နိုင်ငံတကာသီချင်းတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဒီတပတ် မကြားသေးခင်က ထွက်ရှိထားတဲ့ Meghan Trainor ရဲ့ “Me too” လို့ အမည်ရတဲ့ Music Video နဲ့ မိတ်ဆက် ပေးချင်ပါတယ်။
အဲဒီသီချင်းနဲ့ မိတ်ဆက်ပေးချင်ရတဲ့ အကြောင်းရင်းကတော့ ဒီတပတ် Friday mood နဲ့လည်း ကိုက်ညီအောင် မြူးမြူးကြွကြွ Beat သံတွေနဲ့ သီချင်းကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖန်တီး ထားတာ ကြောင့်ပါ။
အဆိုတော် Meghan Trainor ဟာ မကြာသေးခင် နှစ်တွေအတွင်းက “All about that base” သီချင်းနဲ့ လူသိများလာတဲ့ အဆိုတော်တဦးပါ။
မြူးကြွနေတဲ့ Bass သံ၊ Beats သံတွေနဲ့ ဖန်တီးထားတဲ့ သူ့ရဲ့ “Me too” သီချင်းက အခုလို သီတင်းပတ် အားလပ်ရက်မှာ နားထောင်ဖို့ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။
Meghan အနေနဲ့ ဒီ Music Video ကို တင်ပြီးတဲ့အခါ Music Video မှာ တွေ့ရတဲ့ သူ့ရဲ့ Body ဟာ Photoshop လုပ်ထားတဲ့အတွက် သိပ်သဘောမတွေ့ဘူးဆိုပြီး Twitter မှာ Tweet လုပ်ထားပါသေးတယ်။ သူ့ရဲ့ Body ကို ပိုပြီး ပိန်သွယ်တဲ့ သဏ္ဍာန်ဖြစ်အောင် အထူးသဖြင့် သူ့ရဲ့ Waist ကို ပိုပြီးသွယ်လျ သွားအောင် Retouch လုပ်ထားတာကြောင့် Youtube မှ ပြန်လည် ဖြုတ်ချခဲ့ပြီး အသစ် ပြန်လည်တင်ခဲ့ပါတယ်။
Youtube မှာ မေလ ၁၀ ရက်နေ့က တင်လုပ်ထားတဲ့ Meghan Trainor ရဲ့ “Me too” Music Video ဟာ အခုဆိုရင် ကြည့်ရှုသူ အရေအတွက် ၅ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။ သီချင်းတပုဒ်လုံးက အခုခေတ် ဗန်းစကားအရဆို “ချေ” နေပြီး “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်” ဆိုတဲ့ ခံစားချက်ပါအောင် ရေးဖွဲ့ ထားတာ တွေ့ရပါတယ်။
သာမန်ထက် Body အချိုးအစား ကြီးလွန်းနေတဲ့သူတွေကို စိတ်ပျက် အားမငယ်ဖို့ ၊ ကိုယ်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ “All about that base” သီချင်းကို ရေးစပ် သီဆိုခဲ့တဲ့ Meghan Trainor ရဲ့ “Me too” Music Video အသစ်လေးကို နားထောင်ပြီး မြူးကြွတဲ့ Base အသံတွေနဲ့ ဖန်တီးထားတဲ့ ဒီသီချင်းသစ်က သီချင်းချစ်သူတွေရဲ့ Mood ကို အဆုံးစွန်ထိ မြင့်တက်စေမှာ အသေချာပါပဲ။