Samsung ကနေ အသစ်ထပ်မံ ထုတ်လုပ်လိုက်တဲ့ Samsung Galaxy On7 စမတ်ဖုန်းကို ဈေးကွက်ထဲ မရောင်းချခင် Samsung online store မှာ ကြိုတင်မှာယူစနစ်နဲ့ အရင်ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆမ်ဆောင်းမြန်မာက ယနေ့၊ ဧပြီလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Galaxy On7 စမတ်ဖုန်းကို ဝယ်ယူလိုများအနေနဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၁ ရက်နေ့အတွင်း ဆမ်ဆောင်း အွန်လိုင်းစတိုးလိပ်စာ www.s-estoremyanmar.com မှာ ကြိုတင်မှာယူနိုင်ပြီး ဆမ်ဆောင်းက မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း တနိုင်ငံလုံး နေရာအနှံ့မှ မှာယူများကို အိမ်တိုင်ရာရောက် ပို့ဆောင် သွားမယ်လို့ သိရပါတယ်။
ကြိုတင်မှာယူ သုံးစွဲသူများအနေနဲ့ Galaxy On7 စမတ်ဖုန်းကို ဈေးကွက်အတွင်း မရောင်ချခင် အရင်ဆုံး ဝယ်ယူပိုင်ဆိုင် နိုင်မှာဖြစ်ပြီး အခမဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်မှု၊ 5,000 mAh Powerbank အလုံး ၁၀၀ ကံစမ်းမဲ စတဲ့ အထူး ခံစားခွင့်တွေ ပါဝင်ပါတယ်။
မျက်နှာပြင် အရွယ်အစား ၅ လက်မရှိတဲ့ Galaxy On7 စမတ်ဖုန်းကို ပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ ဖန်တီး ထားပြီး ကင်မရာ အရည်အသွေး အနေနဲ့ အနောက်ဘက် ကင်မရာ 13 Megapixel rear camera နဲ့ အရှေ့ဘက် Selfie ကင်မရာ 5 Megapixel front camera ပါဝင်ကြောင်း သိရပါတယ်။
ဆင်းမ်ကဒ် နှစ်ကဒ် ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီအားပမာဏ 3000 mAh ပါဝင်ပါတယ်။ အရောင် အားဖြင့် အနက်ရောင် နှင့် ရွှေရောင် နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး ရောင်းချမယ့်ဈေးနှုန်းက မြန်မာငွေ ၂၂၅၀၀၀ ကျပ် ဖြစ်ပါတယ်။