Lifestyle

မန္တလေး Alpine မဏ္ဍပ်တွင် Myanmar Idol ပြိုင်ပွဲဝင် ဇော်မင်းဦး ဖျော်ဖြေရန် မသေချာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Myanmar Idol သီချင်းအဆိုပြိုင်ပွဲ Top 6 မှ မဲရလဒ် အနည်းဆုံးဖြင့် ထွက်ခဲ့ရသည့် ပြိုင်ပွဲဝင် ဇော်မင်းဦးက မန္တလေးမြို့ Apline မဏ္ဍပ်တွင် ပါဝင်ဖျော်ဖြေမည် မဟုတ်ကြောင်း မဏ္ဍပ်တာဝန်ခံ ကိုသောင်းထိုက်ဆွေက ပြောသည်။

သင်္ကြန်ကာလအတွင်း မန္တလေးမြို့၌အစည်ကားဆုံး မဏ္ဍပ်တခုဖြစ်သည့် Alpine မဏ္ဍပ်တွင် Myanmar Idol ပြိုင်ပွဲဝင် ဇော်မင်းဦးက ပါဝင် ဖျော်ဖြေမည်ဟု အွန်လိုင်း စာမျက်နှာထက်တွင် ပျံနှံ့လျက်ရှိသော်လည်း Sky Net နှင့် စာချုပ်ချုပ်ထားသဖြင့် Alpine မဏ္ဍပ်၌ ဇော်မင်းဦး ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

“ကျနော်တို့ မဏ္ဍပ်မှာ Myanmar Idol က ဇော်မင်းဦး ပါဝင်မယ်ဆိုပြီး အွန်လိုင်းမှာ ပျံန့ှံနေတာ အမှန်ပါပဲ။ ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီဆိုဖျော်ဖြေပေးဖို့ ရုံးချုပ်က ဆက်သွယ်တယ်လို့ သိရပါတယ်။ အဲဒီလို ဆက်သွယ်ရာမှာ Myanmar Idol မှာ ရွေးချယ်ခံရစဉ် ကတည်းက အရွေးချယ်ခံရသူတွေဟာ Sky Net မဏ္ဍပ်မှာ ဖျော်ဖြေပေးရမယ်ဆိုပြီး စာချုပ်ချုပ်ဆို ခံထားရတယ်လို့ ကိုဇော်မင်းဦးက ပြောတယ်လို့တော့ သိရပါတယ်။ ကိုဇော်မင်းဦးကို ခေါ်ယူနိုင်ဖို့အတွက် ညှိနှိုင်းနေတယ်လို့တော့ သိရပါတယ်။ လက်ရှိအချိန်အထိ ကိုဇော်မင်းဦး ကျနော်တို့မဏ္ဍပ်မှာ ပါဝင်မယ်ဆိုတာ မသေချာ သေးပါဘူး” ဟု မန္တလေး Alpine မဏ္ဍပ်တာဝန်ခံ ကိုသောင်းထိုက်ဆွေက ပြောသည်။

Myanmar Idod သီချင်းဆို ပြိုင်ပွဲ Top 6 မှ ထွက်ခဲ့ရသည့် မန္တလေးသား ဇော်မင်းဦး၏ အိမ်အပြန် ခရီးစဉ်တွင် ဒေသခံများက လာရောက်ကြိုဆိုခဲ့ကြသလို ချမ်းမြသုခ နာမှု ကူညီရေးအသင်း ဖျော်ဖြေရေးကားဖြင့် မန္တလေးမြို့တွင်းသို့ လှည့်၍ ဇော်မင်းဦးကိုယ်တိုင် သီချင်းများဖြင့် ဖျော်ဖြေပေးခဲ့သည်ဟု သိရသည်။

“ကျနော့်ကို အခုလို မန္တလေးက ပရိသတ်တွေ အားလုံးက ဝမ်းသာအားရ ကြိုဆိုကြတဲ့အတွက် ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး၊ ပြိုင်ပွဲကနေ အရှုံးနဲ့ ထွက်ခွာခဲ့ရပေမယ့် အခုလို ပရိသတ် ခိုင်ခိုင်မာမာ ရှိနေတယ် ဆိုတာ သိရတဲ့ အတွက်လည်း ကျနော် ဂီတအလုပ်တွေကို ဆက်လုပ်ဖို့ အင်အားအပြည့် ဖြစ်သွားပါပြီ။ သင်္ကြန်ပြီးတာနဲ့ ကျနော် သီချင်းခွေ ထွက်ရှိနိုင်အောင် ကြိုးစားသွားပါမယ်” ဟု မြို့တွင်းလှည့်လည်ရင်း ဖျော်ဖြေရေးကား ပေါ်မှနေ၍ ကိုဇော်မင်းဦးက ပြောခဲ့သည်။

ဇော်မင်းဦး ကို ကြိုဆိုခဲ့သည့် မန္တလေးမြို့ခံ ကိုမှိုင်းမောင်က “ကျနော် တို့ကို အပိုတွေလုပ်တယ်လို့ပဲ ပြောပြော၊ ရူးတယ်လို့ပဲဆိုဆို၊ ပြောချင်ရာပြောဗျာ။ ဒီနေ့ကတော့ မန်းသူ၊ မန်းသားတွေရဲ့ စည်းလုံးခြင်းနဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့ စိတ်ဓာတ်ကို တနိုင်ငံလုံး မြင်တွေ့ခွင့်ရသွားတယ်လို့ပဲ ပြောချင်ပါတယ်၊ မန်းသူ၊ မန်းသားတွေက ဂီတကိုလည်း ရူးသွပ်တယ်၊ မတရားဘူးထင်ရင် လက်ပိုက်ကြည့်မနေဘဲ အိတ်စိုက်ပြီး ကူညီတတ်ကြပါတယ်။ မန်းသူမန်းသားတွေရဲ့ စည်းလုံးခြင်းကို ပြသလိုက်တဲ့ ပုံရိပ်များအဖြစ် သမိုင်းဝင်သွားပါပြီ၊ အဲ့ဒါ မန္တလေးလို့ ခေါ်ပါတယ်” ဟု ပြောသည်။

၂၀၁၆ မန္တလေးသင်္ကြန် Alpine မဏ္ဍပ်တွင် ဇော်မင်းဦး ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မသိရသေးသော်လည်း The Tree Music Band နှင့်အတူ လင်းလင်း၊ ဟန်ထွန်း၊ ဖိုးကာ၊ ဟဲလေး၊ ခန့်စည်သူ၊ အစိုင်း၊ နန္ဒစိုင်း၊ ဆန်းထွဋ်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ချမ်းချမ်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်၊ စိုင်းဆမ်၊ သက်မွန်မြင့်၊ နန်းခင်ဇေယျာနှင့် မြင့်မြတ် တို့ ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading