မိုးကုတ်ဒေသထွက်ကျောက်မျက်ရတနာတွေဖြစ်တဲ့ ပတ္တမြား၊ နီလာတို့ဟာ ကမ္ဘာ့အဆင့် ၁ သတ်မှတ်ချက်အဖြစ် အဖိုးတန်လှပါတယ်။ ပင်လယ်ရေပြင်မျက်နှာအထက်ပေ ၃၈၀၀ မှာရှိတဲ့ တောင်ပေါ်မြို့လေးမှာ အဖိုးတန်ကျောက်မျက်ရတနာတွေနှင့်အတူ ရေပန်းစားကျော်ကြားတာကတော့ မိုးကုတ်ဒေသထွက် အစားအစာများ ဖြစ်ပါတယ်။
မိုးကုတ်မြို့ဟာ လူမျိုးပေါင်းများစွာနေထိုင် ကြတဲ့အတွက် စားစရာများကလည်း စုံလင်လှပါတယ်။ ရှမ်းပြည်နယ်ဘက်က အစားအစာများနဲ့ တူတာ ရှိသလို မိုးကုတ်ဒေသမှာသာ ရနိုင်တဲ့ အစားအစာများစွာလည်း ရှိပါတယ်။ တောင်ပေါ်ဒေသ အစားအစာများထဲက တမူထူးခြားလှတဲ့ မိုးကုတ်ဒေသထွက်အ စားအစာအချို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဝက်နံတုန်
ဝက် နံတုန်ဆိုတာက မိုးကုတ်မြို့ရဲ့ဆောင်းရာသီ အစားအစာတခု ဖြစ်ပါတယ်။ ဝက်လက်လို အကြောများတဲ့ အသားအမျိုးအစားထဲကနေ စေးထန်းတဲ့ဓာတ်ကို အခြေခံထားတဲ့ ဝက်နံတုန်ခေါ် Meat Jelly တမျိုးပဲ ဖြစ်ပါတယ်။
ဝက် နံတုန်လုပ်မယ်ဆိုရင် ဝက်လက်ကို ဦးစွာ ချင်း၊ နာနှတ်ပွင့်၊ တရုတ်ရှကောလုံးတိုနှင့်အတူ နူးအောင်ပြုတ်ပြီး ဆယ်ယူ အအေးခံပါ။ ဝက်ပြုတ်ရည် အကြည်ကိုလည်း စစ်ယူထားပါ။ အအေးခံထားတဲ့ ဝက်လက်တွေကို နုပ်နုပ်စဉ်းပြီး ဝက်ပြုတ်ရည်ထဲထည့်ပြီး တဖန်ဆူအောင်ထပ်ပြီး အပူပေးပါ။ မိမိအအေးခံလိုတဲ့ ဗန်းထဲကိုလောင်းချပြီး အအေးခံပါ။ လုံးဝမအေးခဲသေးပဲ ပုံမှန်အနေအထားမှာ ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ် ၊ နံနံပင်လေးတွေ ထည့်မွှေပြီးမှအ အေးခံထားရပါတယ်။ ပူပြင်းတဲ့ရာသီဥတုတွေမှာ လုပ်စားမယ်ဆိုရင်တော့ သာမန်ရေခဲသေတ္တာအအေးခန်းထဲ ထည့်ထားဖို့ လိုအပ်ပါမယ်။ အေးခဲသွားပြီး ဂျယ်လီလို ပုံစံမျိုးဖြစ်မှသာ မိမိနှစ်သက်သလို အတုံးလေးတွေတုံးပြီး တည်ခင်းနိုင်ပါတယ်။ ဝက်နံတုန်ဟာ ဒီအတိုင်းပဲ စားတာကြောင့် အရသာခပ်ပျော့ပျော့လေးဖြစ်နေဖို့ အရေးကြီးပါတယ်။
မိုးကုတ်မြီးရှည်
မိုးကုတ်မြီးရှည်ဆိုတာကတော့ မြီးရှည်ဖတ်သေးသေးလေးတွေကို ရေနွေးဖျောပြီး ကော်ရည်အဖြူရောင်၊ နူးအောင်ပြုတ်ထားတဲ့ အသားနုပ်နုပ်စဉ်း၊ ပဲငါးပိအရည်၊ ရှလကာရည် အစရှိသဖြင့် ပြင်ဆင်ထားပြီး မုန့်ကြွပ်ကြော်များများ၊ ငရုတ်ကောင်းမှုန့်နိုင်နိုင်၊ ကြက်သွန်မြိတ်၊ နံနံပင်ဝေဝေဆာဆာ ဖြည့်စွက်ပေးခြင်းကလည်း မိုးကုတ်မြီးရှည်ရဲ့အရသာထူးကို ပိုပြီးထူးခြားတောက်ပစေပါတယ်။ အထူးခြားဆုံးကတော့ မြီးရှည်ဖတ်ဟာ အချဉ်ဖောက်နေတဲ့ရနံ့မျိုးမရဘဲ လတ်ဆတ်မွှေးပျံ့နေပါတယ်။
မိုးကုတ်မှိုပေါင်း
မိုးကုတ် မှိုပေါင်းဆိုတာ အခြားရှမ်းပြည်နယ်များရဲ့ ဟင်းပေါင်းထုပ်နဲ့ အနည်းငယ်ဆင်တူပေမယ့် ထူးခြားရှားပါးတဲ့ မှိုခြောက်တစ်မျိုးရဲ့ အရသာကြောင့် နာမည်ကြီးမိုးကုတ် အစားအသောက်စာရင်းထဲ ပါဝင်ခဲ့ရပါတယ်။ မှိုအပ်ကပ်လို့ခေါ်တဲ့ တုံးကပ်မှိုလေးတွေဟာ အင်မတန်ရှားပါးပေမယ့် မိုးကုတ်ဒေသမှာတော့ အမြဲတမ်း တွေ့ရှိနိုင်ပါတယ်။
မှိုအပ် ကပ်လို့ခေါ်တဲ့ မှှိုအသေးစားတမျိုးကို ရေစိမ်ပြီး သန့်စင်အောင် ဆေးကြောရပါတယ်။ ကန်စွန်းရွက်ကို ပါးပါးလှီးပြီး ဆန်မှုန့်၊ ရှမ်းပဲပုတ်အမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အရသာရောစပ်ပြီး ကောက်ညှင်းထုပ်အရွယ်လေးေတွပြုလုပ် ကာ ငှက်ပျောရွက်နဲ့ထုပ်ပြီး ပေါင်းထားတာကြောင့် မှိုနဲ့ကန်စွန်းရွက်တို့ရဲ့ ကြွပ်ဆတ်တဲ့အရသာကို ထူးထူးခြားခြားလေး ခံစားရရှိနိုင်ပါတယ်။
အခုချိန်မှာတော့ သစ်တောပြုန်းတီးမှုတွေကြောင့် မှိုအပ်ကပ်ဆိုတဲ့ တုံးကပ်မှိုလေးတွေ ရှားပါးလာတာကြောင့် မွေးမြူရေးမှိုတမျိုးဖြစ်တဲ့ ကြွက်နားရွက်မှိုကိုလည်း ရောစပ်အသုံးပြုလာကြပါတယ်။
အခြားမိုးကုတ်လက်ရာစစ်စစ်ေတွကို တနေရာတည်းမှာ ခံစား သုံးဆောင်ချင်တယ် ဆိုရင်တော့
“မိုးကုတ်ဒေါ်ရှန်”
အမှတ်(၄) ဝင်္ကပါလမ်း၊ ဂျပန်သံရုံးအနီး
ရန်ကုန်မြို့။
ဆိုင်ခွဲအဖြစ် “မိုးကုတ်ဒေါ်ရှန် “
အမှတ်(၁)၊ ဗိုလ်ရာညွှန့်လမ်း၊ ဗိုလ်ချုပ်ဈေးအနောက်ဘက် ခုံးတံတားအနီး နှင့်
မန္တလေးမှာ ဆိုရင်တော့
၃၃ လမ်းနှင့် ၃၇ လမ်းကြား၊ ရတနာပုံဈေးအနီး၊ မန္တလေး မြို့တို့မှာ ဝင်ရောက်မြည်းစမ်း သုံးဆောင်နိုင်ပါတယ်ဆိုတဲ့အကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။