Lifestyle

သင်္ကြန်တွင်း ရေစိုခံ စမတ်ဖုန်း Galaxy S7 Edge

This article has been converted from Zawgyi One to Unicode

သင်္ကြန်တွင်းမှာ ရေကစားရင်း သင်္ကြန်ရေတွေကြားမှာ ရေစိုခံဖုန်းကောင်းကောင်းနဲ့ Selfie ဆွဲချင်သူ တွေအတွက် ၊ ဒါမှမဟုတ် ကမ်းခြေ ရေကူးကန်တွေ သွားတဲ့အခါ ရေထဲမှာ စမတ်ဖုန်းနဲ့ Underwater ဓာတ်ပုံ ရိုက်ချင်သူတွေအတွက် Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရေစိုခံ Galaxy S7 Edge နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Galaxy S7 Edge က မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိပြီး ကျောဘက်ကို ကွေးညွှတ်နေတဲ့ 3D ဖန်သားကို အသုံးပြုထားတာကြောင့် ဒီဇိုင်းဆန်းပြီး ကင်မရာကလည်း ဖုန်းကိုယ်ထည်နဲ့ တသားတည်း နီးပါးကျအောင် ဖန်တီးထုတ်လုပ်ထားတာကြောင့် Samsung သုံးစွဲသူတွေ အကြိုက်တွေ့မှာပါ။

ကင်မရာ အရည်အသွေးကို ပြောရမယ်ဆိုရင်တော့ S7 Edge ကင်မရာဟာ Dual Pixel နည်းပညာကို အသုံးပြုထားပြီး အနောက်ဘက်ကင်မရာက Dual Pixel 12 Megapixel OIS (F1.7) နဲ့ အရှေ့ဘက် Selfie ကင်မရာ 5 Megapixel (F1.7) ရှိပါတယ်။ S7 Edge ဟာ ကမ္ဘာ့ပထမဆုံး Dual Pixel ဆင်ဆာစနစ် ပါဝင်တဲ့ စမတ်ဖုန်းပါ။

ညဘက်အမှောင်တွေမှာ S7 Edge ဖုန်းအရှေ့ဘက်ကင်မရာနဲ့ Selfie ဓာတ်ပုံရိုက်ကူးတဲ့အခါ အလင်းပိုရစေဖို့ ဖုန်းမျက်နှာပြင်ကို Flash မီးအဖြစ် အလင်းပေး အသုံးပြုနိုင်တာကြောင့် ဓာတ်ပုံ Selfie Crazy သမားတွေ အကြိုက်ဖြစ်မှာ အမှန်ပါပဲ။ ဒါ့အပြင် Motion Panorama ကို အသုံးပြု ရိုက်ကူးနိုင်တာကြောင့် လှပတဲ့ ရှုခင်းတွေနဲ့ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို တဆက်တည်း မြင်ကွင်းကျယ် ဖမ်းယူရိုက်ကူးနိုင်ပါတယ်။

S7 Edge ရဲ့ ရေစိုခံနိုင်အားနဲ့ ဖုန်ဒဏ်ခံနိုင်အား (Water & Dust Resistant) ကို ပြောပြချင်ပါတယ်။ ရေစိုနဲ့ ဖုန်ဒဏ်ခံနိုင်အား IP68 ရှိတာကြောင့် ရေထဲမှာ ဓာတ်ပုံတွေ ရိုက်ကူးတာ၊ သင်္ကြန်ရေတွေ ကြား ဒါမှမဟုတ် မိုးရေတွေကြားမှာ ဖုန်းသုံးစရာရှိရင်တောင် စိတ်ချ လက်ချ သုံးနိုင်ပါတယ်။ IP68 ရဲ့ စံသတ်မှတ်ချက်က ဖုန်ဝင်ရောက်မှုကို ပြည့်ပြည့်၀၀ တားဆီးကာကွယ်ပေးထားနိုင်ပြီး ရေအောက် ၁.၅ မီတာမှာ မိနစ် ၃၀ အထိ ရေဖိအားကို ကောင်းစွာ ခံနိုင်ရည်ရှိပါတယ်။

အဖုံးပိတ်စရာ မလိုဘဲ ရေစိုနဲ့ ဖုန်ဒဏ်ကို ခံနိုင်ရည်ရှိစေတာကတော့ USB အပေါက်၊ SIM ကတ် ထည့်သွင်းရန် အပေါက်နဲ့ နားကြပ် အသုံးပြုတဲ့ အပေါက်တွေမှာ ရာဘာစည်းကို ကောင်းကောင်း တပ်ထားလို့ပါပဲ။

S7 Edge မှာ Android OS ဗားရှင်း 6.0.1 (Mashmellow) ကို အသုံးပြုထားပြီး ဘက်ထရီအား ပမာဏ 3600 mAh ပါဝင်ပါတယ်။ Samsung Galaxy S7 edge စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ မတ်လ ၂၀ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ဈေးနှုန်း မြန်မာငွေကျပ် ၉ သိန်း ဖြစ်ပါတယ်။

အရောင်အားဖြင့် Black Onyx, Gold Platinum, White Pearl နဲ့ Silver Titanium ဆိုပြီး အရောင် ၄ မျိုး ထွက်ရှိထားပါတယ်။

Loading