အစားအသောက်တွေ အရသာရှိစေဖို့ အချိုမှုန့်ကို နေရာတကာ သုံးလေ့ရှိကြပါတယ်။ အထူးသဖြင့် တရုတ် အစားအစာအများစု၊ ဟင်းသီးဟင်းရွက်ဘူးတွေ၊ စွပ်ပြုတ်နဲ့ပြုပြင်မွမ်းမံထားတဲ့ အသားတွေမှာ ထည့်ကြပါတယ်။
အချိုမှုန့်ရဲ့အဓိက ဓာတုပစ္စည်းက Monosodium Glutamate (MSG) ဖြစ်ပြီး အမေရိကန်လိုနိုင်ငံက အစားအသောက် ကွပ်ကဲမှုအဖွဲ့FDA ကတော့ ယေဘုယျအားဖြင့် အန္တရာယ်မရှိဘူးလို့သာ သတ်မှတ်ထားပေမယ့် အငြင်းပွားကြတာတွေ ရှိလာကြတာမို့အစားအသောက်တွေမှာ MSG ပါဝင်မှုကို စာတမ်းကပ်ဖို့တော့ ညွှန်ကြားလာပါတယ်။ ဆယ်စုနှစ်ပေါင်းများ စွာချီပြီး အရသာအတွက် သုံးလာတဲ့ ဒီအချိုမှုန့်မှာ စားပြီးရင် တချို့လက္ခဏာတွေ ရှိလာတာ တွေ့ကြရတယ်လို့ဆိုပါတယ်။
အချိုမှုန့် ပါတာတွေ စားပြီးရင် ခေါင်းကိုက်၊ အရေပြားတွေနီ၊ ချွေးတွေပြန်၊ မျက်နှာကြီးတင်းနေသလိုဖြစ်၊ ထုံတာ၊ ကျင် တာတွေ ခံစားရ၊ နှလုံးခုန်မြန်၊ ရင်ဘတ်အောင့်၊ ပျို့အန်၊ အားနည်း စတာတွေဖြစ်တဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။ သုတေ သနပြုချက်တွေအရတော့ လူနည်းစုမှာသာ ဖြစ်ပြီး တိတိကျကျ အချိုမှုန့်ကြောင့်လို့ သက်သေပြစရာလည်းမတွေ့ဘူးဆို ပြန်ပါတယ်။ နောက်ပြီး အချိန်တိုခံစားရတဲ့ ဒီလက္ခဏာတွေက ဘာကုသမှုမှ မလိုဘဲ သက်သာသွားတတ်တာမို့ အချိုမှုန့် စားလို့ ဖြစ်တယ်ထင်ရင် ရှောင်ဖို့သာ ပြောကြပါတယ်။
အချိုမှုန့်ထဲက MSG အကြောင်း
တချို့ကလည်း MSG စားရင် ပန်းနာရင်ကျပ်၊ ခေါင်းကိုက်၊ ဦးနှောက် ထိခိုက်စေလိမ့်မယ်လို့ ပြောကြသလို အစားအစာ ကွပ်ကဲသူတွေကလည်း အန္တရာယ်မရှိဘူးလို့ ဆိုကြပြန်တာပါ။ တကယ်တော့ အချိုမှုန့်ရဲ့ အဓိကပစ္စည်း MSG က အရ သာအတွက် အတော်အဆင်ပြေတာပါ။
လူမှာ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အနွယ်ဝင် ဂလူတားမိတ်နဲ့ ဆိုယီယမ် ပေါင်းထားတာပေါ့။ ဂလူတားမိတ်က ခန္ဓာကိုယ် ထဲမှာလည်း ထုတ်လုပ်ပြီး အစားအသောက်တွေမှာလည်း ပါဝင်တဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးတဲ့ အမိုင်နို အက်ဆစ်ပါ။ ကစီဓာတ်တွေကို အချဉ်ဖောက်ရင် ဂလူတားမိတ်ဓာတ်ရသလို သဘာဝအစားအစာတွေမှာလည်း ပါဝင်နေ တာပါ။ MSG က အခြေခံအရသာဖြစ်တဲ့ ချို၊ ချဉ်၊ငန်၊ခါး ဆိုတဲ့ အရသာတွေကို အားဖြည့်ပေးတာပါ။
ဘာကြောင့် အန္တရာယ်ရှိတယ် ထင်ကြသလဲ
MSG ရဲ့ glutarmate ဂလူတားမိတ်က ဦးနှောက်ထဲက အာရုံသတင်းပို့သမားပါ။ အထူးသဖြင့်တက်ကြွလှုပ်ရှားမှုနဲ့ ပတ် သက်တဲ့ အာရုံတွေကို ဆဲလ်တွေဆီ သတင်းပို့ပေးတာပေါ့။ ပမာဏများရင် အဆိပ်အတောက် ဖြစ်စေတဲ့ excitotoxin လို့ ခေါ်ကြပါတယ်။ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ ယူဆကြတာပါ။ နည်းနည်းပါးပါးက ပြဿနာမတွေ့ရဘဲ သိပ်များရင် တော့ ဦးနှောက်ထိခိုက်စေတာကို ကြွက်တွေမှာ စမ်းသပ်တွေ့ရတယ်ဆိုပါတယ်။
တချို့ကတော့လည်း MSG စားပြီးရင် ခေါင်းကိုက်၊ ကြွက်သားတွေ တောင့်တင်း၊ ထုံကျဉ်တာတွေဖြစ်၊ အားနည်းပြီး အရေ ပြားတွေ နီရဲလာတာမျိုး ဖြစ်ကြတယ်လို့ ဆိုပြီး ဒါကို တရုတ်စားသောက်ဆိုင် လက္ခဏာစု Chinese restaurant syndrome လို့တောင် ခေါ်ကြပြန်ပါတယ်။ ဒါပေမယ့် လူတယောက်နဲ့ တယောက် တုံ့ပြန်တာ မတူသလို စားတဲ့ပမာဏ အနည်းအများပေါ်လိုက်ပြီးလည်း မတူညီကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တချို့လည်း စားလိုက်ရင် ပန်းနာ၊ ရင်ကျပ် ထလာတတ်တယ်ဆိုပြန်ပါတယ်။ အသေအချာဆက်နွယ်မှုတော့ ရှာမရပြန်ပါဘူး။
အချိုမှုန့်ပါလို့ အရသာရှိတဲ့ အစားအစာကိုစားလို့ ကျေနပ်နှစ်သိမ့်မှုရရင် ခဏခဏမစားဖြစ်တော့တာမို့ ကယ်လိုရီ မတက် ဝိတ်ကျစေတယ်လို့ တချို့ဆိုသလို စားကောင်းလို့ ခဏခဏစာရင်း ဝိတ်တက်စေတယ်လို့ ငြင်းသူတွေကလည်း ငြင်းပြန် ပါတယ်။
ဘာလုပ်ကြမလဲ
အချိုမှုန့်ထဲက MSG နဲ့ ပတ်သက်ရင် အန္တရာယ်လုံးဝမရှိလို့ ဆိုတဲ့အမြင်နဲ့ ဦးနှောက်ထိခိုက်စေတယ် ဆိုတဲ့အမြင်ဆိုပြီး အစွန်းနှစ်ဖက် အချင်းများနေကြတာပါ။ ဒါကို ကြည့်ပြီး ရှင်းလင်းတဲ့ ကောက်ချက်ဆွဲတွေကတော့ ပမာဏသင့်တင့်ရုံစား တာက ပြဿနာမရှိဘူး ဆိုတာပါဘဲ။
အရမ်း အများကြီးကို တကြိမ်တည်း တနေ့မှာ စားမိရင်တောင်မှ အန္တရာယ်ရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။ လူတွေ ရဲ့ တုံ့ပြန်မှု၊ ခံနိုင်ရည်တွေအပေါ် မူတည်နေတာမို့ တနေ့ ဘယ်လောက်စားရမယ်လို့ ပမာဏကို သတ်မှတ်ဖို့ကလည်း ခက် ခဲပြန်တဲ့အတွက် ကိုယ့်ဘာသာ ချင့်ချိန်ရမှာပါ။
မျက်စိစုံမှိတ်ငြင်းဆန်နေတာမျိုး ဖြစ်စေ၊ ပျော်ပျော်ကြီးစားနေတာမျိုး ဖြစ်စေ အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်နိုင်ကြရင် အဆင် ပြေမှာပါ။
ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီး စားလို့ မတည့်သလို ခံစားရရင် မစားပါနဲ့လို့ ရိုးရိုးရှင်းရှင်း မှတ်ချက်ပေးတဲ့ပညာရှင် တွေလည်းရှိပါတယ်။ ပုံမှန် နည်းနည်းပါးပါးစားနေပြီး ဘာမှ မဖြစ်ရင် အထူးအထွေ ရှောင်ကြဉ်နေစရာမလိုဘူးလို့ ဆိုပါ တယ်။
အထူးသဖြင့်တော့ အိတ်တွေ၊ ဘူးတွေ၊ ပလတ်စတစ်ထုတ်တွေနဲ့ အသင့်စားနိုင်အောင် စီမံထားတဲ့ အစားအသောက်တွေ မှာ MSG ပါဝင်မှုများတာမို့အဲဒါတွေကတော့ အထွေထွေကျန်းမာရေးအတွက်ပါ ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်ရင်တော့ အချိုမှုန့်နည်းနည်းပါးပါးသာပါဝင်တဲ့ အာဟာရပြည့်စုံမျှတအောင် စီမံထားတဲ့ အစားအစာတွေစားသုံး တာကတော့ စိတ်အချရဆုံးလို့သာ ကောက်ချက်ချက်ချ ဆုံးဖြတ်ပေးကြတာကို တွေ့ရတဲ့အကြောင်း ဗဟုသုတ ဝေမျှပေး လိုက်ပါတယ်။