Lifestyle

မန္တလေးမြို့တွင် အလုပ်အကိုင်ပြပွဲကြီး နှစ်ရက်ကြာပြုလုပ်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမယ့် ၂၀၁၆ ခုနှစ် မေလ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့တွေမှာ မန္တလေးမြို့၌ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကြီး တခုပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ အဲ့ဒီ အလုပ်အကိုင်ပြပွဲကြီးကို ဦးဆောင်ကျင်းပမယ့်  work.com.mm  မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီပြပွဲကို မန္တလေးရတနာမောလ်တွင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ စနေ နှင့် တနင်္ဂနွေ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီပြပွဲကြီးကို တယ်လီနောမြန်မာမှ (Diamond Sponsor) အဓိက ကူညီပံံပိုးပေးသွားမှာဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၄ ခု မှ ဝန်ထမ်းများ ခေါ်ယူရန်အတွက် ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်အကိုင်ပြပွဲကြီးသို့လာရောက်ရန်အတွက် work.com.mm ရဲ့ဝက်ဘ်ဆိုဒ်နှင့် Facebook တို့မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အဲ့ဒီ ပြပွဲကြီးမှာ Iphone SE နှင့်တကွ အခြားသော ဆုလက်ဆောင်များကိုလည်း မဲဖောက်ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်းနဲ့ ပြပွဲသို့ လာရောက်သူများ အနေနဲ့အလုပ်လျှောက်လွှာများများကိုယူဆောင်လာရန်လိုအပ်ပြီးသတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများကိုလုပ်ငန်းရှင်များဘက်မှတိုက်ရိုက်အင်တာဗျူးခေါ်ယူသွားမယ့် အခွင့်အရေးကိုပါ ရရှိနိုင်ရန် စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့လည်း work.com.mm မှ ပွဲစီစဉ်သူတဦးဖြစ်သူ Marketing Officer ကိုရန်ပိုင်မှ ဆိုပါတယ်။

“ကျွန်မတို့ မန္တလေးမှာက အလုပ်အကိုင်ပြပွဲတွေ လုပ်တော့လုပ်တယ်၊ ရှားတော့ရှားတာပေါ့။ ဒီဘက်မှာက အလုပ်ရှာဖွေရေး အေဂျင်စီတွေကိုဘဲ အားကိုးချိတ်ဆက်ရတာများတယ်။ အခုလို လုပ်ငန်းအများကြီးက တထိုင်တည်းလာခေါ်မှာဆိုရင်တော့ အခွင့်အရေးလည်းများသွားမယ်။ လုပ်ငန်းရှင်တွေနဲ့လည်း တိုက်ရိုက် ထိတွေ့ခွင့်ရမယ်ဆိုတော့ ပိုကောင်းတာပေါ့နော်။ ဒီဘက်မှာတော့ မိန်းကလေးဆို ဘဏ်လုပ်ငန်းတို့၊ စာရင်းကိုင် တို့ အမျိုးသားတွေဆိုရင်တော့ အိုင်တီတို့ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုတို့ လျှောက်ချင်တာ များမယ်လို့တော့ ထင်ပါတယ်” လို့ မန္တလေးမြို့ခံတဦးဖြစ်သူ မနှင်းဝေ ကပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading