သရုပ်ဆောင်မင်းသားတွေထဲက ဆောင်းဂျီဟို (Song Ji-hyo) ကို ကြိတ်ကြွေနေသူများရှိခဲ့ရင် သူမရဲ့ စကားကိုကြားလိုက်ရရင် စိတ်ဓါတ်ကျမိမှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆောင်းဂျီဟိုက “ကျမ ဘယ်တော့မှ သရုပ်ဆောင် မင်းသားနဲ့ Date (ချိန်းဆိုမှု) လုပ်မှာ မဟုတ်ဘူး” လို့ အပြီးသတ် ပြောဆို လိုက်ပါတယ်။
မင်းသမီး ဆောင်းဂျီဟိုကို မြန်မာပရိတ်သတ်များအနေနဲ့ ဂျူမုံ ရုပ်သံဇာတ်လမ်းမှာ ဂျူမုံရဲ့ မိဖုရားကြီး “ရယ်ဆိုရာ” အဖြစ် သူမရဲ့ သရုပ်ဆောင်ခဲ့တဲ့ ပုံရိပ်တွေကို မှတ်မိဦးမယ် ထင်ပါတယ်။ ဒါ့အပြင် Running Man ရုပ်သံ အစီအစဉ်များမှာလည်း ပင်တိုင်ပါဝင်နေတဲ့သူဖြစ်တာကြောင့် အထွေအထူး မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။
ဆောင်းဂျီဟိုဟာ We Got Married ရုပ်သံဇာတ်လမ်းကို တရုတ်စကားပြောနဲ့ တရုတ်နိုင်ငံမှာ ပြသခဲ့ပြီး ပရိုမိုးရှင်းအစီအစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်စဉ်မှာ သူမရဲ့ အချစ်ရေး အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားကို မေးမြန်းရာ အခုလို ဖြေကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။
“ကျမတို့က ပရိတ်သတ်တွေရဲ့ အားကျအတုယူစရာ ဖြစ်နေတဲ့အတွက် Date (ချိန်းဆိုမှု) လုပ်တဲ့အခါမှာ ပေါ်ပြူလာဖြစ်ရင်ပြီးရော၊ လူတွေစိတ်ဝင်စားရင်ပြီးရော ဘယ်တော့မှ မလုပ်ပါဘူး၊ ကျမဟာ သာမန် မိန်းကလေးတဦးပါပဲ။ ကိုယ့်ကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့ သူနဲ့ပဲ လက်ထပ်ဖို့ စိတ်အားထက်သန်ပါတယ်” လို့ ဆောင်းဂျီဟိုက ပြောပါတယ်။
သူမအနေနဲ့ ဘယ်လိုလူမျိုးကို ချစ်သူ လက်တွဲဖော်အဖြစ် လက်တွဲလိုသလဲလို့ မီဒီယာများက မေးမြန်းတဲ့အခါမှာတော့ “ကျမက ကျမနဲ့ နိုင်ငံမတူတဲ့ နိုင်ငံခြားသားကို လက်တွဲဖော်အဖြစ် မရချင်ပါဘူး၊ အသက်အရမ်းကွာဟနေတဲ့ လူကိုလည်း မရချင်ပါဘူး၊ လုပ်ငန်းတူတဲ့သူ (သရုပ်ဆောင်) အချင်းချင်းလည်း လက်မတွဲလိုပါဘူး” ဆိုပါတယ်။
အသက် ၃၄ နှစ် အရွယ် TV Presenter၊ Model တဖြစ်လဲ မင်းသမီး ဆောင်းဂျီဟိုဟာ လွန်ခဲ့တဲ့ ၂နှစ်က သူမရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ C-JeS Entertainment ရဲ့ CEO ဘေချန်ဂျိုးနဲ့ ချစ်သူတွေအဖြစ်မှ ပြတ်ဆဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Ref: dramastars.com