April Fools’ တာလား မိတ်ကပ် ခင်စန်းဝင်း
This article has been converted from Zawgyi One to Unicode
မိတ်ကပ်ပညာရှင် ခင်စန်းဝင်းတယောက် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မကြာမီ အချိန်ပိုင်းလောက်က အမျိုးသားတဦးနဲ့ Relationship တင်ခဲ့ပါတယ်။
ဒီနေ့ုဟာ ဧပြီလ ၁ ရက်နေ့(April Fools’ Day) လည်းဖြစ်တာဆိုတော့ April Fools’ လုပ်တာလား ဘာလားဆိုတာကတော့ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ကြပါလိ့မ်မယ်။
မိတ်ကပ် ခင်စန်းဝင်းဟာ မကြာသေးခင်ကာလလောက်ကလည်း မော်ဒယ်လ် အမျိုးသား တဦး၊ သူ့ရဲ့ လက်ရှိချစ်သူ မော်ဒယ်လ်အမျိုးသမီးတို့နဲ့လည်း သုံးပွင့်ဆိုင် အချစ်ပြဿနာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရပြီးနောက် “နေမဝင်ဆည်းဆာ” ဆိုတဲ့ အနုပညာပွဲတော်မှာ တကယ့်သူ့ရဲ့ အချစ်ရေးအကြောင်းကို မော်ဒယ်လ်အများအပြားနဲ့ ပြဇာတ်အဖြစ် ပြန်လည်ဖျော်ဖြေ တင်ဆက်ခဲ့ပါသေးတယ်။
Relationship အဖြစ် တင်ခဲ့တာကတော့ နေသွေးစိုးလို့ ခေါ်တဲ့ အမျိုးသားတဦးနဲ့ပါ။
ဒီကနေ့ မနက်ပိုင်းက မိတ်ကပ် ခင်စန်းဝင်းနဲ့ Relationship ချိတ်ပြီးချိန်မှာလည်း နေသွေးစိုးက “RS ချိတ်လိုက်တာ ရှင်းလို့တောင်မနိုင်ဘူး၊ သူနက် ချစ်နေတာ ကြာပါဘီခေးရဲ့အသဲတခြမ်းပါ ” ပဲလို့ ရေးသားထားပြီး မိတ်ကပ် ခင်စန်းဝင်နဲ့ အပြန်အလှန်စကားပြောထားတဲ့ ဓာတ်ပုံကိုလဲ တင်ခဲ့ပါသေးတယ်။
မိတ်ကပ် ခင်စန်းဝင်းဘက်တော့ Relationship အား လက်ခံထားရုံမှအပ ဘာတခုမှ ပြန်လည် ရေးသားထားခြင်းတော့ မတွေ့ရှိရသေးပါဘူး။
ဒါ့ထက် ရိုးရိုး Relationship တင်တာမျိုးမဟုတ်ကပဲ Life Event အနေနဲ့တင်ထားတာကြောင့် ပရိသတ်ကြားမှာတော့ စဉ်းစားစရာဖြစ်နေတော့မှာပါ။ မကြာသေးခင်ကမှ မော်ဒယ်လ်၊ မင်းသားချောလေးနဲ့ သတင်းများစွာထွက်ခဲ့ပြီး ဂယက်ရိုက်ခဲ့တဲ့ မိတ်ကပ်ခင်စန်းဝင်းရဲ့အချစ်ရေးဟာ ဒီကနေ့ April Fools’ Day ဖြစ်နေလို့ ပရိသတ်တွေကို နောက်ပြောင်လိုက်ခြင်းလား ဒါမှမဟုတ် တကယ် အတည်ပဲ တွဲနေသလား ဆိုတာကတော့ ဘယ်သူက သိနိုင်ပါလိမ့်မလဲ။