သင့် အသည်းနဲ့ သွေးသား သန့်ရှင်းစေပြီး သွေးတိုးနဲ့ နှလုံးရောဂါကိုလည်း သက်သာစေတဲ့ ဘူးသီးရဲ့ အာဟာရ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပါမယ်။ မြန်မာလူမျိုးတွေဟာ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် မသန့်ရှင်းတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဘူးသီးကြော်က ကျန်းမာရေးအတွက် အပြည့်အစုံတော့ မရနိုင်ဘူး၊ ဆိုးကျိုးတချို့လည်း ဖြစ်စေနိုင်တယ်ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူးနော်။ ဘူးသီး စားပေးတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
သင့် အသည်းကို ကာကွယ်ပေးတဲ့ ဘူးသီး
ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့် (သွပ်)၊ သိုင်ယာမင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် အသည်းကို သန့်စင်စေတယ်၊ ပြန်လည် အားဖြည့်ပေးတယ်၊ ပြီးတော့ အရက်ကြောင့် ထိခိုက်စေနိုင်တာတွေကို ကာကွယ်ပေးပါတယ်။
ဆံပင်ဖြူတာကို လျော့ကျစေတဲ့ ဘူးသီး
ဘူးရွက်က ရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည်ကတော့ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်။
နုံးချည့်ညောင်းညာမှု သက်သာစေတဲ့ ဘူးသီး
ဘူးသီး စားပေးခြင်းဖြင့် သင့် ကိုယ်ခန္ဓာ နုံးချည့်ညောင်းညာမှုတွေ လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နေ့ရက်တွေမှာ လန်းဆန်းစေပါတယ်။
အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေတဲ့ ဘူးသီး
ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိ ရှိတာကြောင့် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေပါတယ်။
စိတ်စွဲလွန်ဝေဒနာကို သက်သာစေတဲ့ ဘူးသီး
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့အတွက် အလုပ်တခုကို အကြိမ်ကြိမ် အထပ်ထပ် လုပ်တတ်တဲ့ စိတ်စွဲလွန်ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်လို့ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ဘူးသီး
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ အဖြစ်လည်း စားသုံးကြပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဘူးသီး
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစတာတွေကိုလည်း သက်သာစေတဲ့အပြင် ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ပါဝင်နေတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေတဲ့ ဘူးသီး
ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေတာကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။
အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဘူးသီး
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။ ။
Ref: မြန်မာ့အစားအစာနဲ့အာဟာရ