နွေရာသီရဲ့လက်ကျန်ရက်တွေက အပူရှိန်မလျော့သေးပါဘူး။ ရာသီဥတုပူတာနဲ့အမျှ ပန်ကာတွေ air con တွေ ရေခဲသေတ္တာတွေကို အားထားနေရတဲ့အချိန်မှာ မီးပျက်ရက်တွေကလည်း အကြိမ်ရေ စိတ်လာတော့ တော်တော်ကို အခက်အခဲဖြစ်နေကြရတာပါ။
မီးပျက်ချိန်တွေမှာ အလုပ်ကိစ္စ၊ ကျောင်းစာလုပ်တာ၊ တခြားသော အရေးတကြီးကိစ္စတွေ မလုပ်ရလို့ ဒုက္ခရောက်နေသူတွေအတွက် မီးပျက်ချိန်မှာ ထွန်းလို့ရတဲ့ ရေစိမ်မီးသီးလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ရေစိမ်မီးသီးဆိုလို့ ထူးဆန်းနေပါလိမ့်မယ်။ ရှော့ခ်တွေဖြစ် ဓာတ်တွေတော့လိုက်ကုန်တော့မှာပဲလို့ တွေးပြီး စိုးရိမ်စရာလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
သူက မီးလာချိန်မှာ ခလုတ်ဖွင့်ပြီး မီးသီးကြိုး တပ်ထားရုံနဲ့ အားသွင်းထားသလိုဖြစ်နေပြီး မီးပျက်ချိန်မှာ အစိုဓာတ်ရတဲ့နေရာ၊ ရေစိုနေတဲ့တစ်သျှူးစလေးပေါ်မှာပဲဖြစ်ဖြစ် တင်ထားရုံနဲ့လည်း လင်းတယ်လို့ဆိုပါတယ်။ အားသွင်းဖို့အတွက် ရိုးရိုးမီးသီးကြိုးနဲ့သွင်းလို့ရတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် မီးပြတ်တဲ့အချိန်မျိုး ကိုယ်အသုံးပြုလိုတဲ့ အချိန်မျိုးတွေမှာ ရေ ၃ မီလီမီတာရှိတဲ့ အထဲကို မီးသီးအောက်ခြေရှိ ဆားကစ်အား ထည့်စိမ်ပြီး အသုံးပြုနိုင်ပြီး ရေ ၃ မီလီမီတာထက် ကျော်နေတဲ့ နေရာထဲကို ထည့်မိမယ်ဆိုရင်တော့ ဆားကစ်အထက် မီးလုံးကို ရေရောက်သွားနိုင်တာကြောင့် အဆင်မပြေနိုင်ပါဘူးလို့ Mandalay Fair Price Online Mart မှ မနိုရာက ပြောပါတယ်။
ဒါ့ထက် အစိုဓာတ် ဒါမှမဟုတ် ရေဓာတ်ပါတဲ့ အသီးတမျိုးမျိုးထဲကို ထိုးထည့်ထားပြီးလည်း အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
မီးလုံးကတော့ ရေစိမ်ခံမဟုတ်ပဲ အောက်ခြေဆားကစ်ကသာ ရေစိမ်ခံဖြစ်ပြီး ဓာတ်လိုက်တာမျိုး မရှိဘူးလို့ သိရပါတယ်။ ၃နာရီနီးပါး အထွန်းခံပြီး ဈေးနှုန်းအနေနဲ့ 12W (3500) ကျပ်နဲ့ 9W ကို (2500)ကျပ် ရှိတာမို့ သင့်တင့်ပါတယ်။
ဒါ့အပြင် ရေငွေ့ထွက်တဲ့ mini air conditioner လေးတွေနဲ့လည်း မိတ်ဆက်ပေးချင်ပါသေးတယ်။ သေးငယ်ပြီး စားပွဲတင်အရွယ်အစားသာ ရှိတာမို့လို့ အဆင်ပြေပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ USB ကြိုးနဲ့ တွဲသုံးရတာပါ။ အပြာ၊အနီ၊ အစိမ်း စသည်ဖြင့် အရောင်လေးတွေကလည်း ချစ်စရာကောင်းပါတယ်။
နောက်ထပ် Mini air fun လေးတွေကတော့ လူတွေကြားမှာ ရေပန်းစားပြီး အသုံးများနေတာလေးပါ။ လူတွေကြားမှာတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကိုင်တဲ့ပန်ကာလို့ ခေတ်စားနေပြီး ဆိုင်တွေမှာလည်း အရောင်း သွက်တယ်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တယောက် သင်္ကြန်ကာလတုန်းက အဆိုပါ ပန်ကာမျိုးတွေကို တနေ့တမျိုးမရိုးအောင် ရောင်စုံကိုင်ခဲ့တာကြောင့်လို့လည်း သိရပါတယ်။ ပန်ကာလေးတွေရဲ့ အရောင်များလည်းစုံလင်ပါတယ်။