Lifestyle

ဖြည်းညင်းညင်သာ တနေ့တာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နည်းပညာ၏ အမြန်နှုန်းဖြင့် ခိုင်းစေခံနေရသည့် ကမ္ဘာကြီးထဲ၌ အသက်ကလေး ၀၀ရှူပြီး အရှိန်လျှော့လိုက်ခြင်း၏ အရေးပါပုံ တန်ဖိုးရှိပုံများကို ကျွနု်ပ်တို့ မေ့လျော့နေနေကြပေသည်။

တခါက စာရေးဆရာကြီး အိပ်ချ် ဂျီ ဝဲလ်စ် (H.G Wells) သည် “ဘဝ၏ ခဏတာ အချိန်ပိုင်းကလေးတိုင်း၌ လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ဖြစ်ရပ်တခု ဖြစ်နေသည့်အကြောင်းကို ကျွန်ုပ်တို့ မြင်သိမှု မရှိစေရန်အတွက် အချိန်နှင့် ပြက္ခဒိန်တို့က ဖုံးကွယ်လုပ်ဆောင်နေခြင်းကို ကျွနု်ပ်တို့ ခွင့်မပြုသင့်ပေ” ဟု မှတ်ချက်ချခဲ့ဖူးပါတယ်။

ခေတ်မီတိုးတက်သော လူနေမှုဘဝပုံစံဖြင့် မြန်မြန်သွက်သွက် သုတ်ခြေတင်နေရ၍ အားတိုင်း အချိန်မီဖို့ အလုအယက် လှုပ်ရှားနေရသည့်အတွက် ဖြည်းညင်း ညင်သာမှုနှင့် အသက်၀၀ ရှူဖို့ကိုလည်းကောင်း၊ ယင်းတို့၏ လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ်ကောင်းသော ဆုလာဘ်တို့ကိုလည်းကောင်း ကျွနု်ပ်တို့ မသိနိုင်မမြင်နိုင်အောင် ဖြစ်နေကြရပါသည်။

လူအတော်များများက အရှိန်လျှော့ချလိုက်ခြင်းကို အချိန်နောက်ပြန်ဆွဲသည် ဟူ၍လည်းကောင်း၊ အပျင်းထူသော ဘဝနေထိုင်မှုပုံစံဟု လည်းကောင်း၊ ယုံမှတ်နေကြပေသည်။ မှားလေစွ၊ ဖြည်းညင်း ညင်သာစွာ အရှိန်လျှော့ချ လိုက်ခြင်းသည် လူတို့အား မိမိတို့ဘဝကို ချစ်မြတ်နိုးကြရန် မိမိကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ကြရန်၊ စွမ်းအင် တည်တံ့အောင် ထိန်းသိမ်းကြရန်နှင့် အကောင်းမြင်ကြရန် အားပေးအားမြှောက်ပြုသည့် ဘဝပုံစံ ချဉ်းကပ်မှုတခုလည်း ဖြစ်နေပေသည်။

အရှိန်လျှော့ချရန်အတွက် လွယ်ကူ၍ နှစ်သက်ဖွယ်ရာ ကောင်းသော နည်းလမ်းများ ဖော်ထုတ်ပြီး ဘဝ၏အရသာကို ပိုမို၍ ခံစားရအောင် စတင် လုပ်ဆောင်သင့်ပေသည်။

တေးသီချင်း နားထောင်ပါ

စိတ်ကူးစိတ်သန်း ဖြစ်ပေါ်လာလိုပါသလား၊ မိမိနှစ်သက်သည့် တေးသီချင်းကို ဖွင့်ပြီးသာ နားထောင်လိုက်ပါ၊ တေးသီချင်းသည် လူတို့၏ နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင် သော်လည်းကောင်း၊ သွေးဖိအားကို ကျဆင်းသွားအောင် သော်လည်းကောင်း ကူညီပံ့ပိုးပေးနိုင်ကြောင်း သုတေသနပြုချက်များက ပြသနေကြပါသည်။ တေးသီချင်းကို နားသောတ ဆင်ခြင်းဖြင့် သင်သည် စိတ်လှုပ်ရှားတင်းမာမှု ပြေလျော့သွားနိုင်ပါသည်။

ဖြည်းဖြည်းပြော မောလိမ့်မယ်

သင်ပြောနေကျ စကားပြောနှုန်းကို ပြောင်းခိုင်းပြီး တခြားသူတို့အား စိတ်အနှောင့်အယှက် ဖြစ်စေအောင် ပြုလုပ်ခိုင်းနေသည်တော့ မဟုတ်ပါ။ မည်သို့ဆိုစေကာမူ  မိမိဖာသာ မိမိပြောစကားကို ပြန်လည် သုံးသပ်ကြည့်နေမည် ဆိုလျှင် နောက်ဆုံး၌ မိမိ၏စိတ်ကို ပိုပြီး တည်ငြိမ် အေးချမ်းသည့် အခြေအနေသို့ ရောက်အောင် သွေးဆောင်နိုင်စွမ်း ရှိလာစေလိမ့်မည်။

ကျန်းမာရေး

 

စိတ်ကူးနှင့် ရူးကြည့်ပါ

ချတ်ပြုတ်နေစဉ်မှာ ဖြစ်စေ၊ လမ်းလျှောက်နေစဉ်မှာ ဖြစ်စေ၊ ရေချိုးနေစဉ်မှာ ဖြစ်စေ မျက်လုံးအစုံကို အသာမှိတ်ပြီး နက်နက်ရှိုင်းရှိုင်း အသက်ရှူကာ မိမိ၏စိတ်ကို လွှတ်ထားပေးလိုက်ပါ။ ထို့နောက် မိမိကိုယ်ကို သဲသောင်ပေါ် လဲလျောင်းနေသည့်အလား ပုံဖော်ကြည့်ပါ။ ပင်လယ်ရေလှိုင်းတို့ ရိုက်ခတ်သံကို နားဆင်နေကြည့်ပါ။ သို့မဟုတ် မိမိကြင်ဖော်၏ ထွေးပိုက်မှုကို စိတ်ကူးဖြင့် ခံယူကြည့်ပါ။ မိမိ စိတ်ကူးယဉ်နေသည့် အရာနှင့် အဓိပ္ပာယ်ပြည့်ဝသော ဆက်သွယ်မှု တခုကို ဖန်တီးနိုင်သော အခါ၌ ခဏတာကလေးပင်ဖြစ်စေ ကိုယ်စိတ်နှစ်ဖြာ ဖြေလျှော့မှုကို ရရှိနိုင်ပေလိမ့်မည်။

ထွက်သက်ဝင်သက် ထိန်းချုပ်လျက်

ဝင်သက်ထွက်သက်၏ ကုစားနိုင်စွမ်းကို ယောဂ၊ ထိုက်ချိနှင့် တရားထိုင်ခြင်း စသည်တို့က အသိအမှတ်ပြုခဲ့ကြပါသည်။ သိပ္ပံပညာကလည်း ဝင်သက်ထွက်သက် ထိန်းချုပ်မှုဖြင့် ဖိစီးမှုပေါ် စီမံခန့်ခွဲခြင်း ပြုနိုင်ကြောင်း ပြသခဲ့ပါသည်။ စိုးရိမ်စိတ် ပွားများမှုက ရင်ဘတ်ဖြင့် အသက်ရှူဖို့ ဖြစ်လာစေပါသည်။ စိုးရိမ်စိတ်များ ငြိမ်သက်သွားစေဖို့အတွက် ရင်ပတ်လည်၌ နံရိုးတို့ဖြင့် ဖွဲ့စည်းထားသော အရိုးတံတိုင်းထက် ဝမ်းဗိုက်ကို ပြည့်ဖောင်းသွားအောင် ဖြည်းဖြည်းချင်း နက်ရှိုင်းစွာ အသက်ရှူရပါမည်။

ဓလေ့ဟောင်းထုံး၊ ပြန်ကျင့်သုံး

နည်းလမ်းဟောင်းများကို ကျင့်သုံးလုပ်ဆောင်ဖို့အတွက် ရှေးအဝတ်အစားတွေ ဝတ်စရာတော့ လိုမည်မဟုတ်ပါ။ ဆေးဘက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ သိုးမွေးထိုးခြင်းနှင့် မိတ်သင်္ဂဟများထံ စာရေးခြင်းတို့ဖြင့် မိမိ၏ အရှိန်ကို လျှော့ချပါ။ တက်သုတ်ရိုက် အစာတို့ကို လောဘတကြီး မစားသုံးမိအောင် အောင့်အည်းထိန်းချုပ်ပါ။ ကိုယ့်မိသားစုနှင့် မိတ်သင်္ဂဟများအတွက် အရသာရှိသော ထမင်းဟင်းလျာကို ချက်ပြုတ်ကျွေးမွေးဖို့အတွက် ညနေချိန်ခါကို ထားရှိပေးပါ။

ဘာမျှမလုပ်၊ စိတ် မရှုပ်

နေ့စဉ် ဆယ်မိနစ်ခန့်အချိန်ကို ဘာမျှမလုပ်ဘဲ မှန်မှန်နေကြည့်ရန်မှာ ပြောသလောက်တော့ လွယ်မည်မဟုတ်ပါ။ မည်သို့ ဆိုစေ၊ ချက်ချင်း ကြိုးစားကြည့်လိုက်ပါ။ တရားဘာဝနာ မပွားများဘဲ၊ ယောဂီပုံစံ မဟုတ်ဘဲ၊ ညစာအတွက် တွေးပြီး စီစဉ် မနေဘဲ ထိုင်ရုံလေး ထိုင်နေကြည့်လိုက်ပါ။

ထိုသို့ပြုလုပ်ရာ၌ အချိန် မကြည့်မိစေဖို့၊ အချိန်ကြည့်စရာ မလိုစေဖို့အတွက် နှိုးစက်ကို ကြိုတင်၍ ပေးထားလိုက်ပါ။ တခုခု လုပ်ရဦးမည်ဟူသော စိတ်ကို ဖယ်ရှားပြီး ဘာမျှ မလုပ်ဘဲနှင့် ကျေနပ်နေဖို့ ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်ခြင်းဖြင့် ဆယ်မိနစ်တာမှ တနေ့တာ၏ တခြား အစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားမည့် ရလဒ်တခု ဖြစ်ပေါ်လာပါလိမ့်မည်။

စုစည်းပြင်ဆင် မြဲကြိုတင်

ကြိုတင်ပြင်ဆင်မှုသည် မည်သည့်အခါမျှ မှားယွင်းမည်မဟုတ်ပါ။ ဝယ်စရာစာရင်း၊ လုပ်စရာစာရင်း စသည်ဖြင့် စာရင်းပြု လုပ်သည့် အကျင့်ကို မွေးမြူပါ။ စီမံကိန်းကြီးကို ပန်းတိုင်ငယ်ကလေးများ အဖြစ်သို့ ခွဲစိတ်ပစ်ခြင်းဖြင့် နှောင့်နှေးအောင် မပြုလုပ်ပါနှင့်။ အကူအညီ လိုအပ်လာသည့်အခါ အကူအညီတောင်းခံဖို့ မကြောက်ပါနှင့်။

ကျန်းမာရေး

လက်ဖက်ရည် တခွက်၊ ပြန်သွက်လက်

လက်ဖက်ရည် ပူပူကလေး တခွက်ထက် ပိုပြီး ပြန်လည် ပေါ့ပါး သွက်လက်စေနိုင်သည့်အရာ မရှိပါ။ လက်ဖက်ခြောက် အိတ်ကလေးကို လွယ်လင့်တကူ ရေနွေးထဲ ထည့်စိမ်မည့်အစား လက်ဖက်ရည်တအိုးကို နှပ်ပြီး တကယ် အရသာရှိမည့် အတွေ့အကြုံကို ရယူပါ။ လတ်ဆတ်သည့် လက်ဖက်ခြောက်သည် အနံ့အရသာ ပြည့်စုံပြီးသားမို့ ထပ်ပြီး ရှုပ်ထွေးအောင် လုပ်ဖို့ မလိုတော့ပါ။ သို့ပါ၍ သကြား၊ နို့ဆီတို့ မပါဘဲ ကြိုးစား၍ သောက်ကြည့်ပါ။

နာရီမကြည့် ဖိအားညှိ

ကျွနု်ပ်တို့သည် အချိန်အနည်းငယ်အတွင်း အကြောင်းကိစ္စတခု အောင်မြင်ဖို့ရာ စဉ်ဆက်မပြတ် သတိပြုနေကြပါသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် ကန့်သတ်ချိန်အတွင်းပြီးဖို့၊ အချိန်မီစေဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးရာ ရောက်သွားပါသည်။ အကျိုးဆက်အားဖြင့် စိတ်ပျက်မှုကို မရှောင်သာအောင် မီးထိုးပေးပါတော့သည်။ သို့ဖြစ်ရာ အိမ်မှာဖြစ်စေ၊ အလုပ်ခွင်မှာဖြစ်စေ နာရီမကြည့်ဖို့သာ ကြိုးစားလိုက်ပါ။

အကောင်းဆုံးမဖြစ်လည်း သင် ရောင့်ရဲ

အကောင်းဆုံး ဖြစ်လိုမှုအတွက် ခံစားရမည့်ဖိအားမှာ အဆုံးသတ်နိုင်မည် မဟုတ်တော့ပါ။ ထို့အတွက်ကြောင့် အကောင်းဆုံး လုပ်ဆောင်ပြီးရသမျှနှင့် ပျော်ရွှင်နေဖို့ရာ အရေးကြီးလှပါသည်။ ညစာစားပွဲတရပ် ကျင်းပဖို့ စည်းရုံးဆောင်ရွက်ရာမှာ ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ တင်ပြမှုတခုအတွက် ပြင်ဆင်ရာဖြစ်စေ ပြီးပြည့်စုံဖို့အတွက် ပူပန်ခြင်း မဖြစ်လေနှင့်။

Did you find apk for android? You can find new Free Android Games and apps.
Loading