Lifestyle

စိတ်ဖိစီးမှုနဲ့ လိင်မှုကိစ္စ ဘယ်လို ဆက်နွယ်နေသလဲ

This article has been converted from Zawgyi One to Unicode

စိတ်ဖိစီးမှုက စိတ်ခံစားမှုအပေါ်မှာ၊ အအိပ်အနေအပေါ်မှာ နဲ့ ကိုယ်ခန္ဓာကို သက်ရောက်မှုရှိတယ်ဆိုတာ လူတိုင်းသိကြ ပါတယ်။ ဒါပေမယ့် လိင်မှုကိစ္စ အပေါ်မှာလည်း သက်ရောက်မှုဖြစ်စေတယ် ဆိုတာကို သိကြပါသလား။ အဲဒီဆက်နွယ်မှု ကို ဥပေက္ခာပြုထားမယ်ဆိုရင် စိတ်ဖိစီးမှုက လူတယောက်ရဲ့ လိင်မှုဆန္ဒနဲ့ တုန့်ပြန်မှုတွေကို သိသိသာသာ လျော့ပါး သွားစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ချေဖျက်နိုင်ဖို့ စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်ကို သိဖို့လိုပါတယ်။

ကမ္ဘာဦးလူသားတွေရဲ့ ခေတ်ကတော့ စိတ်ဖိစီးမှုဆိုတာ ဘဝရှင်သန်ရေးအတွက် တွန်းအားတခုဖြစ်ပါတယ်။ အန္တရာယ်နဲ့ ကြုံလာတဲ့ အချိန်မှာ ရှေးဦးလူသားတွေက စိတ်ဖိစီးမှုက သေမထူး နေမထူးတုန့်ပြန်မှု ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ အဲဒီနည်းနဲ့ပဲ သူတို့တွေ အန္တရာယ် အမျိုးမျိုးကို ကျော်ဖြတ် ရပ်တည်နိုင်ခဲ့ကြပါတယ်။

ဒီနေ့ မျက်မှောက်ခေတ်မှာတော့ စိတ်ဖိစီးမှုဆိုတာ များသောအားဖြင့် လုပ်စရာတွေ အရမ်းများတာ၊ လုပ်ဖို့ အချိန်မရှိတာ၊ လုပ်ငန်းခွင်မှာ အခက်အခဲတွေရှိတာ၊ မိသားစုတွင်းမှာ ပြဿနာတွေရှိနေတာ စတာတွေရဲ့ အကျိုးဆက် ဖြစ်လာပါတယ်။ ဒါပေမယ့် ရှေးခတ်လူသားတွေလို ထွက်ပေါက်ရှိမနေပါဘူး။ ထွက်ပြေးလို့ မရနိုင်ပါဘူး။ အဲဒီလို မလုပ်နိုင်တဲ့ အတွက်တခါ ထပ်ပြီးတော့ စိတ်ဖိစီးမှုကို ခံစားရပြန်ပါတယ်။

ဒီလို စိတ်ဖိစီးမှုခံစားချက်တွေက လိင်စိတ်ဆန္ဒတွေကို တိုက်စားပစ်နိုင်ပါတယ်။ လိင်ဆက်ဆံမှုကြောင့် ကျေနပ်နှစ်သိမ့်မှုကို မရနိုင်သလို မောပန်း နွမ်းနယ်မှု၊ ငြီးငွေ့မှုတွေကို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် စိတ်ဖိစီးမှုရဲ့ ဆိုးကျိုးတွေကို သိနေရင်တောင် အဲဒါတွေကို ဖယ်ရှားဖို့က သိပ်မလွယ်ကူပါဘူး။ ဒါကြောင့် စိတ် ဖိစီးမှုကို လျော့ကျစေပြီး အိမ်ထောင်ရေး သုခကို ရစေနိုင်မယ့် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တက်တက်ကြွကြွနေတာက စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖယ်ရှားပေးနိုင်တဲ့နည်း ဖြစ်ပါ တယ်။ တနေ့တာ လုံးအလုပ်လုပ် ခဲ့ရတဲ့သူတယောက် အတွက် လေ့ကျင့်ခန်းလုပ်ချင်တဲ့ ဆန္ဒရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေ မယ့် မိနစ် ၂၀ နာရီဝက်လောက် ချွေးထွက်အောင်လေ့ကျင့်ခန်း လုပ်လိုက်တာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ စက်ကိရိယာတွေနဲ့ မကစားချင်ဘူးဆိုရင် ရေကူးတာ၊ တင်းနစ်ရိုက်တာတွေလဲ လုပ်နိုင်ပါတယ်။ ယောဂ လေ့ ကျင့်တာလဲ နည်းလမ်းကောင်းတခုပါပဲ။ ကိုယ်လက် လှုပ်ရှား ကစားခြင်းက လိင်မှုဆိုင်ရာ စွမ်းရည်ကိုလည်း ထိခိုက် ကျဆင်းစေမှာ မဟုတ်ပါဘူး။

တကယ်လို့ တနေ့တာ ကုန်ခါနီးတဲ့ အချိန်မှာ စိတ်ဖိစီးမှု ဖြစ်လာတတ်တယ်ဆိုရင်တော့ စိတ်ခံစားမှု အပြောင်းအလဲဖြစ် အောင် အလုပ် အစီအစဉ်တွေကိုပြောင်းလဲ ကြည့်လိုက်ပါ။ အရေးကြီးတဲ့ အလုပ်တွေကို စွမ်းအင် အပြည့်ဝဆုံးဖြစ်တဲ့ မ နက်ခင်းတွေမှာလုပ်ကြည့်ပါ။ နောက်ပြီးတော့ အနားယူဖို့ မမေ့ပါနဲ့။ မိနစ် ၉၀ လောက် ဆက်တိုက် အာရုံစူးစိုက်ပြီး အလုပ် လုပ်ပြီး ပြီဆိုရင် ၅မိနစ် ၁၀ မိနစ်လောက် ခနနားပါ။ အသက်ကို ဝအောင်ရှူပါ။ သီချင်း နားထောင်တာ ဟိုနားဒီနား ခန တဖြုတ် လမ်းလျှောက်တာတွေလည်း လုပ်နိုင်ပါတယ်။ ခနတဖြုတ်နားလိုက်ရတာက စိတ်ကို အနားရစေပါတယ်။ အလုပ် ပြန်စတဲ့ အခါမှာလည်း ပြန်လည် လန်းဆန်းနေပါတယ်။

တကယ်တော့ ကိုယ့်စိတ်ကို ကိုယ်ပဲ ပိုင်ပါတယ်။ ကိုယ့်ရဲ့ ခံစားမှုတွေ အမြင်တွေကို ကိုယ်ကပဲ ဆုံးဖြတ်တာပါ။ ဒါကြောင့် တနေ့တာ စတင်တာနဲ့ အကောင်းဘက်ကကြည့်တဲ့ ခံစားမှု ကိုမွေးနိုင်အောင်ကြိုးစားပါ။ မနက်မိုးလင်းတာနဲ့ ဒီနေ့ ဘာတွေ ကို ဘယ်လောက် အထိလုပ်မယ်ဆိုတာကို ကြိုတင်စိတ်ပိုင်း ဖြတ်လိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ပြည့် ပြီဆိုတာနဲ့ အ လုပ်ကို ပြတ်ပြတ်သားသား ရပ်လိုက်ပြီး နောက်နေ့မှ ဆက်လုပ်ဖို့ ထားလိုက်ပါ။ ကြိုးကြိုးစားစားနဲ့ တနေကုန် အလုပ် လုပ် ရတဲ့ အတွက် အနားယူဖို့ လိုအပ်တယ်၊ အနားယူဖို့ ထိုက်တန်တယ်လို့ လည်း စိတ်ကို ဆုံးဖြတ်ထားပါ။ စိတ်ဖိစီးမှုတွေ လျော့ကျသွားပြီ၊ ပျောက်ကွယ်သွားပြီဆိုရင် နေ့ခင်းဘက်မှာ ၁၀၀ ရာခိုင်နှုန်း အလုပ်လုပ်နိုင်သလို ညဘက်ရောက်တဲ့ အခါလည်း ၁၀၀ ရာ ခိုင်နှုန်း ပျော်ရွှင်မှုကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Source:everydayhealth.com

Loading