Testosterone ဆိုတာ အမျိုးသား တွေအတွက် အရေးပါတဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။ ကျားဟော်မုန်းလို့လည်း ခေါ်ကြပါ တယ်။ ယောက်ျားလေးတယောက် အရွယ်ရောက်လာတဲ့ အချိန်မှာ Testosterone က ဝှေးစေ့နဲ့ လိင်တံ ကြီးထွားလာစေ ဖို့ ကူညီပေးပါတယ်။ အမွှေး အမြင်တွေထွက်လာတာ၊ အသံပြောင်းလာတာကလဲ သူ့ကြောင့်ပါပဲ။
အမျိုးသားတွေရဲ့ လိင် စိတ်ဆန္ဒ အပေါ်မှာ အပြင်အခြားသော အရာတွေ ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ကိုယ်ခန္ဓာ က Testosterone ထုတ်လုပ်ပေးမှုကျဆင်းလာပြီးဆိုရင် အမျိုးသားတယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေး အပေါ်မှာ အနုတ် သဘော သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။ တကယ်လို့ အဲဒီလိုကျဆင်းလာပြီလို့ ယူဆရနိုင်တဲ့ လက္ခဏာ တွေ မြင်တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ Testosterone ထုတ်လုပ်မှုကို ပြန်လည် မြင့်တက်စေနိုင်တဲ့ ကုသ နည်းတွေ အများကြီးရှိနေတဲ့ အတွက် ပူပန်စရာမလိုပါဘူး။ အရေးကြီးတာက ဒီလိုကျဆင်း လာတဲ့ အရိပ် လက္ခဏာတွေကို ကြိုတင် သိရှိ သတိထားမိနိုင်ဖို့ပဲ ဖြစ်ပါတယ်။
အမျိုးသားတွေ Testosterone ကျဆင်းလာပြီဆိုတာ ပြသတဲ့ အချက်တွေကတော့
လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း။ ။ Testosterone က အမျိုးသား၊ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒမှာ အဓိကနေရာ ကပါဝင်ပါတယ်။ သူကျဆင်းသွားပြီဆိုရင် လိင်စိတ်လည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုခံစားရခြင်း။ ။ ဆေးပညာဆိုင်ရာလေ့လာမှုတွေအရ Testosterone လျော့နည်းနေသူတွေဟာ သာမန်လူ တွေထက် စာရင် စိတ်ဖိစီးမှုခံစားရနိုင်ချေ ၄ဆပို များတယ်လို့ သိရပါတယ်။
စွမ်းအင်နည်းလာခြင်း။ ။ Testosteroneက စွမ်းအင်နဲ့ လည်း ဆက်စပ်နေပါတယ်။ ကိုယ့်မှာ စွမ်းအင်ကုန်ခမ်းနေတယ် လို့ ခံစားရတယ်ဆိုရင် အလုပ်ပင်ပန်းလို့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ Testosterone လျော့နည်းလာတဲ့ အရိပ်အယောင် လည်း ဖြစ်နေနိုင်ပါတယ်။
အရပ်နိမ့်သွားခြင်း။ ။ Testosterone က အရိုးတွေရဲ့ ခွန်အားအတွက်လည်း အရေးပါ ပါတယ်။ တကယ်လို့ ကိုယ့် ကိုယ်ကို အရပ်ပုသွားတယ်၊ ကျုံလှီသွားတယ်လို့ ခံစားရတယ်ဆိုရင် Testosterone အားနည်းလာတာကြောင့်လည်း ဖြစ် နိုင်ပါတယ်။
ခွန်အားကျဆင်းခြင်း။ ။ Testosterone က ကြွက်သားတွေ အတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် ခွန်အား တွေလျော့နည်းသွားတယ်။ နည်းသွားရတာကလည်း အလုပ်တွေ ပိုများလာလို့ မဟုတ်ဘူး ဆိုရင် အဲဒါကလည်း Testosterone ကျဆင်းလာတဲ့ သင်္ကေတ တခုပါပဲ။
လိင်အင်္ဂါ တောင့်တင်းနိုင်မှုကျဆင်းခြင်း။ ။ လိင်ကိစ္စနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ မရှိတော့ဘူးဆိုရင် ဒါမှမဟုတ် လိင်အင်္ဂါတောင့်တင်းမှုက စိတ်တိုင်းကျ မဖြစ်တော့ဘူးဆိုရင် Testosterone ကျဆင်းလာတဲ့ လက္ခဏာတခုပါပဲ။
အခြား ကျန်းမာရေးပြဿနာများ ရှိလာခြင်း။ ။ Testosteroneက တခြားကျန်းမာရေး အခြေအနေတွေပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ လည်ပင်းကြီးမျိုး တွေ တခုသို့ မဟုတ် အဲဒီထက်ပိုပြီး တွေ့ ကြုံ လာရပြီဆိုရင် Testosterone ကျဆင်းမှုကြောင့် ဖြစ်နိုင်ပါတယ်။
သုက်ရည်ထုတ်လွှတ်မှုနည်းသွားခြင်း။ ။ Testosterone ထုတ်လုပ်မှုလျော့နည်းကျဆင်းသွားပြီဆိုရင် လိင်ဆက် ဆံတဲ့ အခါ ထုတ်လွှတ်တဲ့ သုတ်ရည် ပမာဏလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။
ဝှေးစေ့များ ကျုံ့သွားခြင်း။ ။ Testosteroneကျဆင်းသွား ပြီဆိုရင် ဝှေးစေ့တွေက ကျုံ့သွားတာ အရွယ်အစားသေးငယ် သွားတာတွေ ဖြစ်နိုင်ပါတယ်။ တချို့ အမျိုးသားတွေ ကတော့ ဝှေးစေ့တွေ ထုံ နေသလို ခံစားရတယ်လို့ ဆိုပါတယ်။
လိင်အင်္ဂါ တင်းမာနိုင်မှုမရှိတော့ခြင်း။ ။ တကယ်လို့ လိင်အင်္ဂါတင်းမာမှုကို ထိန်းမထားနိုင်တော့ဘူးဆိုရင် Testosterone ကျဆင်းသွားလို့ ဖြစ်နိုင်ပါတယ်။
Source: everydayhealth.com