ပဋိသန္ဓေတားနိုင်ဖို့ အများဆုံးအသုံးပြုကြတဲ့ ကွန်ဒုံးတွေအပေါ် ယုံကြည်အားထားနိုင်ရေးက သူတို့ကို ဘယ်လို အသုံးပြု သလဲဆိုတဲ့ နည်းလမ်းပေါ်မှာ မူတည်ပါတယ်။ ကွန်ဒုံးမှာလည်း အားနည်းချက်တွေရှိပါတယ်။ ဒါပေမယ့် ဂရုစိုက်မယ် ဆိုရင် လူတိုင်း ကျော် ဖြတ်နိုင် တဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။
ကွန်ဒုံး စွပ်ထားတဲ့ အချိန်မှာ သူတို့ရဲ့ လိင်အင်္ဂါတင်းမာမှုကို ထိန်းမထားနိုင်ဘူးလို့ စောဒက တက်ကြတဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်လို့ ပုံမှန်အထူရှိတဲ့ ကွန်ဒုံးကိုသုံးမယ်ဆိုရင် ဒီလို စိတ်မသက်သာစရာ ကိစ္စမျိုးတွေ ကြုံ ရတတ်ပါတယ်။ အဲဒါဆိုလျှင် ပါးလွှာပေမယ့် အလားတူ ကာကွယ်မှုကိုပေးတဲ့ ကွန်ဒုံးမျိုးကို ပြောင်းပြီး သုံးကြည့် သင့်ပါ တယ်။
နောက်ပြီးတော့ အမျိုးသား သုံးကွန်ဒုံးတွေဟာ အသုံးပြုပုံ မမှန်ကန်ရင် ကျွတ်ထွက်တာ၊ ပေါက်ပြဲတာတွေ ဖြစ်တတ် ပါတယ်။
Latex လို့ခေါ်တဲ့ ရာဘာသားနဲ့ ဓာတ်မတည့်သူတွေအတွက်လည်း ကွန်ဒုံး အသုံးပြုတဲ့နေရာမှာ အဆင်မပြေမှုတွေ ရှိနိုင် ပါတယ်။ latex ကွန်ဒုံးတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ မတည့်သူတွေဟာ polyurethane နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးကို သုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Latex ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ဆီကို အခြေခံတဲ့ ချောဆီတွေ မသုံးရပါဘူး။ Latex ကွန်ဒုံးတွေက ဆီနဲ့ တွေ့တဲ့အခါ မိနစ်ပိုင်းအတွင်း ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို အခြေခံတဲ့ ချောဆီ တွေကို အသုံးပြုရပါမယ်။
အမျိုးသမီး သုံး ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုဟာ ကွန်ဒုံးရဲ့ အတွင်းကိုပဲ ဖြစ်ရပါမယ်။ ကွန်ဒုံးရဲ့ အပြင်ကနေ ထိုးသွင်းမိတာမျိုး မဖြစ်ရပါဘူး။
ကွန်ဒုံးက ပွတ်တိုက်မှုကိုတိုးစေပါတယ်။ တခါတလေမှာ လိင်ဆက်ဆံမှုပြုဖို့ ခက်ခဲတာမျိုးဖြစ်လာတာ ကွန်ဒုံးကြောင့် ဖြစ် နေတတ်ပါတယ်။
ကွဲပြားတဲ့ခံစားမှုတွေကိုပေးတဲ့ အမျိုးအစားတွေ ဒါမှမဟုတ် ပုံစံတွေ ကိုပြောင်းလဲသုံးစွဲသင့်ပါတယ်။ တမျိုးထဲကိုပဲ မကြာ ခန သုံးစွဲနေမယ်ဆိုရင် ခံစားချက် လျော့နည်းလာတာ၊ စိတ်ကျေနပ်မှု သိပ်မရတော့တာ မျိုးတွေ ဖြစ်ပါတယ်။
ကွန်ဒုံးက လိင်ဆက်ဆံမှုကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရတဲ့ အဖြစ်တွေ ကနေကာ ကွယ်ပေးပါတယ်။ ဒါပေမယ့် အရေးကြီးတာက တခုကို တခါပဲ သုံးစွဲဖို့ ဖြစ်ပါတယ်။ နှမျောလို့ပဲ ဖြစ်ဖြစ်၊ အသစ် မရှိလို့ဘဲ ဖြစ်ဖြစ် သုံးပြီးသားကို ပြန်သုံးတာမျိုးက သင့်ကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မှာ မဟုတ်ပါဘူး။
လိင်အင်္ဂါတင်းမာနိုင်မှုပိုင်းမှာ ပြဿနာရှိတဲ့ အမျိုးသားတွေ အတွက်ကတော့ လိင်ဆက်ဆံမှုမပြုခင် ကွန်ဒုံးစွပ်ရတာဟာ ခက်ခဲတဲ့ ကိစ္စတခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ္တရပ်တန့်ပြီး ကွန်ဒုံးစွပ်နေတဲ့ အချိန်မှာ သူတို့အတွက်က တင်းမာနေမှုကို ထိန်းထားနိုင်ဖို့ ခက်ခဲလို့ ဖြစ်ပါတယ်။
ကွန်ဒုံးတွေကို ပုံသဏ္ဍန် အရွယ်အစားအမျိုးမျိုး ရရှိနေတာကလည်း တချို့အတွက် ရှုပ်ထွေးစရာတွေ ဖြစ်လာနိုင်ပါတယ်။ အရွယ် အစားမှားယွင်းသွားပြီဆိုရင် လိင်ဆက်ဆံရင်း ကျွတ်ထွက်သွားနိုင်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့လည်း ကွန်ဒုံးကို သတိထားပြီးကိုင်တွယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ချွန် ထက်တဲ့ လက်သည်းရှည်တွေနဲ့ ထိုးမိရင် ကွန်ဒုံး ပေါက်ပြဲနိုင်လို့ ဖြစ်ပါတယ်။ အပေါ်က ထုတ်ပိုးထားတဲ့ ပလပ်စတစ် ခွံကို ဖောက်တဲ့ အချိန်မှာလည်း ကွန်ဒုံး မတော် တဆပေါက်ပြဲတတ်ပါတယ်။
ကွန်ဒုံးမှာပါဝင်တဲ့ spermicide လို့ခေါ်တဲ့ သုတ်ပိုးသေဆေးရည်နဲ့ မတည့်သူတွေရှိနေတာကလည်း ကွန်ဒုံးသုံးစွဲရာမှာ အဆင်မပြေ ဖြစ် စေတဲ့ အကြောင်းတခုပါ။ တကယ်လို့ လိင်ဆက်ဆံပြီးတဲ့ အချိန်မှာ အဖုအပိန့် ဖြစ်လာတာ၊ ကျိန်းစပ် လာတာတွေ ရှိမယ်ဆိုရင် nonoxynol-9 သို့ မဟုတ် nonoxynol-11 စတဲ့ spermicide တွေ မပါဝင်တဲ့ အမျိုးအစား ကို ပြောင်းလဲ သုံးစွဲကြည့်သင့်ပါတယ်။
ကွန်ဒုံးဟာ စိတ်ချရတဲ့ ပဋိသန္ဓေတား ပစ္စည်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုပုံ ပြုနည်းကတော့ မှန်ကန်ရမှာ ဖြစ်ပါ တယ်။
Source : onlymyhealth.com