အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ ရှုပ်ထွေး ပြီးတော့ ဆန်းကြယ်ပါတယ်။ အထူးသဖြင့် လိင်ကိစ္စမှာလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ အမျိုးသမီး အများစုဟာ သူတို့ရဲ့ ကိုယ်ခန္ဓာအကြောင်း သို့မဟုတ် လိင်မှုဆိုင်ရာတုန့်ပြန်မှုတွေ အကြောင်းကို နားမလည် ကြပါဘူး။ ဒီတော့ အမျိုးသားတွေက လည်း အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စတွေကို မသိနိုင်ကြတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လူပြောသူပြော ယုံတမ်းစကားတွေ၊ ပုံပြင်တွေ၊ အယူအဆမှားတွေကြောင့် လည်း အမျိုးသမီးတွေရဲ့ ကိုယ် ခန္ဓာ အပေါ် အမျိုးသားတွေရဲ့ နားလည်မှုကို ပိုပြီး ရှုပ်ထွေးစေခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အထွတ်အထိပ် အချိန် တနည်းအားဖြင့် ပြီးဆုံးခြင်းနဲ့ ပတ်သက်လို့ အမျိုးသားတွေ ခုချိန်အထိ မှားယွင်း နားလည်နေကြဆဲဖြစ်တဲ့ အချက် တွေထဲက ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁)လိင်ဆက်ဆံတဲ့ အခါတိုင်း အထွတ်အထိပ်ကိုရောက်ရမယ်။
ပုံမှန်အားဖြင့် လိင်ဆက်ဆံမှုပြုရုံနဲ့ စိတ်ခံစားမှုရဲ့ အထွတ်အထိပ်ကို မရောက်နိုင်ပါဘူး။ အမျိုးသမီး ၃၀ ရာခိုင်နှုန်း လောက် သာ လိင်ဆက်ဆံမှုသက်သက်နဲ့ အမြင့် ဆုံးခံစားမှုကို ရနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကျန်တဲ့ အမျိုးသမီး တွေ အတွက်ကတော့ အခြားသော နှိုးဆွမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
(၂) လိင်ဆက်ဆံတဲ့ ပုံစံအနေအထား အားလုံးက တူညီတဲ့ ခံစားမှုကိုပေးတယ်။
မဟုတ်ပါဘူး။ အမျိုးသမီးတွေ ခံစားမှု အထွတ်အထိပ်ကို ရောက်ဖို့ ပိုများတဲ့ ပုံစံအနေအထားတွေရှိပါတယ်။ ဥပမာ အမျိုး သမီးက အပေါ်ကနေ ဆက်ဆံပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုဆက်ဆံခြင်းက အမျိုးသမီးရဲ့ လိင်အင်္ဂါ အစေ့ (clitoris) ကို လှုံ့ဆော်ပေးနိုင်တဲ့ အတွက် အမြင့်ဆုံးခံစားမှုကို ရရှိသွားစေနိုင်ပါတယ်။
(၃) အမျိုးသမီးတွေက လွယ်လွယ်နဲ့ ပြီးတတ်တယ်။ အထွတ်အထိပ်ကို အလွယ်တကူရောက်နိုင်တယ်။
လိင်အသားပေးရုပ်ရှင်တွေ၊ အပြာဇာတ်ကားတွေမှာတော့ အမျိုးသမီးတွေ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားကြတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမှန်ကတော့ အမျိုးသမီးအများစုဟာ အထွဋ်အထိပ်ခံစားမှုကို ရောက်ဖို့ မိနစ် ၂၀ လောက်ကြာ မြင့် တတ်ပါတယ်။ ဒါကြောင့် ဆက်ဆံခြင်း မပြုမီ foreplay လို့ခေါ်တဲ့ အကြိုနှိုးဆွမှု လိုအပ်ပါတယ်။
(၄) တုန်ခါစက် (Vibrator) တွေက အမျိုးသားတွေနေရာမှာ အစား ထိုးလို့ရတယ်။
ဒီလိုပစ္စည်းတွေက အမျိုးသမီးတွေကို ခံစားချက်ပေးနိုင်တယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အမျိုးသားတ ယောက်နေရာမှာတော့ အစားထိုးနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ချစ်ခင်ရင်းနှီးတဲ့ အထိအတွေ့နဲ့ သာယာမှု ကြောင့် ရနိုင်တဲ့ ခံစားချက်ကို မပေးနိုင်လို့ ဖြစ်ပါတယ်။
(၅) အမျိုးသမီးတွေက အမျိုးသားတွေ မြန်မြန်ပြီးသွားတာ ဒါမှမဟုတ် နိဒါန်းမပျိုးဘဲ ဆက်ဆံတာမျိုးကို မကြိုက်ဘူး။
အမျိုးသား အများစုက အမျိုးသမီးတွေထက်အရင်ပြီးတတ်ကြပါတယ်။ ဒါပေမယ့် အဲဒါကြောင့် ပျော်ရွှင်မှု မရနိုင်ဘူး၊ ဆက် ဆံရေးကို ထိခိုက်စေမယ်လို့ ယူဆလို့ မရပါဘူး။ တကယ်လို့ အကြိုနှိုးဆွမှုတွေလုပ်ဖို့ အချိန်မရတဲ့ အခါမျိုး၊ အချိန်ယူပြီး တော့ မဆက်ဆံနိုင်တဲ့ အခါမျိုးမှာ ဒီလိုမြန်မြန်ဆန်ဆန် လုပ်ဆောင်လိုက်ခြင်းရဲ့ ထူးခြားတဲ့ ခံစားမှုကြောင့် ရင်းနှီးမှုကို ပို မို ခိုင်မာစေတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် အဝတ်အစားတွေကို အကုန်အစင်မဖယ်ရှားဖို့ တောင် တချို့ ကျွမ်းကျင်သူတွေက တိုက်တွန်းကြပါ တယ်။
(၆) ကွန်ဒုံးသုံးရင် ပြီးဆုံးဖို့ အချိန်ပိုကြာတယ်။
တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ခုချိန်မှာ အဲဒီလို မဖြစ်နိုင်တော့ပါဘူး။ ကွန်ဒုံးတွေကို ပါးသထက်ပါးအောင် ပြု လုပ်နိုင်လာကြတဲ့ အတွက် စွပ်ထားတယ်ဆိုတာ သတိမထားမိနိုင်တော့ပါဘူး။
(၇) အမျိုးသမီးတွေ ပြီး ချင်ယောင်ဆောင်တာကို အမြဲတမ်းသိနိုင်တယ်။
အမြဲ မသိနိုင်ပါဘူး။ တချို့ အမျိုးသမီးတွေက ကိုယ့်ရဲ့ အဖော် စိတ်ကျေနပ်စေဖို့ အတွက် အကောင်းဆုံး သရုပ်ဆောင် ပြ တတ်တာတွေလည်း ရှိပါတယ်။ တကယ်တော့ အဲဒါဟာ ၂ယောက်လုံးအတွက် မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အမျိုး သမီးကို ပွင့်ပွင့်လင်းလင်း မေးပြီးတော့ ၂ ယောက်လုံး အဆင်ပြေကျေနပ်မှုရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။
(၈) အမျိုးသမီးတွေက နူးနူးညံ့ညံ့ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက် ကြတယ်။
ဒါလည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ တခါတလေမှာ သူတို့လည်း ကွဲပြားခြားနားတဲ့ အပြောင်းအလဲကို လိုချင်တတ်ကြပါ တယ်။ ဒီနေရာမှာလည်း သူတို့ ဘာလိုချင်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်ပါတယ်။
(၉) အမျိုးသမီးတွေက အလွယ်တကူနဲ့ အကြိမ်ကြိမ် ပြီးဆုံး နိုင်တယ်။
အမျိုးသားတွေလို မဟုတ်ဘဲ အမျိုးသမီးတွေက အထွတ်အထိပ်ကိုရောက်ပြီးရင် နောက်တကြိမ်ပြန်ရောက်ဖို့ အချိန် အပိုင်း အခြားတခု စောင့်နေစရာ မလိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ်ပြီးဖို့ အသာထား အထွဋ်အထိပ်ကို တကြိမ် ရောက်ဖို့တောင် အမြဲတမ်း မလွယ်ကူပါဘူး။ နောက်ပြီး မကြာလိုက်တဲ့ အချိန်တခုအတွင်းမှာ ဒီလို ထပ်ဖြစ်နိုင်တဲ့ အမျိုး သမီး တချို့ ရှိပေမယ့် ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမျိုးသမီးတိုင်း မသိကြပါဘူး။ အတွေ့အကြုံလိုပါတယ်။
(၁၀) လိင်ဆက်ဆံခြင်းရဲ့ ပန်းတိုင်က အထွတ်အထိပ် ခံစားမှုကို ရဖို့ ဖြစ်တယ်။
အထွတ် အထိပ်ရောက်ဖို့က ပန်းတိုင် ဖြစ်တယ်လို့ မတွေးပါနဲ့။ တကယ်တော့ အိမ်ထောင်မှုဘ၀ ခရီးရှည်ကြီးထဲမှာ လိင်မှု ကိစ္စဆိုတာ အခိုက်အတန့် အပိုင်းအခြားတခုပဲ ဖြစ်ပါတယ်။ ကိုယ် အဖော်ရဲ့ ကိုယ်ခန္ဓာ၊ စိတ်ခံစားမှု၊ စိတ်အားထက်သန်မှု တွေနဲ့ အမြဲ တမ်း ရင်းနှီးကျွမ်းဝင်အောင်နေပါ။ ကိုယ်က အထွဋ် အထိပ်ရောက်သလို သူရောက်သွားတဲ့ အခါတွေလည်း ရှိပါလိမ့်မယ်။ သိထားရမှာက အထွတ်အထိပ်ရောက်ဖို့ အတွက် စံနှုန်းအဖြစ်သတ်မှတ်ထားတဲ့ အချိန် သို့မဟုတ် နည်းလမ်း ဆိုတာ မရှိ ပါဘူး။ သူများ လုပ်သလို လိုက်လုပ်ဖို့ မလိုသလို သူများနဲ့ တူချင်မှလည်း တူပါလိမ့်မယ်။ လူတယောက်ချင်းစီ အလိုက် ကွဲပြားမှုတွေရှိနေပါတယ်။
Source : everydayhealth.com