Lifestyle

ဗီယက်နမ်သွားရင်း လေယာဉ်ပေါ်မှာ မှာစားနိုင်တဲ့ အစားအသောက် ၉ မျိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဈေးသက်သာတဲ့ ဗီယက်နမ် ခရီးစဉ်လေကြောင်းလိုင်း Vietjet Airline မှာ ရန်ကုန်-ဟိုချီမင်း ခရီးစဉ်ကို လိုက်ပါစီးနင်းရင်း လေယာဉ်ပေါ်မှာ ဥရောပနဲ့ အာရှ စားသောက်ဖွယ်ရာ ၉ မျိုးနဲ့ တည်ခင်း ဝန်ဆောင်မှု ပေးနေတာကြောင့် စီးနင်းနေတဲ့ ခရီးသွားတွေကြားမှာ ရေပန်းစားနေတယ်လို့ သိရပါတယ်။

Vietjet လေယာဉ်ပေါ်မှာ အမဲသား၊ ကြက်သား၊ ထမင်း၊ ခေါက်ဆွဲတွေနဲ့ ဗီယက်နမ် စားသောက်ဖွယ်ရာ တမျိုး ဖြစ်တဲ့ ဝက်သားမျှင် ကိတ်မုန့်ပေါင်း၊ ကောက်ညှင်းပေါင်း၊ ဝက်သားကင် ခေါက်ဆွဲကြော်၊ ဂဏန်းနဲ့ ပုစွန် ပဲခေါက်ဆွဲ၊ ထိုင်းထမင်းကြော်၊ စင်ကာပူခေါက်ဆွဲ၊ အသားစင်းကော အီတလီခေါက်ဆွဲ၊ ဝက်သား တောက်တောက်စင်းကို စည်သွတ်အသားနဲ့ ရောပြီး ဂန္ဓမာရွက်နဲ့ ထုပ်ထားတဲ့ဟင်း၊ ကောက်ညှင်းဆန် ထမင်း၊ အမဲသားထမင်း စသဖြင့် ရွေးချယ်စရာ များစွာကို ဝန်ဆောင်မှုပေးထားပါတယ်။

လိုက်ပါစီးနင်းတဲ့ ခရီးတွေ အဆင်ပြေဖို့လည်း Vietjet က လေယာဉ်တွင်း အစားအစာတွေကို ဒေသတွင်း အရသာတွေ အဖြစ် ပြုပြင်ပြောင်းလဲ ပေးထားတယ်လို့ သိရပါတယ်။

“Vietjet နဲ့ အတူခရီးသွားမယ့် ရန်ကုန်က ဧည့်သည်တွေ ဗီယက်နမ် အစားအသောက် တမျိုးဖြစ်တဲ့ ဝက်သားမျှင် ကိတ်မုန့်ပေါင်းကို မြည်းစမ်းနိုင်မှာပါ၊ အရသာပုံစံကတော့ ပေါက်စီလိုမျိုးပါ၊ ဒါပေမဲ့ ထူးခြားတာက ဗီယက်နမ်လူမျိုးတွေ အတွက် ဒီကိတ်မုန့်ပေါင်းက ပျော်ရွှင်မှုနဲ့ ပိုင်ဆိုင်ကြွယ်ဝမှုကို ရည်ညွှန်းပါတယ်၊ ဒီမုန့်ကို အထူးသဖြင့် တရုတ်နှစ်ကူး ကာလတွေမှာ စားသုံးကြပါတယ်၊ ပါဝင်တဲ့ ပစ္စည်းတွေနဲ့ ပုံစံကတော့ အမျိုးမျိုးရှိပါတယ်၊ ဗီယက်နမ်ရိုးရာ အတိုင်းကတော့ ဆန်မှုန့်၊ ပဲနဲ့ ဝက်သားကို အရွက်နဲ့ ထုပ်ပြီးတော့ ကျက်သွားတဲ့အထိ ပေါင်းရတာပါ” လို့ Vietjet ရဲ့ ဒု ဥက္ကဋ္ဌ Ms. Nguyen Thi Thuy Binh က ပြောပါတယ်။
ခရီးသည်တွေ အနေနဲ့ စင်ကာပူခေါက်ဆွဲနဲ့ အသားစင်းကော အီတလီခေါက်ဆွဲတွေကို သုံးဆောင်ချင်တယ်ဆိုရင် ခရီးစတင် မထွက်ခွာခင် ၃၆ နာရီအတွင်း Online ကနေ ကြိုတင်မှာယူထားနိုင်ပြီး တခြား စားသောက်စရာ တွေကိုလည်း လေယာဉ်ပေါ် မှာယူ စားသုံးနိုင်တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ အတွင်းမှာ စတင်ခဲ့တဲ့ ဈေးနှုန်းသက်သာ လေကြောင်းလိုင်း Vietjet Airline ဟာ ခရီးသည်တွေအတွက် အရည်အသွေးနဲ့ လေယာဉ်ပေါ်ဝန်ဆောင်မှုတွေ ပိုမိုတိုးတက် ကောင်းမွန်အောင် အဆင့်မြှင့်တင်လျက်ရှိတယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading