Huawei ရဲ့ Mid-end စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းသင့်တင့်ပြီး Hardware ပိုင်း ကောင်းကောင်းသုံးထားတဲ့ Huawei GR5 ကို မိတ်ဆက်ပေးချင်ပါတယ်။ GR5 စမတ်ဖုန်းမှာဆိုရင် အမြင့်ပိုင်း စမတ်ဖုန်းတွေမှာသာ တွေ့ရတတ်တဲ့ Fingerprint Scanner ကို ထည့်သွင်း အသုံးပြုထားတာ တွေ့ရပြီး Fingerprint Function က Screen Lock ဖွင့်တာ တခုတည်းမကဘဲ တခြား လုပ်ဆောင်ချက်များစွာ ပါဝင်ပါတယ်။
မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိပြီး GR5မှာ ကြည်လင်ပြတ်သားတဲ့ FHD Display ကို အသုံးပြုထားပါတယ်။ Screen Resolution ကတော့ 1920×1080 ကို ဖော်ပြပေးနိုင်မှာ ဖြစ်ပြီး IPS နည်းပညာ ပါဝင်တာကြောင့် ဖုန်းကို ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် အရောင်ပြောင်းလဲသွားခြင်း မရှိဘဲ မူလအရောင်အတိုင်း ဖော်ပြပေးနိုင်ပါတယ်။
Huawei GR5 မှာ CPU ကို Qualcomm ကုမ္ပဏီထုတ် Snapdragon 616 64 bit Octa-core Processor အသုံးပြုထား ပါတယ်။ A53 1.2 GHz CPU ၄လုံးနဲ့ A53 1.5 GHz CPU ၄လုံး ပေါင်းစပ် အသုံးပြုထားတဲ့ Octa-core processor ဖြစ်တာကြောင့် စွမ်းဆောင်ရည်မြင့်ပြီး ပါဝါသုံးစွဲမှုကိုလည်း ချွေတာပေးပါတယ်။
Memory ပိုင်းအနေနဲ့ RAM 2GB ပါဝင် အသုံးပြုထားပြီး Internal memory က 16 GB ပါဝင်တာကြောင့် သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ဂိမ်းများစွာ ထည့်သွင်း ဆော့ကစားနိုင်ပါတယ်။ ဒီထက်ပိုပြီး သုံးချင်သူတွေအတွက် 128 GB micro SD ကတ် ထပ်စိုက်လို့ ရတာကြောင့် Memory များများသုံးချင်တဲ့ လူငယ်တွေအတွက် အကြိုက်တွေ့မယ် ထင်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ GR5 မှာ 13 megapixel BSI ကင်မရာကို အသုံးပြုထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပြီး အလင်းအားနည်းတဲ့ နေရာတွေမှာပါ ရုပ်ထွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ဘက် Selfie ကင်မရာကို 5 megapixel အသုံးပြုထားပြီး Fingerprint Sensor နဲ့ selfie ရိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။
GR5 ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက် Function ကို ပြောပါဆိုရင် Fingerprint Sensor လို့ ပြောချင်ပါတယ်။ Fingerprint sensor ကို လက်တဖက်တည်းနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်ပြီး Fingerprint ရဲ့ လုပ်ဆောင်ချက်များစွာကို လက်ချောင်းတွေနဲ့ ဆောင်ရွက်ရာမှာ အချိန်ကုန် သက်သာစေပြီး သုံးရတာလည်း စမတ်ကျ သက်သောင့်သက်သာ ဖြစ်စေပါတယ်။
Fingerprint လုပ်ဆောင်ချက်တွေကို (၁) Security ၊ (၂) Direct Launch ၊ (၃) Navigation bar နဲ့ (၄) Special Features ဆိုပြီး အုပ်စု (၄) စု ခွဲထားပါတယ်။ Fingerprint 2.0 နည်းပညာအသစ်ကို အသုံးပြုထားတာကြောင့် ယခင် Fingerprint sensor ထက် Lock ဖွင့်တာ ပိုမြန်ဆန်လာပါတယ်။
GR5 မှာ လက်ဗွေရာ ၅ ခု မှတ်သားထားနိုင်ပြီး ကိုယ့်လက်ဗွေရာအပြင် ကိုယ့်ဖုန်းကို အသုံးပြုခွင့်ချင်တဲ့ တခြားသူရဲ့ လက်ဗွေရာကိုပါ မှတ်သားထားနိုင်ပါတယ်။ Owner mode နှင့် Visitor mode ဆိုပြီး ၂ မျိုး ခွဲခြားထားတာကြောင့် Owner mode မှာ ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး Visitor mode မှာ Owner မတွေ့မမြင်စေချင်တဲ့ Contacts တွေ၊ Applicationတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို ဖျောက်ထားနိုင်ပါတယ်။ အသုံးပြုသူရဲ့ အချက်အလက်တွေကို ပိုမိုလုံခြုံစေနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းအဝင် ခေါ်ဆိုမှုတွေ လက်ခံချင်တဲ့ အခါမှာလည်း Fingerprint ကို အသုံးပြုပြီး Sensor ကို လက်နဲ့ တို့ထိရုံနဲ့ ဖုန်းလက်ခံ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ Selfie ၊ ဗီဒီယို ရိုက်ကူးတာတွေ နှိုးစက် Alarm ပိတ်တာတွေကိုလည်း Fingerprint နဲ့ သုံးနိုင်တာကြောင့် အချိန်ကုန်ပြီး သုံးရတာ လွယ်ကူသက်သာစေပါတယ်။ Fingerprint Sensor က အကြောင်းကြောင်း ခြောက်သွေ့နေတဲ့ လက်ပဲ ဖြစ်ဖြစ်၊ ရေစိုနေတဲ့လက် သို့မဟုတ် ချွေးစို့နေတဲ့ လက်နဲ့ သုံးမယ်ဆိုလည်း သုံးနိုင်ပါတယ်တဲ့။
ဘက်ထရီ အားပမာဏ 3000mAh ပါရှိပြီး Smart power saving mode ပါဝင်တာကြောင့် ပါဝါသုံးစွဲမှုသက်သာစေပြီး အပူထုတ်လွှတ်မှုကို လျှော့ချပေးပါတယ်။
Android version နောက်ဆုံးထွက် Lollipop (5.1.1) အသုံးပြုထားပြီး Huawei ကိုယ်ပိုင် UI EMUI 3.1 ကို ထည့်သွင်း ပေးထားတာကြောင့် Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်ကို အမှန်ဖတ်နိုင်မှာပါ။
ခြုံငုံ သုံးသပ်ပြောရရင်တော့ Huawei GR5 က ဈေးနှုန်းသိပ်မကြီးတဲ့ Mid-end အမျိုးအစား စမတ်ဖုန်းတလုံး ဖြစ်ပေမယ့် အသုံးပြုထားတဲ့ Hardware, Software နဲ့ လုပ်ဆောင်ချက်တွေက High-end စမတ်ဖုန်း တလုံးလို သုံးပျော်ပါတယ်။
GR5 ရဲ့ထူးခြားတဲ့ Fingerprint လုပ်ဆောင်ချက်တွေကို ဒီနေ့ခေတ် စမတ်ဖုန်း ခရေဇီ လူငယ်တွေ အကြိုက်တွေ့နိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး လုပ်ဆောင်ချက် ကောင်းမွန်တဲ့ Huawei GR5 ရွှေရောင်ကို ဈေးနှုန်း ၂၈၉,၀၀၀ ကျပ်နဲ့ ဝယ်ယူ နိုင်ပါတယ်။ Huawei GR5 ကို အခုချိန် မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်အတွင်း ဝယ်မယ်ဆိုရင် “Hot Touch” Campaign အစီအစဉ်နဲ့ အထူး လက်ဆောင်တွေပါ ရရှိမှာ ဖြစ်ပါတယ်။
Hot Touch Campaign က Huawei GR5 ဝယ်ယူသူတွေကို Selfie Stick ၊ Speaker ၊ Magic Cup ၊ USB LED ၊ One Touch Silicon Stand နဲ့ Touch Pen တို့ ပါဝင်တဲ့ Gift Box တွေ ပေးအပ်မယ့် အထူး အစီအစဉ်တခုပဲ ဖြစ်ပါတယ်။ Huawei GR5 ကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။