Lifestyle

ချစ်စရာကောင်းတဲ့ ထီး ဒီဇိုင်းအဆန်းများ

This article has been converted from Zawgyi One to Unicode

လူကြီး၊ လူငယ်၊ ကောင်မလေးနဲ့ ကောင်လေးတွေ အားလုံးအတွက် မရိုးနိုင်တဲ့ ဖက်ရှင် ဒီဇိုင်းပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်း အသစ်အဆန်းတွေ နေ့စဉ်မရိုးနိုင်အောင် အမျိုးအစားစုံလင်စွာ ပေါ်ထွက်နေတဲ့ ယနေ့ခေတ်မှာ သူထက်ငါ အပြိုင်အဆိုင် ဒီဇိုင်းဆန်းတွေနဲ့ လှပနေကြတာ က မဆန်းတော့တဲ့ကိစ္စတခုပါ။

အခုလို မိုးဦးရာသီ ရောက်ရှိတော့မှာ ဖြစ်သလို ကျောင်းဖွင့်ချိန်တွေလည်း ပြန်လည် နီးကပ်လာတဲ့အချိန်မှာ အသုံးအဆောင်တွေရဲ့ ဒီဇိုင်းတွေက ယခင်ထက် ပိုပြီး အသစ်အဆန်းတွေ ထွက်ရှိလာပါတယ်။ နွေရာသီမှာ ဖြစ်ဖြစ် မိုးရာသီမှာ ဖြစ်ဖြစ် ကောင်လေး၊ ကောင်မလေး နဲ့ လူကြီးလူငယ် အားလုံးအတွက် အရေးပါတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ထီးလည်း အပါအဝင်ပါ။

ဒီတခေါက်မှာတော့ ဒီဇိုင်းဆန်းသစ်ပြီး ဖက်ရှင်ကျကျဆောင်းနိုင်မယ့် ချစ်စရာကောင်းတဲ့ ဒီဇိုင်းတွေ နဲ့ ထီးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ အပြာ၊ အဝါ၊ အစိမ်းနုနဲ့ ပန်းရောင်စတဲ့ လူငယ်ဆန်တဲ့ အရောင်အသွေး၊ ခေတ်မှီလှပတဲ့ ဒီဇိုင်းတွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး ထီးရဲ့ လက်ကိုင်ရိုးမှာလည်း အရုပ်ငယ်တွေ နဲ့ ဖန်တီးထားတာကြောင့် အထူးသဖြင့် မိန်းကလေးတွေနဲ့ ပိုပြီးလိုက်ဖက်မယ့် ထီးပုံစံ ဖြစ်ပါတယ်။

အဲဒီထီးတွေဟာ တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်သလို အရွယ်အစားအားဖြင့်  အသေးနဲ့ အကြီး ဆိုပြီး ၂ မျိုး ရရှိနိုင်ပြီး ထီးအသေး ၇၅၀၀ ကျပ် နဲ့ ထီးအကြီး ၈၅၀၀ ကျပ် ဖြစ်ပါတယ်။

ထီး
ဒီဇိုင်းအဆန်းနဲ့ ထီးများ (ဓာတ်ပုံ- Eindra Store online shopping)

ဆိုင် တာဝန်ရှိသူရဲ့ အဆိုအရ မိုးရာသီရောက်ရှိတော့မှာ ဖြစ်တာကြောင့် ထီးဒီဇိုင်း အသစ်တွေလည်း ထပ်မံ ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

ထီးတွေကိုတော့ Eindra Store online shopping က တဆင့် အွန်လိုင်းမှာ ဝယ်ယူနိုင်ပြီး ဆိုင်ထိသွားရောက်ဝယ်ယူချင်သူတွေအတွက် ဆိုင်လိပ်စာကတော့ အမှတ် ၁၆၇-၁၇၁၊ ၆လွှာ B၊ လမ်း ၅၀ အပေါ်ဘလောက်၊ ပုဇွန်တောင်မြို့နယ် မှာ ဝယ်ယူလို့ရမှာပါ။

Loading