Lifestyle

“အာရှရဲ့ကြယ်ပွင့်ဆု” ရရှိခဲ့တဲ့ ကိုရီးယားမင်းသား လီမင်ဟို

This article has been converted from Zawgyi One to Unicode

မြန်မာပရိသတ်တွေ F4 မင်းသား ဂူဂျွန်ဖြိုးဆိုပြီး သည်းသည်းလှုပ်အားပေးကြတဲ့ ကိုရီးယားသရုပ်ဆောင် မင်းသား လီမင်ဟိုဟာ တရုတ်နိုင်ငံ ဘေကျင်းမှာ ကျင်းပခဲ့တဲ့ Beijing International Film Festival ရုပ်ရှင်ပွဲတော်မှာ The Best Star in Asia Award ဆု ရရှိခဲ့ပါတယ်။

ဒီလို ဆုရရှိခဲ့ခြင်းဟာ လီမင်ဟိုဟာ မကြာသေးခင်က ကိုရီးယား- တရုတ် ပူးပေါင်းရိုက်ကူးတဲ့ Bounty Hunters ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ပွဲတော်ကို အတူတွဲ သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်များနဲ့ အတူတက်ရောက်ခဲ့ပါတယ်။

လီမင်ဟိုဟာ The Best Star in Asia Award ကိုလက်ခံရရှိပြီး စင်ပေါ်မှာ ကျေးဇူးတင်စကားကို “တရုတ်နိုင်ငံမှ ပရိသတ်များက ကျနော့်ကို နွေးနွေးထွေးထွေး ကြိုဆိုကြလို့ ဝမ်းသာပါတယ်။ ကျနော့်အနေနဲ့ ဒီလို တရုတ်နိုင်ငံက အနုပညာရှင်များက အသိအမှတ်ပြုလို့ အထူးကျေးဇူးတင်ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံက အနုပညာရှင်များနဲ့ အတူပူးပေါင်းပြီး အနုပညာလုပ်ငန်းများကို လုပ်ကိုင်သွားပါဦးမယ်။ ကျနော့်ကို အားပေးကြပါ” လို့ ပြောကြားခဲ့ပါတယ်။

လီမင်ဟိုဟာ မကြာခင်သေးခင်က ကိုရီးယား- တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ Bounty Hunters ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး တရုတ်သရုပ်ဆောင်တွေဖြစ်တဲ့ ဝဲလ်လေ့ ချန်း (Wallace Chung)၊ တစ်ဖနီ တန် (Tiffany Tang) တို့နှင့် အတူ တွဲဖက် သရုပ်ဆောင် ခဲ့ပါတယ်။

Bounty Hunters ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ရှင်ထယ်ရာ ရိုက်ကူးပြီး အာရှဒေသတွင်းနိုင်ငံတွေမှာ သွားရောက်ကာ နည်းပညာကို အသုံးပြု၊ ဘဏ်တွေမှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူကြတဲ့ ဇာတ်လမ်း အဖြစ် ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင် ဒရာမာ ဟာသ ဇာတ်ကားတကားဖြစ်ပြီး အဓိကရိုက်ကူးထားတဲ့ ရိုက်ကွင်း တည်နေရာတွေကတော့ ကိုရီးယားနိုင်ငံမှာ အများဆုံး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်း၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံများသို့လည်း သွားရောက် ရိုက်ကူးခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်များ ရင်တမမဖြစ်စေမယ့် ဇာတ်ဝင်ခန်းများကို လီမင်ဟိုက သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ စတင်ရုံတင်ပြသနေပြီဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ အတွင်းမှာ ရုပ်ရှင်ဇာတ်ကား ပရိုမိုးရှင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပြီး လီမင်ဟိုကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပရိသတ်များကို နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
Ref: soompi.com

Loading