Lifestyle

“ဟေး… မိတ်ဆွေ” နဲ့ ဂီတမှတ်တိုင်စိုက်ထူလိုက်တဲ့ အောင်ထက်

This article has been converted from Zawgyi One to Unicode

အိမ်မက်ဆုံရာ ရာသက်ပန်ရဲ့ winner ဆုရှင် အောင်ထက် က “ဟေး… မိတ်ဆွေ” လို့ အမည်ပေးထားတဲ့ တကိုယ်တော် တေးစီးရီးခွေကို မကြာမီ ပရိတ်သတ်လက်ထဲကို အရောက်ပို့ပေးတော့မှာဖြစ်ပါတယ်။ ဒီ အခွေက အောင်ထက်ရဲ့ကိုယ်ပိုင်သံစဉ်သီချင်းများသာ စုစည်းထားတဲ့ ပထမဆုံးတေးစီးရီးဖြစ်ပြီး သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီတေးစီးရီးမှာ တေးရေး စောခူဆဲက တေးသီချင်း ၆ ပုဒ်ကို ရေးသားပေးထားပြီး အောင်ထက် ကိုယ်တိုင်လည်း တေးသီချင်း ၆ ပုဒ် ရေးသားထားတယ်လို့ သိရပါတယ်။

စီးရီး Title ပေးထားတဲ့ “ဟေး… မိတ်ဆွေ” သီချင်းကိုတော့ အောင်ထက် ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး တေးသီချင်းပုံစံကတော့ ကြိုးစားမှုရလဒ်တိုင်းမှာ တန်ပြန်တုံ့ပြန်မှုတွေရှိတဲ့အတွက် မိတ်ဆွေ ကြိုးစားပါ ဆိုတဲ့ ပုံစံမျိုး ရေးသားထားတာဖြစ်ပြီး ကျန်တဲ့သီချင်းများကတော့ အချစ်၊ အလွမ်းသီချင်းများဖြစ်တယ်လို့ သိရပါတယ်။

“ဟေး… မိတ်ဆွေ” တေးစီးရီးနဲ့ ပတ်သတ်လို့ တေးသံရှင်အောင်ထက်က “ဒီလို တကိုယ်တော်တေးစီးရီးထွက်လာနိုင်ဖို့ ကျနော် အကောင်းဆုံးကြိုးစားထားပါတယ်။ ဒီအခွေလေးက ကျနော်ကိုယ်တိုင် ပိုက်ဆံစုပြီး ထုတ်ထားတဲ့ အခွေလေး ပါ။ ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်းပဲ ထည့်ထားပါတယ်။ ဒီအခွေလေးနဲ့လည်း ကျနော် နောက်ထပ် မိတ်ဆွေတွေ ထပ်ပြီး ရချင်ပါသေးတယ်” လို့ မတ်လ ၁၈  ရက်နေ့ပြုလုပ်ခဲ့တဲ့ သူရဲ့ စာနယ်ဇင်ရှင်းလင်းပွဲမှာ ပြောပြထားပါတယ်။

အောင်ထက်ရဲ့ “ဟေး… မိတ်ဆွေ” တေးစီးရီးကို မတ်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။

Loading