K-Pop Music ကို ကြိုက်နှစ်သက်ကြတဲ့ မြန်မာပရိသတ်တွေအတွက် K Pop အဖွဲ့များဖြစ်တဲ့ Sistar ၊ Monsta X အပါအဝင် ကိုးရီးယားနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်အဖွဲ့များက လာရောက်ဖျော်ဖြေပေးတော့မှာ ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲကို INNO City Love Sharing Concert လို့ အမည်ပေးထားပြီး လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ Myanmar Event Park (MEP) မှာ ကျင်းပပြုလုပ်မှာပါ။ ပါဝင်ဖျော်ဖြေပေးကြမယ့် အဖွဲ့တွေကတော့ Sistar ၊ Monsta X၊ ကိုရီးယားတိုက်ရိုက်ထုတ်လွှင့်ဖျော်ဖြေပွဲများရဲ့ပေါ့ပ်ဘုရင်မလို့ခေါ်ဆိုကြတဲ့ So Chan Whee နဲ့ ပရိသတ် အားပေးမှုကို လျင်မြန်စွာ ရရှိလာတဲ့ Badkiz အဖွဲ့တို့ပဲ ဖြစ်ပါတယ်။
အဆိုရှင်မိန်းကလေး လေးဦးတဲ့ Sistar အဖွဲ့ရဲ့ Touch My Body သီချင်းဟာဆိုရင် ကမ္ဘာကျော် သီချင်း တပုဒ်လဲဖြစ်ပါတယ်။
အမျိုးသားအဆိုရှင် ၇ ဦးနဲ့ ဖွဲ့စည်းထားတဲ့ Monsta X အဖွဲ့ဟာလည်း ဟစ်ဟော့ပ် လူငယ်အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။
ဒီ ဖျော်ဖြေပွဲကို ကိုရီးယားကုမ္ပဏီ INNO City Group က ပြုလုပ်တာဖြစ်ပြီး ကိုရီးယား-မြန်မာ ယဉ်ကျေးမှုဖလှယ်ဖို့ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင့် ဖျော်ဖြေပွဲမှ ရရှိလာမယ့် ငွေကြေးများ အားလုံးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအား လှူဒါန်းသွားမှာဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းများနဲ့ ဘယ်လိုဝယ်ယူရရှိမယ်ဆိုတာကိုတော့ အနီးကပ်မှ ကြော်ငြာပေးသွားမှာဖြစ်ပြီး အလှူငွေထည့်သွင်းသူများကို လက်မှတ်များပေးသွားမှာလို့လည်း လတ်တလောမှာ ကြော်ငြာထားပါတယ်။ ဖျော်ဖြေပွဲကို Channel 7 ရုပ်သံလိုင်းကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။