Lifestyle

ဇိမ်ခံကားအနေနဲ့ ဈေးကွက်ကို ကြီးစိုးနေတဲ့ Toyota Harrier

This article has been converted from Zawgyi One to Unicode

ပြည်တွင်းကားဈေးကွက်မှာ အစီးအများဆုံးကား မော်ဒယ်တခုက ၂၀၁၀ခုနှစ်နဲ့ အထက် Toyota Harrier ကား မော်ဒယ်တွေ ဖြစ်ပြီးတော့ သူတို့က ဇိမ်ခံ မော်ဒယ်တွေ အနေနဲ့ပါ သုံးနိုင်တာကြောင့် Toyota Kluger ကားတွေထက်ပိုပြီး စီးနင်းလာကြပါတယ်။

Toyota Harrierတွေက နည်းပညာပိုင်း အဆင့်မြင့်အောင် ဦးစားပေး ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းပိုင်း မှာလည်း ဈေးသင့်သင့် အနေအထားနဲ့ ရနိုင်တဲ့ မော်ဒယ်တွေပါ။ အခုတော့ နောက်ပိုင်း ကားတင်သွင်းလာမှု ပုံစံနဲ့ ပြည်တွင်း ဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေက မော်ဒယ်မြင့် ကားတွေကို အဝယ်လိုက်လာတာ ကြောင့် အခု မော်ဒယ်မြင့် Harrierတွေလည်း ပြင်ပ ဈေးကွက်မှာ တော်တော်လေးကို အတွေ့ရများ လာပါ ပြီနော်။ အရောင် ရွေးချယ်မှု အပိုင်းထိအောင် ရှိလာမယ့် Harrierတွေ အတွက်ကတော့ အစကတည်းက ဈေးကွက် လက်ခံထားပြီးသား မော်ဒယ်လည်းဖြစ်ပါတယ်။

၂၀၁၃ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ ဈေးကွက်မှာ အတွေ့ရများလာတာ ဖြစ်ပြီးတော့ ပြည်တွင်းမှာက အနက်ရောင်နဲ့ အဖြူရောင်တွေ လူကြိုက် အများဆုံး ဖြစ်ပေမယ့် SUVမော်ဒယ်နဲ့ အဖြူနဲ့ သိပ်ပြီး မလိုက်ဖက် တာ တခုက အနက်ရောင်ကို တင်သွင်းမှု များစေခဲ့သလို ဝယ်လက်ကလည်း အနက်ရောင်ပဲ အမေး များကြ ပါတယ်။

ဇိမ်ခံ အနေနဲ့ ထွက်လာတဲ့ မော်ဒယ်၊ ထုတ်လုပ်တဲ့ မော်ဒယ်နှစ်က မြင့်တယ်၊ အရည်အသွေးကောင်းတယ် ဆိုတော့ အပြင်အဆင်နဲ့ အသုံးပြုထားမှုတွေကို အရမ်းကြီး စစ်ဆေးစရာ မလိုတော့ပါဘူး။ အတွင်းခန်း အားလုံးက Original တွေပဲ ဖြစ်ရမယ်၊ မောင်းနှင်ပြီး ကီလို နှစ်သောင်း ဝန်းကျင်လောက်ပဲ ဖြစ်နေရမယ်၊ ထိုင်ခုံတွေ၊ Dashboardတွေက အနာအဆာကင်းပြီး Infotainment အပိုင်းက ပြစ်ချက်၊ အားနည်းချက် မရှိဖြစ်နေရမယ်၊ ဒီလောက်ထိအောင် ရောင်းသူဘက်က အာမခံထားနိုင်တာလည်း တွေ့ရပါတယ်။

မော်ဒယ်တွေက ထုတ်လုပ်ပြီး သက်တမ်း သုံးနှစ်ကျော် လေးနှစ်ထဲ ရောက်နေပြီ ဆိုပေမယ့် အများကြီး ခိုင်းမထားရသေးတာ ဖြစ်ပြီး ဈေးကွက်အတွင်းက မော်ဒယ်မြင့် Harrierတွေဆို ပျမ်းမျှ ကီလို ၂သောင်းနဲ့ အောက်ဖက် အလျော့ပဲ ရှိပါတယ်။ ဒါက တခြားမှာလည်း လုံး၀ ဇိမ်ခံ အနေနဲ့ပဲ သုံးထားတယ် ဆိုတာ သိသာစေပါတယ်။ ဒါပေမယ့် တခု ရှိတာက ဈေးမာသွားတာပါ။ ဈေးမြင့်တယ် ဆိုတာထက် အလျော့၊ အတင်း မှာ ရောင်းသူက ဈေးမာချင်ပါတယ်။ ဈေးမချပေးချင်ကြပါဘူး။

ဒါကလည်း ၂၀၀၇ခုနှစ် ဝန်းကျင်ထုတ် RAV-4တွေတောင် ၃၅၀ ဝန်းကျင်လောက် ခေါ်နေချိန်မှာ ဇိမ်ခံ Grade မြင့် Harrierအနေနဲ့ ဈေးတင်းထားချင်ကြတာ ဖြစ်ပါတယ်။ အသက်ကယ် လေအိတ်စနစ်၊ ညာမောင်း၊ Auto၊ Gasoline၊ Smart Key၊ အပြင်အဆင် အပြည့်အစုံနဲ့ ဖျော်ဖြေရေး စနစ် အစုံ အပိုင်းမှာ မော်ဒယ်ကို သိန်း ၇၈၀ လောက်ထိအောင် အခေါ်ရှိပြီးတော့ ပြောခဲ့ပြီးသလို ဈေးမာချင်နေတာ တစ်ချက်ကတော့ အကျဘက်မှာ ရှိဖို့ ခက်ပြီး မောင်းနှင်ပြီး ကီလို အပေါ်မှာ ဈေးနည်းနည်း ညှိယူလို့ ရနိုင်ပါလိမ့်နော်။

Loading