Lifestyle

မြန်မာ့ရိုးရာမုန့်တီသုပ်

This article has been converted from Zawgyi One to Unicode

နန်းကြီးသုပ်လို့အမည်တမျိုးခေါ်တွင်တဲ့ မုန့်တီသုပ်ကတော့ မြန်မာ့ရိုးရာအစားအစာစစ်စစ်တခု ဖြစ်ပါတယ်။ နန်းဆိုတဲ့စကားလုံးကတော့ ပန်းတိမ်ဖိုတွေမှာ ရွှေသားတွေကို အထည်ခတ်ဖို့အတွက် မိမိလိုချင်တဲ့ လုံးပတ်အနေအထားရအောင် အကြီး၊အသေးအလိုက် နန်းဆွဲကြရတာကို အကြောင်းပြုပြီး မြန်မာပြည်အောက်ပိုင်းမှာတော့ နန်းကြီးသုပ်လို့ ခေါ်ဆိုကြပြီး အလယ်ပိုင်း့နဲ့ အထက်ပိုင်းတလျှောက်ကတော့ မုန့်တီသုပ်လို့ စွဲမြဲစွာ ခေါ်ဝေါ်သုံးစွဲနေကြဆဲပဲ ဖြစ်ပါတယ်။ မြန်မာပြည်အောက်ဖက်ပိုင်းနေရာဒေသ အတော်များများမှာတော့ နန်းကြီးသုပ်မပြောပဲ မုန့်တီလို့ပြောလိုက်တာနဲ့ ရခိုင်မုန့်တီလို့သာ ထင်ယောင်တတ်ကြပါတယ်။

မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေမှာ နန်းကြီး၊ နန်းလတ်၊ နန်းသေးရယ်ဆိုပြီး ၃ မျိုး ခွဲခြားထားပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ မုန့်တီသုပ်ဆိုင်တွေမှာ နန်းကြီးသုပ်လို့ မှာလိုက်ရင်ဖြင့်မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ အသုံးပြုလေ့မရှိကြတဲ့ မုန့်ဖတ်အကြီးစားတမျိုးကို အသုံးပြုတာ တွေ့ရပါမယ်။ အလွယ်တကူရယ်ဖြင့် မုန့်တီသုပ်လို့ဆိုလိုက်ရင်သာ နန်းလတ်မုန့့်ဖတ်မျိုးနဲ့ အသုံးပြုထားတဲ့ ရန်ကုန်အခေါ် နန်းကြီးသုပ်ကို သုံးဆောင်ကြရမှာပါ။

မုန့်တီသုပ်ကို အများအားဖြင့် ကြက်သားချက်ဟင်းနဲ့ သုပ်လေ့ရှိကြပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင့်ယနေ့နေရာဒေသ အတော်များများမှာ ကြက်သားကို သီးသန့်စီ ခွဲသုံးလာကြတာဖြစ်ပြီး ငါးဖယ်လုံး၊ ဘဲဥပြုတ်တို့နဲ့ မွမ်းမံပြင်ဆင်တာမျိုးကိုလည်း တွေ့နိုင်ပါတယ်။ သို့မှသာ အသားလွတ်သုံးဆောင်မည့်သူများအတွက် အလွယ်တကူပြင်ဆင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ တကယ်တော့ မုန့်တီသုပ်တပွဲ ပြင်ဆင်ရာမှာ ပါဝင်ပစ္စည်းက ရိုးရှင်းလွယ်ကူလှပါတယ်။ မုန့်တီဖတ်၊ ကြက်သားချက်ဟင်း ၊ကြက်သွန်ဖြူဆီချက်ပါတဲ့ ဆီနီ၊ ဆီဝါ၊ပဲမှုန့့်တို့ပဲ ဖြစ်ပါတယ်။ တွဲဖက်အဖြစ် ရှောက်သီးစိတ်(သို့မဟုတ်) သံပုရာသီး၊ မုန့်ကြွပ်ကြော်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးဆီချက်၊ ပါးပါးလှီးထားတဲ့ကြက်သွန်နီအစရှိသည်တို့သာ ပါဝင်ပါတယ်။

ဒါဆို မုန့်တီသုပ်ကောင်းကောင်းတပွဲ ရဖို့အတွက်က ဘာတွေလိုအပ်သလဲဆိုတာ လေ့လာကြည့်ရအောင်။ မုန့့်တီသုပ်ရဲ့အဓိက ပါဝင်ပစ္စည်းက မုန့်ဖတ်၊ ကြက်သားချက်ဟင်း၊ ပဲမှုန့်ဆိုရာမှာ ကြက်သားချက်ဟင်းကို မိမိနှစ်သက်သလို စီမံချက်ပြုတ်တတ်တာ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် မုန့်တီသုပ်ရဲ့ အဓိကသွေးကြောကတော့ မုန့့်တီဖတ်နှင့်ပဲအကျက်မှုန့်ပါပဲ။ မုန့်တီဖတ်ဟာ နူးညံ့အိထွေးနေဖို့ လိုအပ်ပြီး လိုအပ်တဲ့ မုန့်ဖတ်အရှည်လည်း ရှိဖို့ လိုအပ်ပါတယ်။ ဆန်နှစ်မှုန့်တွေကို အချဉ်ဖောက်ချိန်ကြာသွားတဲ့အခါမျိုးမှာ မုန့်ဖတ်သားဟာ ချဉ်တဲ့ဓာတ်ဖက်ကို ကူးပြောင်းသွားပြီး အပိုင်းပိုင်းချေဖျက်သွားသလို ဖြစ်သွားရင် မုန့်တီသုပ်ကောင်းကောင်းတပွဲ ရဖို့မလွယ်ကူတော့ပါဘူး။ ဒါ့အပြင် ယနေ့ခေတ် ရောင်းတမ်းတွေလို မုန့်တီဖတ်ဟာ ဖြူလွန်းအားများပြီး ကြာရှည်ခံတဲ့ ဓာတုဗေဒဆေး သုံးထားတဲ့မုန့်ဖတ်မျိုးကို မရွေးချယ်မိဖို့လည်း အရေးကြီးလှပါတယ်။

ဒုတိယအချက်ကတော့ အရည်အသွေးပြည့်မီတဲ့ ကုလားပဲအကျက်မှုန့်ပါ။ ကုလားပဲအကျက်မှုန့့်ဟာ မုန့်တီသုပ်တပွဲရဲ့ အရသာကို ထူးထူးခြားခြား ပြောင်းလဲစေတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။ မြေပြန့်ဒေသက တောင်းရွက်သည်တွေ၊ အထမ်းသည်တွေဆီက မုန့်တီသုပ်တွေဟာ ဆန်းပြားတဲ့ ပါဝင်ပစ္စည်းတွေ မပါပဲ ထူးထူးခြားခြား အရသာကောင်းမွန်နေခြင်းက ဒီအချက်တွေနဲ့ ပြည့်စုံနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလို ထူးခြားတဲ့ အလယ်ပိုင်းဒေသ(သို့မဟုတ်) မန္တလေး မုန့်တီသုပ် အရသာစစ်စစ်ကိုမှ သုံးဆောင်ချင်တယ်ဆိုရင်တော့..
“ရွှေနန်းတော်”
မန္တလေး မုန့်တီနှင့်မြီးရှည်
အမှတ်(၁၆၄)၊အောက်ကြည့်မြင်တိုင်လမ်း
သီရိရိပ်သာမျက်နှာစာတန်း။
အလုံမြို့နယ်၊ ရန်ကုန်မြို့မှာ သွားရောက်မြည်းစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ။

Loading