ဧပြီလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် ရုပ်ရှင်အကယ်ဒမီပေးပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ပေးဖို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက လူချင်း တွေ့ဆုံစဉ်မှာ ဖိတ်ကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မတက်ရောက်နိုင်တဲ့အကြောင်း ပြန်လည် ဖြေကြားခဲ့တယ်လို့ ဦးလူမင်းက သူ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ရပါတယ်။
အကယ်ဒမီပေးပွဲကို ဒေါ်အောင်ဆန်းစုကြည်မတက်ရောက်နိုင်ပေမယ့် ဦးတင်ဦး တက်ရောက်ဖွင့်လှစ် စေမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာကို ပြန်ကြားရေးဝန်ကြီး တက်ရောက်ဖတ်ကြားပေးဖို့ စီစဉ် လိုက်မယ်ဆိုရင်ရော လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ဒီ့ထက်ပြီးပြည့်စုံတဲ့ အစီအစဉ်ဘာများ ရှိဦးမလဲ ဆိုပြီး ဦးလူမင်းက ရေးသားထားပါသေးတယ်။
ကဲ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်း ကိုယ်တိုင် သူ့ဖေ့ဘုတ် စာမျက်နှာမှာရေးသားထားတာကို ဧရာဝတီ ပရိတ်သတ်တွေ ဖတ်ရှုဖို့ရန် ဖော်ပြပေးလိုက်ပါတယ်နော်..။
” ဒီနေ့..
အမေနဲ့တွေ့ခွင့်ရပါတယ်..
အားလုံးသိတဲ့အတိုင်းအကယ်ဒမီပွဲတက်ရောက်ပေးဘို့သွားပူဆာတာပါ..
But..
တွေ့တာနဲ့အမေကဘာစပြောတယ်မှတ်လဲ..
“သားရေ.. bad news ကဘဲစပြောရတော့မှာဘဲ.အဲဒီပွဲကိုအမေတက်နိုင်မှာမဟုတ်ဘူး..ဘာလို့လဲဆိုတော့ နေပြည်တော်ကနေ ရန်ကုန်ကိုလာပြီး ပွဲတက်မယ်ဆိုရင် ဘာဘဲပြောပြော တစ်ရက်လုံးအချိန်ပေးရမယ်.. အဲဒီရက်ပိုင်းတွေကသိပ်ကိုအရေးကြီးတဲ့အချိန်ဆိုတော့နေပြည်တော်မှာအမေမရှိလို့မဖြစ်ဘူး သား”တဲ့..
ကဲ..ခြွင်းချက်မရှိမှန်ကန်သောစကားဖြစ်နေတော့ကျွန်တော်စောဒကတက်စရာအကြောင်းမရှိပါ..
But..
NLD နာယကကြီးဘဘဦးတင်ဦးကိုတက်ရောက်ဖွင့်လှစ်စေကာသက်ဆိုင်ရာဝန်ကြီးတွေဖြစ်တဲ့ ပြန်ကြားရေးနဲ့ယဉ်ကျေးမှု(ယခု-သာသနာရေးနဲ့ယဉ်ကျေးမှု) ဝန်ကြီးနှစ်ပါးကို တက်ရောက်ပြီး အမေ့ရဲ့သဝဏ်လွှာကို ပြန်ကြားရေးဝန်ကြီးအားဖတ်ကြားပေးရန်စီစဉ်ပေးမည်ဆိုသောအခါ..
ကဲ..ပရိသတ်ကြီးရေ..
အခြေအနေနဲ့အချိန်အခါအရ ဒီထက် ပြီးပြည့်စုံတဲ့အစီအစဉ်ဘာများရှိဦးမှာလဲခင်ဗျာ… “