Lifestyle

သင့် အသည်းကို သန့်ရှင်းတဲ့ သဘာ၀ ဆေးတဖုံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီ အဆိပ်အတောက်တွေကို သင့်ရဲ့ အသည်းက ဖယ်ရှားပေးတယ်၊ ဖြေပေးတယ်။ ဒါကြောင့် သင့်အသည်း အားကောင်းဖို့ အရေးကြီးပါတယ်။ သင့် အသည်း သန့်ရှင်းနုပျိုစေဖို့ သဘာ၀ ဆေးတဖုံအကြောင်း ဖော်ပြချင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ပိုးတွေဟာ အသည်း ထိခိုက်အားနည်းနေမှ တွယ်လို့ရတာပါ။ အသည်းဟာ သန့်ရှင်း အားကောင်းနေရင် ဒီပိုးတွေ မတွယ်ကပ်နိုင်ပါဘူး။ အသည်းကို ပိုးမတွယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။ အသည်းဆေးကြောဖို့ အတွက် သင်သောက်သုံးပေးရမှာက မြန်မာပြည်မှာ လက်လှမ်းမီပြီး အလွယ်တကူ ဖန်တီးနိုင်တဲ့ မန်ကျည်းဖျော်ရည်ပဲ ဖြစ်ပါတယ်။

အသည်းကို ဆေးဖို့ အကောင်းဆုံးက သဘာဝက ပေးတဲ့ မန်ကျည်းဖျော်ရည်ပါ။ မန်ကျည်းသီးဟာ အသည်းကို နုပျိုစေပြီး အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 အသည်း

မန်ကျည်းဖျော်ရည် လုပ်ဖို့က ဒီလိုပါ။ မန်ကျည်းသီးမှည့် လက်တဆုပ်နဲ့ ထန်းလျက် အနည်းငယ်ကို မတ်ခွက်တခွက်ထဲ ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။ မနက်ပိုင်းက စနှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့် သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ ရေခဲထည့်သောက်နိုင်ပါတယ်။

ထန်းလျက်ဖျော်ရည်က အသည်းက အဆိပ်အပုပ်တွေ သာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေလည်း ဝမ်းအပျော့ အဖြစ် သင့်ခန္ဓာကိုယ်ကနေ ထွက်သွားပြီး ပေါ့ပါးလန်းဆန်းသွား စေပါလိမ့်မယ်။ အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်း အားကောင်းလာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading