Lifestyle

လုပ်ငန်းသုံးယာဉ်အဖြစ် တွေ့မြင်နေရတဲ့ ကိုရီးယားHyundai GRX Starex

This article has been converted from Zawgyi One to Unicode

နယ်ဘက်မှာ ခရီးတို မိုင် ၅၀ ဝန်းကျင် မြို့တွေရဲ့ သွားရေးလာရေးမှာ အရင်က ဒိုင်နာတွေနေရာမှာ အစားထိုး လာတဲ့ Starexတွေရဲ့ နေရာရမှုကတော့ သိသာလွန်းပါတယ်။ စီးနင်းသူ အများစုကလည်း ကားလေး အမြန်ယာဉ်တွေပဲ စီးကြပါတော့တယ်။ ကုန်တင်ဖို့ ရှိတဲ့သူတွေလောက်ပဲ ဒိုင်နာတွေရဲ့အသွားအလာများသလို အဲဒီလို ခရီးသည်တွေရဲ့ စီးနင်းမှု များမှုကလည်း အခုလို GRX Starexတွေကို အဝယ်လိုက်လာစေပါတယ်။

အမြန်ယာဉ်ငယ်လိုင်းလေး တစ်ခုမှာ လိုင်းဝင် အနေနဲ့ နေရာရပြီ ဆိုရင်တော့ ဈေးလည်းချို၊ လုပ်ငန်းလည်း လုပ်နိုင်မယ်၊ အငှားရရင်လည်း လိုက်နိုင်မယ်၊ လိုင်းဝင်ထားသည့်တိုင်အောင် နေ့စဉ် မပြတ် ဆွဲပေးနေဖို့လည်း မလိုဘူး၊ မိသားစုသုံး အနေနဲ့ ဆိုရင်လည်း အဆင်ပြေသေးတယ်၊ နေ့စဉ် ဝင်ငွေလည်း ရနိုင်မယ်၊ ငွေလည်း မသေတော့ဘူးဆိုတဲ့ ပြောစကားတွေနဲ့ အတူ အခု လက်ရှိ ပြည်တွင်းရဲ့ နယ်မြို့က လူအများစုရဲ့ ခြေဦးက အမြန်ယာဉ်ငယ်လိုင်းဘက်ကို လှည့်နေပါတယ်။

များသောအားဖြင့်တော့ Starexမော်ဒယ်တွေ အဝယ်များပြီး မော်ဒယ်ရဲ့ Gradeအပေါ်ကို မူတည်ပြီးတော့ ဈေးက သိန်း ၃၀ကျော်လောက်ထိအောင် ကွာနိုင်တာလည်း ဖြစ်ပါတယ်။ မော်ဒယ် နှစ်အပိုင်းမှာတော့ နယ်ဝယ်လက်၊ လုပ်ငန်း လုပ်မယ့်သူတွေက တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ဆွဲပြီး ပြန်ရောင်းထုတ့် GRX Starexကို နည်းနည်း သဘောကျမိပါတယ်။ အတွင်းခန်း၊ ခရီးသည် လိုက်ပါနိုင်မှု၊ အင်ဂျင်၊ စွမ်းဆောင်ရည်၊ ဝန်တင်ဆောင်နိုင်မှု၊ ဒီလောက်ကြီး မကွာလှပါဘူး။ ဒါပေမယ့် မော်ဒယ်လေး နည်းနည်း နိမ့်သွားတာ ရှိမယ်၊ Grade နည်းနည်း နိမ့်မယ်ပေါ့။

ကိုယ့်လက်ထဲ ကြာကြာမထားဘူး ဆိုရင်တော့ ပြဿနာ မရှိလှပါဘူး။ GRX Starexတွေက ၂၀၀၆ခုနှစ် ဝန်းကျင် ထုတ်တွေ အနေနဲ့ ဈေးကွက် ဝင်တာများပြီး ၂၀၀၈ခုနှစ်နဲ့ နောက်ပိုင်းထုတ်တွေထိအောင် တွေ့ရ ပေမယ့် မော်ဒယ်နှစ် တစ်နှစ်ဆို တစ်နှစ်မှန်း သိသာအောင် ဈေးကွာသွားပါတယ်။ ၂ ဒသမ ၅လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေက လုပ်ငန်းလုပ်ဖို့ အံကိုက်ပါပဲ။ ဝန်လည်း တင်နိုင်မယ်၊ ခရီးသည်လည်း အပြည့် တင်နိုင်မယ်၊ ဆီစားလည်း သက်သာတယ်၊ လိုအပ်မယ် ဆိုရင် ရုန်းကန်နိုင်မှုလည်း သင့်မယ်။

နောက်ပြီး ရုပ်ထွက်ပိုင်းမှာ ပြန်ကြည့်မယ် ဆိုရင်လည်း နောက်ထွက် မော်ဒယ်တွေနဲ့ သိသာတဲ့ ကွဲပြားမှုမျိုး မတွေ့ရပဲ ကိုယ့် အနေနဲ့ လုပ်ငန်း လုပ်တာ မှန်ပေမယ့် အထူးသဖြင့် ရုပ်ထွက်မှာ သန့်သန့်လေး ကိုင်မယ် ဆိုရင် တစ်နှစ် နှစ်နှစ်အတွင်း ဆေးသားနဲ့ အနေအထားကျ မသွားနိုင်သလို ပြန်ထုတ်ချိန်မှာလည်း အဆင် ပြေ စေနိုင်ပါတယ်။

၂၀၀၈ခုနှစ်ထုတ် GRX Starexတွေကို သိန်း ၁၈၀လောက်ထိအောင် အခေါ်ရှိနေချိန်မှာ လုပ်ငန်းသုံး အတွက် အဆင်ပြေနိုင်မယ့် ၂၀၀၆ခုနှစ်ဝန်းကျင်ထုတ် GRX Starexတွေက သိန်း ၁၄၀လောက်ပဲ ဈေးခေါ်နေပါတယ်။ ဒါတောင် ခရီးသည်တင် မော်ဒယ် အနေနဲ့ အဆင်ပြေမယ့် အနေအထားမှာ ထိုင်ခုံသားတွေ၊ ဘောင်တွေ၊ အထိုင်တွေနဲ့ လေအေးပေးစနစ်တွေမှာ အဆင်မပြေတာ ရှိရင် ဈေးက အောက်ဈေးဖြစ်လာနိုင်ပါတယ်။

ကိုယ့်လက်ထဲရောက်မှ လေးအေးပေးစနစ်က မသုံးလည်း ကိုယ့် သဘောပါ။ ဝယ်ချိန်မှာ ဈေးချိုအောင် ပြောမယ် ဆိုရင် GRX Starexတွေက အနာရှာဖို့ လွယ်ပါတယ်။ ဒါဆို ဈေးလည်း ချိုချိုနဲ့ ရနိုင်ပါတယ်။ ဒါကြောင့် GRX Starexချင်း အတူတူ မော်ဒယ်မြင့်ထက် လက်ရှိ လုပ်ငန်း လုပ်လို့ အဆင်ပြေမယ့် ဈေးချိုမယ့် မော်ဒယ်နိမ့် GRX Starexတွေက သဘောကျစရာပါပဲ။

Loading