Lifestyle

မောင်ခေါ်ရာလိုက်မှာလား ရွှေမန်းသူလေးရဲ့ “ရွှေရောင်ဂီတည”

This article has been converted from Zawgyi One to Unicode

တေးသံရှင် ခင်မောင်ထူးရဲ့ ဂီတသက်တမ်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် ဖျော်ဖြေပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို “ရွှေရောင်ဂီတည”လို့ အမည်ပေးထားတာပါ။ ဒီ ဂီတဖျော်ဖြေကို ဧပြီ ၂ ရက်နေ့ ည ၇ နာရီအချိန်မှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီ ဂီတဖျော်ဖြေပွဲမှာ တေးသံရှင် ခင်မောင်ထူးက လူကြိုက်များခဲ့တဲ့ တေးသီချင်းတွေဖြစ်တဲ့ တေးသီချင်းများကို ဖျော်ဖြေပေးမှာဖြစ်ပြီး မောင်ခေါ်ရာ လိုက်မှာလား၊ ချစ်အယူခံ၊ မျှော်တော်ယောင် ၊ ရွှေမန်းသူလေး အစရှိတဲ့ တေးသီချင်းများပါဝင်မှာ ဖြစ်ပါတယ်။ တေးသံရှင်ခင်မောင်ထူးနဲ့အတူ တေးသံရှင် မေဆွိ၊ မေခလာ၊ စိမ်းမို့မို့၊ ဟေမာနေဝင်း၊ ကော်နီနဲ့ ဆန်းသစ်လ တို့က ပါဝင်ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။

ယခုပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲနဲ့ပတ်သက်လို့ တေးသံရှင်ခင်မောင်ထူးက ဒီ ဂီတဖျော်ဖြေပွဲကိုမနှစ်ထဲက ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဦးသန်းနိုင် မတော်တဆ ကားအက်စီဒင့် ဖြစ်ခဲ့တာကြောင့် ရက်ရွေ့ခဲ့ရတာဖြစ်ကြောင်း၊ ယခု ဖျော်ဖြေပွဲမှာ သီချင်းစုစုပေါင်း အပုဒ် ၄၀ ကျော်ခန့် သီဆိုဖျော်ဖြေဖို့ရှိကြောင်း “ရွှေရောင်ဂီတည”အတွက်ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
“ရွှေရောင်ဂီတည”လက်မှတ်ဈေးနှုန်းများကို ကျပ် ငါးထောင်၊ တသောင်း၊ နှစ်သောင်းကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Loading