Lifestyle

လိင်မှုရေးရာမှာ အံဝင်ခွင်မကျမှု ဘယ်လိုဖြေရှင်းမလဲ

This article has been converted from Zawgyi One to Unicode

ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ လိင်မှုကိစ္စက အံဝင်ခွင်ကျမရှိသလို ခံစားနေရပါသလား။ “Women’s Anatomy of Sexual Arousal: Secret Maps to Buried Pleasure” အမည်ရှိတဲ့ စာအုပ်ကိုရေးသားခဲ့သူ လိင်မှုဆိုင်ရာ ကုထုံး ပညာရှင် Sheri Winston က “ကျမသိတဲ့ လူတိုင်းကတော့ အလုပ်ကိစ္စတွေ၊ မနိုင်ဝန်ထမ်းရတာတွေနဲ့ ပြေးလွှားနေကြရပါတယ်။” လို့ ပြော ပါတယ်။ မနေမနား လှုပ်ရှားနေရတာတွေ တချိန်က ပျော်စရာလို့ ထင်ခဲ့တဲ့ သာယာမှုတွေက နောက်ပိုင်းမှာ ညည်းငွေ့စရာ လိင်ကိစ္စတခု အဖြစ်ပြောင်းလဲသွားတာကို တောင် သတိထားမိမှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေဖြစ်လာစေတဲ့ အကြောင်းရင်း တွေလည်း ရှိနေလို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းတွေကို သိထားမယ်ဆိုရင်တော့ ကောင်း မွန် သာယာတဲ့ လိင်မှုဘဝတခု ဖြစ်လာအောင် ပြုပြင်ခြင်းအားဖြင့် မိမိရဲ့ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုကို လည်း တိုးတက်လာ စေမှာ ဖြစ်ပါတယ်။

လိင်ဆက်ဆံမှုကို ညည်းငွေ့စရာဖြစ်လာနိုင်စေတဲ့ အကြောင်းတချို့ကတော့

ဆက်ဆံရေး ပြဿနာ။ ။ လိင်ကိစ္စအတွက် အရမ်းပင်ပန်းနေပြီ၊ ဒါကြောင့် အဆင်မပြေတာတွေ မဖြစ်ချင်ဘူး လို့ အများစုက အကြောင်းပြကောင်းပြနိုင်ပါတယ်။ ဒါပေမယ့် Sheri Winston ကတော့ “အရမ်းပင်ပန်းနေပြီလို့ ဒီအတိုင်း ပြောလိုက်တာထက်စာရင် အနားမှာ ထိုင်ရင်း ငါတို့တွေ ဆွေးနွေးဖို့ လိုနေပြီ လို့ အစပြုပြီး ပြောပြတာမျိုးက ပို ကောင်း ပါတယ်။” လို့ အကြံပြုပါတယ်။ ဒေါသ၊ နာကျည်းမှု စတာတွေဟာ လိင်မှုရေးရာမှာ ပင်ပန်းစေတဲ့ စိတ်ခံစားမှုတွေထဲမှာ ပါဝင်ပါတယ်။ စကားနဲ့ ပြောပြဖို့ကိုတောင် စိတ်ကုန်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ သာယာတဲ့ လိင်မှုဘဝကို ပြန်လည် တည်ဆောက်ဖို့ အတွက် ကျွမ်းကျင်သူ ကုထုံးပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

TV အလွန်အကျွံ ကြည့်ခြင်း။ ။ “တချို့တွေက အလုပ်ပြီးလို့ အိမ်ပြန်ရောက်လာတဲ့ အခါ TV ရှေ့မှာပဲ အချိန်ဖြုန်း တတ်ကြပါတယ်။” လို့ Sheri Winston ကပြောပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အိမ်ထောင်ဖက်က တယောက်တည်း အရင် အိပ်နှင့် ရသလို ကိုယ်တိုင်လည်း အိပ်ရေးမဝတော့ပါဘူး။ ဒါကြောင့် TV ကို စောစော ပိတ်ဖို့ သူက အကြံပြုပါတယ်။ “အိပ်ခန်းထဲမှာ TV ထားတာက ရင်းနှီးကျွမ်းဝင်မှုတွေကို ထိခိုက်နိုင်သလို အိပ်ရေးလည်း ပျက်ပါတယ်။” လို့ Sheri Winston ကဆိုပါတယ်။ TV အပြင် ကွန်ပျူတာ၊ အင်တာနက်နဲ့ ဗီဒီယို ဂိမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

အလုပ်များခြင်း။ ။ အမြဲအလုပ်တွေ ရှုပ်နေရတာကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်သလို လိင်မှုကိစ္စအတွက်လည်း ပင်ပန်း နွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ လိင်မှုဘ၀ ရှိနေခြင်းက ကိုယ့် အတွက်ရော ကိုယ့်ရဲ့ အဖော် ရဲ့ ဘ၀ နေထိုင်မှု အတွက်ပါ အရေးပါတဲ့ အတွက် ဒါကို ပစ်ပယ်ထားလို့ မရပါဘူး။ “ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ်ဘာတွေ လုပ်နေ သလဲဆိုတာကို ကြည့်ပါ။ ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့ ဖြတ်တောက် လျှော့ချရမယ့်၊ ပြန်လည် ချိန်ညှိရမယ့် နေရာ တွေရှိပါတယ်။ ဒါပေ မယ့် လိင်မှုဘဝကိုတော့ မစွန့်ပယ်သင့်ပါဘူး။” လို့ Sheri Winston ကပြောပါတယ်။

စွမ်းဆောင်ရည်ကို စိုးရိမ်ခြင်း။ ။ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ခန်းထဲကိုဝင်ဖို့ ရှောင်ရှားကြတဲ့ အကြောင်းရင်းတွေ ထဲမှာ စွမ်းဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်တြတာလည်း တပိုင်းအပါ အဝင်ဖြစ်ပါတယ်။ Sheri Winston ကတော့ ဝင်သာ သွားပါလို့ တိုက်တွန်းပါတယ်။ “ဖိအားတွေကို ဖျောက်ဖျက်ပစ်လိုက်ပါ။ ညင်ညင်သာသာလေးပဲ ဖက်ထားပါ။ များသောအား ဖြင့် သူ့ အလိုလို အဆင်ပြေသွားတတ်ကြပါတယ်။” လို့ သူက ဆိုပါတယ်။ တကယ်လို့ လိင်ဆက်ဆံဖြစ်တဲ့ အခြေအနေကို ရောက်မသွားရင်တောင်မှ ချစ်ခင်ကြင်နာမှုနဲ့ နူးညံ့တဲ့ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ တွေက ပျော်ရွှင်မှုကို ရရှိစေပါ လိမ့်မယ်။

နှလုံးရောဂါ။ ။ နှလုံးရောဂါ ကြောင့် အမျိုးသားတွေရဲ့ လိင်တံ တင်းမာဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို တင်းမာနိုင်စွမ်း မရှိဘူးဆိုရင်း နှလုံးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုကောင်းလိုလာပါလိမ့်မယ်။ အမေရိကန် နိုင်ငံ Chicago မှာရှိတဲ့ Illinois တက္ကသိုလ်က ဆီးရောဂါ ပညာဌာနမှူး ဒေါက်တာ Craig Niederberger က“ နှလုံး အားနည်းခြင်း ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်သလို လိင်မှုကိစ္စ အပါအဝင် စွမ်းဆောင်ရည်ကျဆင်းမှုတွေ ဖြစ်နိုင်ပါတယ်။” လို့ ပြောပါတယ်။ ဒါကြောင့် မောပန်းနွမ်းနယ်မှုကို သတိပြုမိတယ်ဆိုရင် စစ်ဆေးကုသ သင့်ပါတယ်။

ဟော်မုန်း ဟန်ချက် မညီမျှခြင်း။ ။ ဟော်မုန်း ထုတ်လုပ်မှုကျဆင်းသွား ပြီဆိုရင်လည်း လိင်မှုကိစ္စကို အနှောက် အယှက်ဖြစ်စေပါတယ်။ “လိင် စိတ်ဆန္ဒကို testosterone ဟော်မုန်းက အဓိက ထိန်းချုပ်ပါတယ်။” လို့ ဒေါက်တာ Craig Niederberger ကဆိုပါတယ်။ ဒါဆိုရင် အမျိုးသားတွေ အနေနဲ့ ဆီးရောဂါ ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုအပ်သလို အမျိုးသ မီး တွေကတော့ သားဖွား မီးယပ် ဆရာဝန်နဲ့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။ လိုအပ်သလို ကုသမှု ခံယူခြင်း အားဖြင့် ကောင်းမွန် သာယာတဲ့ လိင်မှုဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးခြင်း။ ။ တကယ်လို့ လိင်ကိစ္စမှာ ပင်ပန်းညည်းငွေ့ နေရုံသာမက တချိန်က ပျော်ရွှင်စရာလို့ ထင်ခဲ့ဖူးတဲ့ ကိစ္စ တွေကပါ ညည်းငွေ့စရာ ဖြစ်လာရင် စိတ်ဖိစီးမှု ဒါမှ မဟုတ်ရင်လည်း အလွန်အကျွံ အိပ်ရေးပျက်နေလို့ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကုသနိုင်မှသာ ကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်နားလည်တဲ့ ပညာရှင်နဲ့ ပြသ တိုင် ပင်ခြင်း အားဖြင့် စိတ်ခံစားမှု တိုးတက်ကောင်းမွန်ပြီး ဘဝအတွက် စိတ်အားတက်ကြွစရာတွေ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါ တယ်။ စိတ်ဖိစီးမှုကို ကုသတဲ့ နေရာမှာ ဆေးဝါးတွေ တခါတရံ လိုအပ်ပေမယ့် အများစုကတော့ အစား အအိပ်အလေ့ အထတွေကို ပြုပြင်ခြင်း၊ လေ့ကျင့်ခန်းတွေလုပ်ခြင်းနဲ့ ပျော်ရွှင်တတ်ကြွမှုတွေ ပြန်လည် ရရှိသွားတတ်ကြပါတယ်။

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း။ ။ လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းကြောင့် ကျန်းမာသန်စွမ်းမှုကို ရနိုင်သလို လိင်မှုကိစ္စ မှာလည်း ပျော်ရွှင်ကျေနပ်မှုကို ရနိုင်ပါတယ်။ ဒါပေမယ့် အလွန် အကျွံဆိုရင်တော့ မကောင်းပါဘူး။ လူတယောက်ဟာ တနေ့ကို အနည်းဆံုံး မိနစ် ၃၀ လောက်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်သင့်တယ်လို့ Sheri Winston ကဆိုပါတယ်။ ကျန်း မာ တဲ့သူတွေဆိုရင် ဒီထက်တောင် ပိုပြီးတော့ လုပ်နိုင်ကြမှာပါ။ ဒါပေမယ့် လုံး၀ မလုပ်နိုင်တော့တဲ့ အထိ လေ့ကျင့်တာမျိုး တော့ မလုပ်သင့်ပါဘူး။ ရပ်သင့်တဲ့ အချိန်မှာ ရပ်နားခြင်းက လိင်ဆက်ဆံမှုအတွက် အားအင်တွေ ကျန်နေအောင် ထိန်း သိမ်းပေးပါလိမ့်မယ်။ တကယ်တော့ လိင်မှုကိစ္စ ကိုယ်တိုင်ကလည်း ကျန်းမာရေး လေ့ကျင့်ခန်း တခုလိုပါပဲ။

အိပ်ရေးပျက်ခြင်း။ ။ အိပ်ရေး ပျက်ခြင်းနဲ့ လိင်မှုကိစ္စအပေါ်မှာ နှစ်သက်ကျေနပ်မှု လျော့ကျခြင်းတို့ ခိုင်ခိုင်မာမာ ဆက်စပ်နေ ပါတယ်။ အမျိုးသား ၈၂၇ ယောက်ကို လေ့လာကြည့်ခဲ့ရာမှာ အအိပ်အနေ နည်းသူတွေဟာ သူတို့မှာ လိင် ကိစ္စနဲ့ ပတ်သက်လို့ စွမ်းဆောင်ရည် ချို့ယွင်းမှုရှိမနေပေမယ့် စိတ်ကျေနပ်နှစ်သိမ့်မှု နည်းကြတာကို တွေ့ရှိရပါတယ်။ အိပ်ရေး၀၀ အိပ်ခြင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

Source : everydayhealth.com

Loading