ပျော်စရာ သင်္ကြန်ပွဲတော် မကြာခင် ကျရောက်တော့မှာပါ။ သင်္ကြန်မတိုင်ခင် ဧရာဝတီ အနေနဲ့ Foodie Myanmar Guide ကနေတဆင့် ညွှန်းပေးချင်တာကတော့ Beef Steak အမဲသားကင်ဆိုင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ညွှန်းပေးမယ့် ဆိုင်တွေကတော့ နောက်လာမယ့် တပတ်၊ သင်္ကြန်တွင်းမှာ ဖွင့်မယ့် စားသောက်ဆိုင်တွေပဲ ဖြစ်ပါတယ်။
Beef Steak အမဲသားကင် ပုံစံဟာ ဥရောပတိုင်းပြည်များဘက်က လာတာဖြစ်ပြီး အမဲသား အသားအမျိုးအစား အမျိုးမျိုး၊ ကင်ပုံကင်နည်း အမျိုးမျိုးတို့ဖြင့် ကြိုက်နှစ်သက်ရာ စားသုံးကြပါတယ်။ အမဲသားက လူကိုအားအင်ဖြစ်ထွန်းစေပြီး အမဲသားနဲ့ အလိုက်ဖက်ဆုံး ယမကာကတော့ အနီရောင် ဝိုင် ဖြစ်ပါတယ်။
ယေဘုယျအားဖြင် Beef Steak ကို အစိမ်းနီးပါး (Rare)၊ မကျက်တကျက် (Medium rare) နှင့် အားလုံး အကျက် (Well done) စသဖြင့် ခွဲခြားထားပြီး နောက်ထက် အမျိုးအစား များစွာ ရှိပါသေးတယ်။
Rare နဲ့ Medium Rare က အမျိုးသားအများစု စားသုံးကြပြီး Well Done ကိုတော့ အမျိုးသမီးများက စားသုံးကြပါတယ်။ Rare နဲ့ Medium Rare က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စားသုံးဖို့ မသင့်တော်ပါဘူး။ အမဲသား ကင်ပုံကင်နည်းက အသားစိမ်းပြားကို တချို့က ထောပတ်ပါးပါးသုတ် ဒါမှမဟုတ် ဒယ်ပြားထဲ ထောပတ်ကို ဆီအဖြစ် အသုံးပြုတာပဲ ဖြစ်ဖြစ်၊ နောက်တနည်းက Oven မီးဖိုမှာ အမဲသားကို အစိမ်းသက်သက် အဖြစ် စသဖြင့် ကင်ကြပြီး အသားနဲ့ လိုက်ဖက်တဲ့ Spices များနဲ့ တခြား Peppers ကဲ့သို့ အမှုန့်များကို အပေါ်မှာဖြူးပြီး အရသာရှိအောင် ကင်လေ့ရှိကြပါတယ်။
အသားအမျိုးအစား အနေနဲ့ အမျိုးမျိုးရှိပြီး Sirloin (အမဲ ခါးနားမှအသား) က အနူးညံ့ဆုံးနဲ့ ဈေးအကြီးဆုံး ဖြစ်ပါတယ်။ Tenderloin, Brisket, Round, Oyster Blade, Ribeye စသဖြင့် cuts အမျိုးမျိုး ရှိပါတယ်။ Wagyu Beef က နာမည်ကြီးပြီး ဂျပန်အမဲသား အမျိုးအစား ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အများစု နိုင်ငံဖြစ်ပြီး နွားကိုစီးပွားဖြစ် မွေးမြူတာ ရှားပါးပါတယ်။ ဒါကြောင့် မြန်မာပြည်ဖြစ် အမဲသား အများစုက ခိုင်းနွားများမှ ဆင်းသက်လာတာကြောင့် လည်းကောင်း၊ ကျွေးမွေးတဲ့ အစားအစာတွေ ကွာခြားတာကြောင့် လည်းကောင်း နူးညံ့ခြင်းမရှိလို့ ရိုးရိုးဟင်းအမဲလျာအဖြစ် ချက်စားရန်သာ သင့်တော်ပါတယ်။
မြန်မာပြည်ဖြစ် အမဲသားကို Beef Steak ကောင်းကောင်း လုပ်နိုင်တဲ့ ဆိုင်တွေလည်း ရှိပါတယ်။ မဲသားကင်ကို Pepper sauce, Mustard sauce, Garlic and Olive oil sauce စသဖြင့် Sauce အမျိုးမျိုးနဲ့ တွဲဖက်စားသုံးလေ့ ရှိကြပါတယ်။
အမဲကင်နဲ့ တွဲဖက် ပါတာတွေကတော့ အာလူးကြော်၊ အာလူးထောင်း နဲ့ အစိမ်းစား နိုင်တဲ့ အသီးအရွက်တွေ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အကြမ်းအားဖြင့် အနည်းငယ် ကြီးပါတယ်။
ဒီတပတ်မှာတော့ အရသာကောင်းတဲ့ Beef Steak ဆိုင်တွေကို Foodie Myanmar Guide ကနေတဆင့် ဧရာဝတီက ဖော်ပြပေးလိုက်ပါတယ်။
(၁) Astons Specialties Yangon
အမှတ် ၃၀၂ (ခ)၊ မြန်မာပလာဇာ၊ ကမ္ဘာအေးဘုရားလမ်း။
ဈေးနှုန်း – ကျပ် ၁၅၅၀၀ မှ ၂၂၀၀၀ အထိ။ (Imported Beef)
(၂) Peppers Diner
အမှတ် ၆၁၂၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်။
ဈေးနှုန်း – ကျပ် ၁၂၀၀၀ မှ ၂၀၀၀၀ အထိ။ (Local Beef)
(၃) Onyx
အမှတ် ၁၂ (ခ)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်း။
ဈေးနှုန်း – ကျပ် ၇၀၀၀ မှ ၂၀၀၀၀ အထိ။ (Local Beef)
(၄) 356 Cafe
အမှတ် ၃၃၀၊ ရန်ကုန် အင်တာနေရှင်နယ် ဝင်းအတွင်း၊ ဒဂုံမြို့နယ်။
ဈေးနှုန်း – ကျပ် ၆၀၀၀ မှ ၄၀၀၀၀ အထိ။ (Both Local & Imported Beef)
(၅) Water Library
အမှတ် ၈၃/၉၅၊ မနော်ဟရီလမ်း နှင့် ပြည်လမ်းထောင့်၊ ဒဂုံမြို့နယ်။
ဈေးနှုန်း – ကျပ် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ။ (Imported Beef)
Foodie Myanmar Mobile Application ကို Google Playstore မှာ ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်ပါတယ်။
http://bit.ly/InstallFoodieMyanmarOnAndroid