရှိတယ်ဆိုတဲ့ ဒီစက်လေးတွေက ဈေးနှုန်းကတော့ တသိန်းနဲ့ ၅ ထောင်ပါ။ ဈေးလည်း သိပ်မကြီး၊ နေရာလည်း သိပ်မယူ၊ အမျိုးသားကော အမျိုးသမီးပါ လွယ်ကူစွာ လေ့ကျင့်ခန်းပြုလုပ်နိုင်တာကြောင့် ဒီစက်လေးက Facebook ပေါ်မှာ လူငယ်တွေကြား အထူး ရေပန်းစား လူကြိုက်များနေပါတယ်။

နောက်ထပ် Gym ဆော့တဲ့ စက်အပြင် ခေတ်စားနေတာတခုကတော့ Balance Wheel လို့ ခေါ်တဲ့ Device လေးပါ။ သူက ခန္ဓာကိုယ်ရဲ့ Balance (ဟန်ချက်) ထိန်းညှိမှု အပေါ်မူတည်ပြီး စကိတ်စီးသလို ရွေ့လျားသွားလာလို့ရတဲ့ စက်တမျိုးဖြစ်ပြီး နိုင်ငံတကာအနုပညာရှင်တွေကြားမှာ စပြီး ခေတ်စားခဲ့တာ ကစလို့ အခုနောက်ပိုင်း လူငယ်တွေကြားမှာပါ ရေပန်းစား လူကြိုက်များလာပါတယ်။

Balance Wheel ကိုတော့ ကျန်းမာရေးအတွက်ဆိုတာထက် စတိုင်ထုတ်ဖို့နဲ့ လူငယ်တွေ အပျော် စီးကြတယ်လို့ သိရပါတယ်။ ရွေးလျားနေတဲ့ Device စက်လေးဖြစ်တာကြောင့် ခန္ဓာကိုယ်ဟန်ချက် Balance ညီအောင် စီးတတ်ဖို့တော့ လိုပါတယ်။ Smart Balance Wheel ရဲ့ ဈေးနှုန်းကတော့ ၂သိန်း ၉သောင်း ၉ထောင်ကျပ်ပါ။

ကဲ ဒါဆိုရင်တော့ Gym အားကစားခန်းမထိ မသွားဘဲ ကိုယ့်အိမ်မှာကိုယ် ပေါ့ပေါ့ပါးပါး ပုံမှန် လေ့ကျင့်ခန်း အားကစားပြုလုပ်ချင်သူတွေအတွက် 22 in 1 Gym စက်နဲ့ Balance Wheel လေးစီးလို့ အထာကျကျ စတိုင်ထုတ်ချင်တဲ့ လူငယ်တွေအတွက် Smart Balance Wheel တို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ 22 in 1 Gym စက်နဲ့ Balance Wheel ပုံတွေကိုတော့ ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်၊ အမှတ် (၂၁)၊ ကျီတော်လမ်းမှာရှိတဲ့ Home To Home Online Shop မှာ သွားရောက် ရိုက်ထားတာ ဖြစ်ပါတယ်။

Loading