နီနီခင်ဇော်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်မယ့်နှုတ်ခမ်းနီကို မကြာခင် ပရိသတ်တွေကို ရောင်းချ ပေးတော့မှာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ နီနီခင်ဇော်က အခု “နီနီတို့ sample Test တွေ လုပ်နေပါပြီ။ နီနီနဲ့အတူ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေက Testing တွေ လုပ်နေပါပြီ။ ဆိုတော့ တခြားလုပ်စရာလေးတွေပြီးရင် ဖြန့်ချိခါနီးရင် နီနီတို့ ပရိသတ်ကိုထပ်ပြီး ကြော်ငြာပေးမှာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ကိုယ်ပိုင်တံဆိပ် နှုတ်ခမ်းနီထုတ်ဖြစ်တာနဲ့ပတ်သက်ပြီး နီနီခင်ဇော်က ဆက်လက်ပြီး “ဒါက သူများနဲ့လည်း ပေါင်းပြီးထုတ်တာ မဟုတ်ပါဘူး။ နီနီ တယောက်ထဲ ကိုယ်ပိုင်ထုတ်တာပါ။ နီနီရဲ့ကိုယ်ပိုင် Brand Name နဲ့ Super Red ဆိုပြီး ထုတ်တာပါ။ ဈေးနှုန်းကိုလည်း နှုတ်ခမ်းနီထုတ်တဲ့အခါ သေချာလေး ပြန်ပြောပေးမှာ” လို့ ပြောပြပါတယ်။
Super Red နာမည်နဲ့ ဖြန့််ချိပေးမယ့် နှုတ်ခမ်းနီများမှာ အရောင်အသွေးစုံလင်စွာနဲ့ ဖြန့်ချိပေးမှာဖြစ်ပြီး Super Red နာမည်ကတော့ နီနီခင်ဇော်ရဲ့ ဒုတိယမြောက်တေးစီးရီး Super Red အမည်ကို အသုံးပြုထား တာလည်းဖြစ်ပါတယ်။