MPT မှ စမတ်ဖုန်းသုံးစွဲသူများအတွက် ပထမဆုံးသော လိုအပ်သည့်အချက်အလက်များကို တစ်နေရာထဲတွင်ရနိုင်သည့် “လိုတရ” လို့ နာမည်ပေးထားတဲ့ web portal ကိုစတင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ဟာ သုံးစွဲသူမိဘပြည်သူများအတွက် အတွေ့အကြုံသစ်များကို ပေးနိုင်မယ့် ပထမဆုံးသော “လိုတရ” web portal ကို စတင်မိတ်ဆက်လိုက်ပါတယ်။ အသုံးပြုလိုသူများ အနေနဲ့ http://lotayamm.com မှာ သွားရောက်ရယူနိုင်ပြီဖြစ်ပါတယ်။
ဒီ web portal ဟာ မြန်မာပြည်ရှိသုံးစွဲသူများအနေနဲ့ လိုအပ်တဲ့အချက်အလက်တွေအားလုံး တစ်နေရာထဲမှာ ရရှိနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပါတယ်။ “လိုတရ” လို့ နာမည်ပေးထားတဲ့ ဒီ အစီအစဉ်ကို မြန်မာနိုင်ငံနှင့် ကမ္ဘာအဝန်းရှိ နောက်ဆုံးရသတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေနိုင်မှာဖြစ်ပါတယ်။
မိုးလေဝသဆိုင်ရာအချက်အလက်များ၊ နိုင်ငံခြားငွေလဲနှုန်းများနှင့် အခြားသော MPT ရဲ့ ထပ်ဆောင်း ဝန်ဆောင်မှုများ အကြောင်းအရာများကိုလည်း ကြည့်ရှုနိုင်မှာပါ။ ဒီ web portal ကို မြန်မာဘာသာစကားနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုမှုအတွက် မည်သည့် အင်တာနက် data ဖိုးမျှ ကုန်ကျမှာမဟုတ်ပါဘူး။
“မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေပါတယ်၊ လူတိုင်းဟာ မိုဘိုင်းဖုန်းကို အရာအားလုံး အတွက် အသုံးပြုနေကြပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထပ်ချဲ့ပြီး သုံးစွဲသူတွေအတွက် အထူးအစီအစဉ်တွေကို အများအပြားပေးရင်း လူတိုင်းနဲ့အတူ အချိန်တိုင်းရှိနေတဲ့အခါ အမြဲရရှိနိုင်မယ့် ဝန်ဆောင်မှုကို ပေးချင်ပါတယ်။ ဒီ web portal က သတင်းတွေဖတ်ရာမှာ၊ မိုးလေဝသသတင်းကြည့်တဲ့အခါနဲ့ MPT ရဲ့ ဝန်ဆောင်မှုတွေအကြောင်းကိုပါ လွယ်လွယ်ကူကူသိရှိစေနိုင်မှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operation ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Takashi Nagashima က ပြောပါတယ်။
“လိုတရ” နှင့် အတူ MPT ဟာ MPT ရဲ့ဝန်ဆောင်မှု application (လိုတရနှင့် google play store တို့တွင်ရရှိနိုင်မည့်) ကိုလည်း ထားပေးသွားမယ်လို့ သိရပါတယ်။ ဒီ application က တဆင့် လက်ကျန်ငွေစစ်ဆေးခြင်း၊ “လိုတရ” web portal၊ မိုဘိုင်းဖုန်းအချင်းချင်းဘီလ်လွှဲပြောင်းခြင်း၊ ငွေဖြည့်ခြင်း၊ အင်တာနက် package ဝယ်ယူခြင်း၊ ခေါ်သူနားဆင်တေးသံစဉ် (CRBT) ရယူခြင်း၊ Infotainment၊ ဆွေသဟာ၊ Call Me Back၊ ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများ၊ MPT Call Center ၊ MPT website နှင့် MPT Facebook များကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။