Superminiတန်းဝင်မော်ဒယ်တွေထဲမှာတော့ Nissanရဲ့ Marchက ပြည်တွင်းမှာ ဈေးကွက်နေရာ တစ်ခု ခိုင်ခိုင် မာမာ ရထားတာလည်း ဖြစ်ပါတယ်။ Toyota Passoနဲ့ ပြိုင်ဘက်လို့ ဆိုနိုင်ပေမယ့် ကိုယ်ထည်ပိုင်း အားပျော့မှုနဲ့ အတူ အင်ဂျင်ပိုင်းမှာက ခရီးဝေး မောင်းနှင်ဖို့အတွက် အဆင်မပြေချင်တာကြောင့် Passoလောက်တော့ လူစီး မများလှပါဘူး။ ဒါပေမယ့် Marchရဲ့ အဓိက အားသာချက်ကတော့ ဈေးနှုန်း ချိုသာတာပဲ ဖြစ်ပြီး Toyota Passo, Mazda Demioနဲ့ Suzuki Swiftတွေထက် ဈေးနှုန်း သိသိသာသာ ချိုပါတယ်။
သက်တမ်းပိုင်း အနေအထားကို ကြည့်မယ် ဆိုရင် Marchအနေနဲ့ သက်တမ်းရင့် မော်ဒယ် ဖြစ်သလို ပြည်တွင်း ဈေးကွက်မှာသာ Marchအနေနဲ့ လူသိများပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာမှာတော့ Micra ဆိုပြီး တင်သွင်းတာ တွေ့ရပါတယ်။
မော်ဒယ်ကို ဂျပန် အခြေစိုက် Nissanက ထုတ်လုပ်ရောင်းချတာ ဖြစ်ပြီးတော့ Micra ဆိုတဲ့ နာမည်ကွဲ အပြင် Mitsuoka View လို့လည်း ခေါ်ပါသေးတယ်။ ၁၉၈၂ခုနှစ်ကတည်းကနေ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ရှေ့ ဘက် အင်ဂျင်ထိုင်စနစ်၊ ရှေ့ဘီးယက် စနစ်တွေကို အခြေခံ ထုတ်လုပ်တာ ဖြစ်ပါတယ်။
သူနဲ့ တည်ဆောက် ပုံချင်း ဆင်တူတဲ့ မော်ဒယ်ကတော့ ဂျပန်မှာပဲ ထုတ်လုပ်ရောင်းချတဲ့ Nissan Cherry မော် ဒယ် ပဲ ဖြစ်ပါတယ်။ လက်တင် အမေရိက ဈေးကွက်အတွက် အဓိက ရည်ရွယ်ပြီး မော်ဒယ်ကို ထုတ်လုပ် တာ ဖြစ်သလို အဆိုပါ ဈေးကွက်မှာ Micra လို့ လူသိများတာ ဖြစ်ပြီး အာရှ တဝှမ်းမှာတော့ March ပါပဲ။ ဒီနေရာ မှာ March ရဲ့ မှတ်တမ်းဝင် အချက် တစ်ချက်ကတော့ Nissanကနေ ထုတ်လုပ်တဲ့ မော်ဒယ်တွေထဲမှာ ကိုယ် ထည် ပိုင်း အသေးဆုံး မော်ဒယ်လည်း ဖြစ်ပါတယ်။
မော်ဒယ်ရဲ့ ပထမမျိုးဆက်ကတော့ Datsun နဲ့ Nissan နဲ့ ပူးပေါင်းလုပ်ကိုင်နေသေးတဲ့ အချိန်ဖြစ်တာကြောင့် Datsun Micra လို့လည်း လူသိများကြပါတယ်။ ဒါပေမယ့် အဆိုပါ နာမည်ကတော့ ၁၉၈၃ခုနှစ်နဲ့ ၁၉၈၄ခုနှစ် တွေမှာပဲ လူသိလိုက်တာပါ။ ၁၉၈၂ခုနှစ် အောက်တိုဘာလကနေ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာလ ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေပါ။
ကနေဒါ ဈေးကွက်မှာ စတင်ရောင်းချခဲ့ပြီး မော်ဒယ်နှစ် အနေနဲ့ကတော့ ၁၉၈၄ခုနှစ် မော်ဒယ်ကနေ စတင် ထုတ်လုပ်ခဲ့သလို ၁၉၉၂ခုနှစ် မော်ဒယ်ထိအောင် ပထမမျိုးဆက်ဝင် ဖြစ်လာပါတယ်။ ဂျပန်မှာပဲ တပ်ဆင် ထုတ် လုပ်ပြီး ဒီဇိုင်နာ Naganori Ito က ရေးဆွဲပေးတဲ့ အတိုင်း ထုတ်လုပ်ခဲ့တာပါ။ ပထမ မျိုးဆက်မှာ March က တံခါး သုံးပေါက်၊ ငါးပေါက်စနစ် Hatchbackအနေနဲ့ရော တံခါးသုံးပေါက်စနစ် Vanအနေနဲ့ပါ ရနိုင်ခဲ့ပါတယ်။ အင်ဂျင် အပိုင်းမှာ၀ ဒသမ ၉လီတာသုံး၊ ၁ ဒသမ ဝလီတာသုံးနဲ့ ၁ ဒသမ ၂လီတာသုံး အင်ဂျင်စနစ်တွေကို ထည့်သွင်း တပ်ဆင်ခဲ့ပြီး Transmissionပိုင်းကတော့ ၄ချက်၊ ၅ချက် Manualစနစ်နဲ့ ၃ချက် Autoတွေကို ရွေးချယ်နိုင်တာပါ။
မော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်မှာတော့ ဆီဒင်၊ အမိုးဖွင့်နဲ့ Wagonတန်းဝင် မော်ဒယ်တွေပါ ထွက်ရှိလာပြီးတော့ ဆီဒင် အနေနဲ့ ဆိုရင် Boleroအနေနဲ့၊ ဖိလစ်ပိုင်မှာ ဆိုရင် Veritaအနေနဲ့၊ တချို့ဈေးကွက်တွေမှာ Muji Car 1000 အမည်နဲ့ လူသိများလာပါတယ်။
၁၉၉၂ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေ ဖြစ်ပြီးတော့ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် ဈေး ကွက် အတွက်ကတော့ ၂၀၀၇ခုနှစ်ထိအောင် ဒုတိယ မျိုးဆက်ကို ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ် မှာတော့ ၂၀၀၃ခုနှစ် မော်ဒယ် အနေနဲ့ပဲ ထုတ်လုပ်ခဲ့တာ တွေ့ရပြီး အဲဒီနောက်ပိုင်း မော်ဒယ် တွေက တော့ တတိယ မျိုးဆက်ထဲ ပါသွားတာပါ။
ကိုယ်ထည်ပိုင်းက တံခါးသုံးပေါက်၊ ငါးပေါက် Hatchback၊ တံခါးနှစ်ပေါက်စနစ် အမိုးဖွင့်၊ တံခါးလေးပေါက်စနစ် ဆီဒင်နဲ့ တံခါးငါးပေါက်စနစ် Wagonမော်ဒယ်တွေ ထုတ်လုပ်ပါတယ်။ Nissan Cubeလို့ လူသိများတဲ့ Z10 မော်ဒယ် နဲ့ တည်ဆောက်ပုံချင်းတူလာပြီး အင်ဂျင်ပိုင်းမှာ ဆိုရင် ၁ ဒသမ ဝလီတာသုံး၊ ၁ ဒသမ ၃လီတာသုံး၊ ၁ ဒသမ ၄လီတာသုံးနဲ့ ၁ ဒသမ ၅လီတာသုံး အင်ဂျင်စနစ်တွေထိအောင် ထုတ်လုပ်လာခဲ့ပါတယ်။ ဂီယာချက် ပိုင်းကတော့ ၅ချက် Manualစနစ်၊ ၄ချက် Autoနဲ့ CVTစနစ်တွေထိအောင်ပါ ရွေးချယ် လာနိုင်ခဲ့တာပါ။
၂၀၀၃ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထွက်ရှိလာတဲ့ မော်ဒယ်တွေကိုတော့ တတိယမျိုးဆက်လို့ စခေါ်ပါပြီ။ သူက တော့ ၂၀၁၀ခုနှစ်ထိအောင် ထုတ်လုပ်တာ တွေ့ရပြီး ကျွန်တော်တို့ ပြည်တွင်းမှာတော့ ဒုတိယမျိုးဆက်နဲ့ တတိယ မျိုးဆက်တွေ အများဆုံးတွေ့ရပါတယ်။ ဂျပန်နဲ့ အင်္ဂလန်မှာ ထုတ်လုပ်တာ ဖြစ်ပြီး တံခါးသုံးပေါက်၊ ငါးပေါက် Hatchbackနဲ့ တံခါးနှစ်ပေါက်စနစ် နှစ်ယောက်စီး အမိုးဖွင့် မော်ဒယ်တွေကိုပဲ ထုတ် လုပ်ပါတော့ တယ်။
အင်ဂျင်ပိုင်းမှာက ၁ ဒသမ ဝလီတာသုံး၊ ၁ ဒသမ၂လီတာသုံး၊ ၁ ဒသမ ၄လီတာသုံး၊ ၁ ဒသမ ၅လီတာသုံးနဲ့ ၁ ဒသမ ၆လီတာသုံး ဓါတ်ဆီအင်ဂျင်တွေ အပြင် ၁ ဒသမ ၅လီတာသုံး ဒီဇယ် အင်ဂျင်စနစ် တစ်ခုလည်း ရနိုင် ပါသေးတယ်။ ဂီယာပိုင်းက ၅ချက် Manualစနစ်နဲ့ ၄ချက် Autoစနစ်တွေကို သုံးနိုင်တာ တွေ့ရပြီး Autoတွေမှာ ဂီယာချက် နည်းလွန်းတယ်ဆိုတဲ့ အားနည်းချက် တွေ့ခဲ့ရပါတယ်။
Renault Pulse အနေနဲ့ပါ လူသိများလာတဲ့ အခု နောက်ဆုံး မျိုးဆက်ကိုတော့ ၂၀၁၀ခုနှစ်ကနေ စတင် ထုတ် လုပ်ခဲ့တာ ဖြစ်ပြီး မော်ဒယ်နှစ်ကတော့ ၂၀၁၁ခုနှစ်မှာ စပါတယ်။ ဂျပန်အပြင် အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ မက္ကဆီကို နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာပါ ထုတ်လုပ်မှုတွေ များလာပြီးတော့ တံခါးငါးပေါက်စနစ် Hatchback တန်းဝင် မော်ဒယ် အနေနဲ့ပဲ ထုတ်လုပ်တော့တာပါ။
အင်ဂျင်စနစ်က ၁ ဒသမ ၂လီတာသုံး၊ ၁ ဒသမ ၅လီတာသုံးနဲ့ ၁ ဒသမ ၆လီတာသုံး ဓါတ်ဆီအင်ဂျင်တွေ အပြင် ၁ ဒသမ ၅လီတာသုံး ဒီဇယ် အင်ဂျင်စနစ်နဲ့ ရနိုင်သလို Autoစနစ်က ဂီယာချက် နည်းတာကြောင့် CVTကို ပြောင်းလဲ ထုတ်လုပ်လာတာလည်း တွေ့ရပါတယ်။ ဈေးကွက် အနေအထားနဲ့ မော်ဒယ်ရဲ့ အရည် အသွေးပိုင်း မြင့်မား ကောင်းမွန်လာမှုကတော့ အခု နောက်ဆုံးထုတ် မော်ဒယ်မှာ တွေ့ရပြီး တတိယ မျိုးဆက် ထိအောင် အားနည်းချက်တွေ ရှိနေသေးတဲ့ မော်ဒယ်က အခု နောက်ဆုံး မော်ဒယ်မှာတော့ ဥရောပ ဈေးကွက် ထိအောင်ပါ နေရာရလာတာ တွေ့ရပါတယ်။