ဆယ့်နှစ်လရာသီပွဲတော်များနဲ့ စည်ကားမြဲဖြစ်တဲ့ မြန်မာနိုင်ငံဟာ ခုဆိုရင် မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ပွဲတော်အချိန်ုကို ရောက်ရှိဖို့ အချိန်နီးကပ်လာပြီလို့ ဆိုရမှာပါ။ ဒီနှစ်သင်္ကြန်ဟာ ရက်ထပ်နှစ်ဖြစ်တာမို့ အကြတ်နှစ်ရက်ထပ်ပြီး သင်္ကြန်ကာလ (၅)ရက်ကို ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်မှာပါ။
တစ်နှစ်မှာ တစ်ခါပဲကျရောက်တဲ့ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲကြဖို့ ပြင်ဆင်နေကြသူ တွေကိုလည်း တွေ့နေရပါပြီ။ လူကြီးတွေအနေနဲ့ တရားစခန်းဝင်ဖို့၊ ဥပုသ်သီလဆောက်တည်ဖို့ ပြင်ဆင်နေကြသလို လူငယ်တွေအနေနဲ့လည်း ဘယ်နေရာ၊ ဘယ်မဏ္ဍပ်မှာ ဘယ်လိုကဲကြမလဲဆိုတာတွေ စဉ်းစားရင်း ခေါင်းရှုပ်နေလောက်ပါပြီ။ ဒီနှစ်မှာ ရာသီဥတုကလည်း ခါတိုင်းနှစ်တွေထက် ပိုပူမှာမို့ သတိတော့ ထားရမှာပါ။
လူငယ်တွေအနေနဲ့ ဖက်ရှင်ကျကျလေးနဲ့ သင်္ကြန်ရေတွေကြားမှာ သူများထက်ပိုလန်းနိုင်ဖို့ ခပ်လန်းလန်း ဖက်ရှင်တွေကို ရှာဖွေနေမယ်၊ စဉ်းစားနေမယ်ထင်ပါတယ်။ ဒီလိုခေါင်းရှုပ်နေသူတွေအတွက် ဆံပင်ပုံစံ၊ အကျႌပုံစံ၊ ဘောင်းဘီဒီဇိုင်းလေးတွေနဲ့ပါ မိတ်ဆက်ပေးချင်ပါတယ်။ သင်္ကြန်ကာလာနဲ့ အကျႌလေးတွေအပြင် ဘောင်းဘီ၊ ဆံပင်ပုံစံတွေကိုပါ ဖော်ပြပေးသွားမှာပါ။
ဒီနှစ်မှာ ဆံပင်ရောင်တောက်တောက်တွေ ခေတ်စားလာသလို ခဲရောင်လို ခပ်ဖျော့ဖျော့အရောင်တွေလည်း ခေတ်စားပါတယ်။ အရောင်စပ်ဆိုးတဲ့စတိုင်ကလည်း ဒီနှစ်အတွက် စိတ်ဝင်စားစရာပါပဲ။ မိန်းကလေးတွေက သင်္ကြန်ဆိုရင် ဆံပင်ရှည်တွေကို ကျစ်ဆံမြီးသေးသေးလေးတွေကျစ်တတ်ကြတာမို့ အရောင်စပ်ဆိုးထားတဲ့ ကျစ်ဆံမြီးလေးတွေက တမျိုးဆန်းသစ်စေမှာပါ။
သက်တံ့ရောင် သင်္ကြန်စတိုင် အကျႌလေးတွေကလည်း ဂျင်းဘောင်းဘီ အရှည်နဲ့ဖြစ်ဖြစ် အတိုနဲ့ဖြစ်ဖြစ် ဝတ်လို့ အဆင်ပြေမှာပါ။ သင်္ကြန်ကာလာဆိုတဲ့အတိုင်း ရောင်စုံလေးတွေမို့လို့ သူများတွေကြားမှာ ထင်းခနဲ ပေါ်နိုင်မှာ ပေါ့နော်။ လူငယ်ဆန်တဲ့ ဖက်ရှင်နဲ့ အထာကျကျလေး လန်းနိုင်ဖို့အတွက် ဒီလိုဒီဇိုင်းလေးတွေကို ရွေးချယ် ကြရအောင်နော်။