Hope စာတမ်းပါ သမ္မတသစ် ရုပ်ပုံတီရှပ် ထွက်ရှိလာ
This article has been converted from Zawgyi One to Unicode
လတ်တလော မြန်မာနိုင်ငံရဲ့ အစိုးရသစ်အပြောင်းအလဲနဲ့အတူ အသစ်တက်လာတဲ့ သမ္မတကြီး ဦးထင်ကျော်ကို မြန်မာပြည်သူ ပြည်သားတွေက ဝမ်းပန်းတသာ ကြိုဆိုနေကြတာကို ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာတင် အတိုင်းသားတွေ့မြင်နေရပါတယ်။
ဘာကြောင့်လည်းဆိုတော့ မိမိတို့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေရဲ့ profile တွေမှာ သမ္မတ ဦးထင်ကျော်ပုံတွေ ပြောင်းကြ ကြိုဆိုနှုတ်ခွန်းဆက်ကြနဲ့ပါ။
ဒီလိုအချိန်မှာ လူငယ်ကြိုက် ပေါ့ပါးတဲ့ စတိုင်ဖြစ်တဲ့ တီရှပ်အကျီတွေရဲ့ စတစ်ကာ ဒီဇိုင်းတွေကအစ သမ္မတသစ် ဦးထင်ကျော်ရဲ့ရုပ်ပုံနဲ့အတူ Hope စာတမ်းပါ ဒီဇိုင်းကို ရိုက်နှိပ်ထုတ်ဝေလာတာတွေ့ရပါတယ်။
“ကိုယ်တိုင်လည်း profile artwork လေးတွေ လုပ်ရတာကြိုက်တယ်။ လူသိများတဲ့ profile တွေကို ဒီလို artwork လုပ်နေကျပေါ့နော်။ ပြီးတော့ သမ္မတကြီးတက်လာတဲ့အခါလည်း လူသိများသူမို့ ဒီလိုလုပ် ဖြစ်တာပါ”လို့ သမ္မတ ဦးထင်ကျော်ရဲ့ ရုပ်ပုံနဲ့ တီရှပ်ဒီဇိုင်းတွေ ရိုက်နှိပ်ထုတ်ဝေနေတဲ့ We T-shirt production မှ ဒီဇိုင်နာ ကိုကာကြီး(Kar Gyi Cartoonist) က ပြောပါတယ်။
သမ္မတကြီးရဲ့ ရုပ်ပုံဒီဇိုင်းတွေအပြင် Non violence ဂနီ္ဒ ရုပ်ပုံ, freedom နယ်စင်မန်ဒဲလား ရုပ်ပုံ, သင်္ကြန်အချိန်အခါနားနီးကပ်လာပြီဆိုတော့ သင်္ကြန်ထော်လာဂျီနဲ့ ပန့်ခ်လူငယ်ရုပ်ပုံ ဒီဇိုင်းတွေပါ ရရှိနိုင်တယ်လို့ သိရပါတယ်။
တီရှပ်ဆိုဒ်တွေကို small, medium, large သုံးမျိုးရရှိနိုင်ပါတယ်။ အရောင်အနေနဲ့ သမ္မတကြီးရုပ်ပုံ တီရှပ်များကို အဖြူအနက်နှစ်မျိုးရရှိနိုင်ပြီး ကျန်ဒီဇိုင်းတွေကိုတော့ အနက်တစ်မျိုးတည်းသာ ရရှိနိုင်တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ သမ္မတကြီးရုပ်ပုံ ဒီဇိုင်းက စိတ်ဝင်စားမှုအများဆုံးနဲ့ မှာယူမှုအများဆုံးဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဈေးနှုန်းအနေနဲ့ တထည်ကို ၆၅၀၀ သတ်မှတ်ထားပြီး ရန်ကုန်မြို့တွင်း၊ နယ်မြို့များနှင့် ပြည်ပထိပါ ပို့ဆောင်ပေးတယ်လို့လည်း သိရပါတယ်။ ပို့ဆောင်ခ အနေနဲ့တော့ ပို့ရတဲ့နေရာကိုလိုက်ပြီး ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မှာယူချင်သူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉၄၂၀၀၉၉၆၁၁ ကို တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ကာ တီရှပ် ဒီဇိုင်တွေနဲ့ပတ်သက်လို့ We T-shirt ဖေ့စ်ဘုတ် စာမျက်နှာမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။