Lifestyle

ဒီဇိုင်းကောင်းပြီး မြို့တွင်းသုံးအဆင်ပြေတဲ့ Mazda MAZDA3

This article has been converted from Zawgyi One to Unicode

Mazda MAZDA 3 ကို ၂၀၀၃ခုနှစ်ကတည်းက ဈေးကွက်မှာ အစီးရေ ၃သန်းခွဲလောက်ထိအောင် ရောင်းချ ထားနိုင်ခဲ့တာကိုကြည့်မယ် ဆိုရင် မော်ဒယ် သက်တမ်းရင့်မှုနဲ့ အတူ ဈေးကွက်အောင်မြင်မှုကို တွေ့နိုင်သလို နောက်တချက်ကတော့ နည်းပညာနဲ့ ရုပ်ထွက်ပိုင်း ဆန်းသစ်ထားမှုတွေက အခု နောက်ပိုင်း Mazdaရဲ့ ပြိုင်ဖက် မော်ဒယ်တွေ အပေါ် အသာစီးရမှုတွေ ဖြစ်နေတာပါပဲ။

MAZDA3ကို အဓိက အနေနဲ့ ခွဲခြားမယ် ဆိုရင် Gradeအနေနဲ့ “i” နဲ့ “s” ဆိုပြီး နှစ်မျိုးလာပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ အဓိက ကွဲပြားမှုတွေက Trim Levelတွေတင် မဟုတ်ပဲ အင်ဂျင် အပိုင်းမှာပါ “i”က ၂ ဒသမ ၀ လီတာ သုံး လေးလုံးထိုး အင်ဂျင်နဲ့ “s” မှာကျတော့ ၂ ဒသမ ၅လီတာသုံး လေးလုံးထိုး အင်ဂျင်တွေ တပ်ဆင်ထားမှာ ဖြစ်တာကြောင့် အင်ဂျင်အရွယ်ချင်းလည်း ကွဲပြားပါသေးတယ်။

ဒါ့အပြင် နောက်ဆက်တွဲ မော်ဒယ် အနေနဲ့ MAZDA3ကိုပဲ SUVအဖြစ်နဲ့ ပုံစံပြောင်းပြီး CX-5မော်ဒယ် အဖြစ်နဲ့ ထုတ်လုပ်သေးတာ တွေ့ရပါတယ်။ အဲဒီ CX-5ဆိုတာကလည်း ဈေးကွက်မှာ အောင်မြင်နေတာပါပဲနော်။

မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ဆိုရင် လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှု ကောင်းမွန်တယ်၊ ဆီစားနှုန်း အထူးသက်သာတယ်၊ အရှိန်မြှင့်တင်နိုင်မှု မြန်ဆန်တယ်၊ အတွင်းဘက် အပြင်အဆင်တွေ အရည်အသွေး စံမီတယ်၊ Hatchbackလို ကိုယ်ထည်ဒီဇိုင်းမျိုးလည်း ရွေးချယ်နိုင်တယ်၊ Featureအပိုင်းမှာလည်း အဆင့်မြင့်တယ်၊ များပြားတယ်၊ ခေတ်မီတယ်၊ ဒီတော့ MAZDA3က စမ်းပြီး မောင်းချင်စရာကောင်းလောက်တဲ့ အမျိုးအစား တစ်မျိုး ဖြစ်လာပါတယ်နော်။

ဒါပေမယ့် အရှိန်မြင့်မောင်းနှင်မှုတွေ လုပ်ဆောင်နေတဲ့ အချိန်တွေမှာ ၂ ဒသမ ဝလီတာသုံး အင်ဂျင်တပ် မော်ဒယ်က ဆူညံသံ အနည်းငယ် ထွက်ချင်ပါတယ်။ ဒါကြောင့် MAZDA3ထဲက နောက်ထပ် မော်ဒယ် ဖြစ်တဲ့ ၂ ဒသမ ၅လီတာသုံး အင်ဂျင်တပ် မော်ဒယ်က ပိုပြီး သဘောကျစရာပါ။

ဆီဒင် အမျိုးအစား ဖြစ်ပြီးတော့ ခရီးသည် ၅ယောက် စီးနင်းနိုင်မယ်၊ အနီရောင်၊ အနက်ရောင်တွေ အပါအဝင် အခြားသော စုစုပေါင်း ၈ရောင်ထိအောင် ရွေးချယ်ဝယ်ယူနိုင်မယ်။ အတွင်းဘက်ကတော့ ကိုယ်ထည်ဦးစားပေး ပုံစံ ၃မျိုး ဈေးကွက်ဝင်တာ တွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားက အလျား ၁၅ပေနဲ့ တစ်လက်မ နီးပါး ရှိမှာ ဖြစ်ပြီးတော့ မျက်နှာစာ အကျယ်က ၅ပေနဲ့ ၉လက်မကို တစ်စိတ်ကျော်ပါ့မယ်။ ကားရဲ့ အမြင့်က ၄ပေနဲ့ ၁၀လက်မကို တစ်စိတ်ပဲ လျော့မှာ ဖြစ်ပြီးတော့ ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၄ ဒသမ ၇ လက်မ ပဲ ရှိမှာပါ။

အလေးချိန် ပေါင် ၂၈၀၀ကျော်ရှိမယ့် ဆီဒင်တစ်စီးကို ဝန်အလေးချိန် ပေါင် ၈၀၀လောက်တင်ပြီး ရုန်းနိုင်အောင် တပ်ဆင်ထားတဲ့ အင်ဂျင်က ၂ ဒသမ ဝလီတာသုံး လေးလုံးထိုး အင်ဂျင် ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ ရုန်းအားက တစ်မိနစ် လည်ပတ်အား အပတ်ရေ ၄၅၀၀မှာ ရုန်းအား ၁၃၅ပေ-ပေါင်ကို စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၁၄၈ကောင်အား ဖြစ်ပါတယ်။

MAZDA3မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၄ ဒသမ ၅ဂါလံ ဖြစ်ပြီး ပျမ်းမျှ ဆီစားနှုန်း ဆီတစ်ဂါလံ ပျမ်းမျှ ၂၈မိုင်နဲ့ တွက်ရင်လည်း ပိုလို့တောင် အထာကျနေပါသေးတယ်။အသေးစိတ်ဆီစားနှုန်းကို ကြည့်မယ် ဆိုရင် မြို့တွင်းလမ်းကြောင်းတွေမှာ ဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ ၂၅မိုင်နှုန်းနဲ့ အဝေးပြေး လမ်းကြောင်းတွေမှာ ဆိုရင် ၃၃မိုင်လောက်ထိအောင် မောင်းနိုင်မှာပါ။

ရှေ့ဘီးယက် စနစ်နဲ့ ထုတ်လုပ်ထားတာ တွေ့ရပြီးတော့ ဂီယာချက် ၅ချက်ကို Manualစနစ်နဲ့ သုံးနိုင်မှာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီ ကီလို မီတာ ၁၀၀နှုန်းကို အချိန် ၈စက္ကန့် နီးပါးလောက်ထိအောင် ယူမှာ ဖြစ်တာကြောင့် လေးလုံးထိုး အင်ဂျင်တပ် ကားတစ်စီး အတွက် သင့်တော်တဲ့ အနေအထားပါ။

Loading