Lifestyle

Colgate Palmolive ပညာသင်ဆုရရှိသူများအား ဆုငွေများ ပေးအပ်

This article has been converted from Zawgyi One to Unicode

Colgate Palmolive မှ လေးလကြာပြုလုပ်ခဲ့တဲ့ ပညာသင်ဆုအစီအစဉ်မှာ ဆုရရှိသူ ၃၅ ဦးအနက် ၁၀ ဦးကို ဆုများပေးအပ်ခဲ့ပါတယ်။ ဒီပွဲကို ရန်ကုန်မြို့Park Royal Hotel မှာ ဒီနေ့ နေ့လည် (၁၁)နာရီက ကျင်းပခဲ့ပါတယ်။

ဒီ အစီအစဉ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုရရှိသူ သုံးဦးအား တစ်ဦးကို ပညာသင်ဆုငွေကျပ် (၅၄)သိန်းစီနဲ့ ဒုတိယဆုရရှိသူ (၃၂) ဦးကိုတော့ တစ်ဦးလျှင် ပညာသင်ဆုငွေကျပ် ၅၄၀၀၀၀ (ငါးသိန်းလေးသောင်းကျပ်)စီ ပေးအပ်ခဲ့ပါတယ်။ ဆုရရှိသူများထဲမှာ ကျောက်တော်၊ မကွေး၊ မြစ်ကြီးနား၊ စစ်ကိုင်းနှင့် ထားဝယ်မြို့များ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကလေးငယ်များလည်း ပါဝင်ပါတယ်။

“ကျနော်တို့ Colgate ပညာသင်ဆုအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က မြန်မာကလေးငယ်တွေ ပညာသင်ယူရာမှာ ပိုပြီး အထောက်အပံ့ပေးဖို့ပါပဲ။ မြန်မာပြည်က ကလေးငယ်တစ်ယောက်ချင်းစီတိုင်း ဟာ ပညာသင်ဖို့ အခွင့်အရေးမရရှိကြပါဘူး။ ဒါကြောင့် ပညာသင်ခွင့်မရရှိသေးတဲ့ မြန်မာပြည်က ကလေးငယ်တွေအတွက် Colgate က ကူညီပံ့ပိုးပေးချင်တာပါ။ Colgate ရဲ့ လူမှုအကျိုးပြုလုပ်ငန်း ဆိုင်ရာ သန္နိဋ္ဌာန်တွေရဲ့တစိတ်တဒေသအဖြစ် ကလေးငယ်တွေအတွက် အမှန်တကယ်ထိုက်တန်တဲ့ ပညာရေးရှိအောင် Colgate က မိသားစုတွေကို ငွေသားပညာသင်ဆုတွေ ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်” လို့ Colgate- Palmolive Myanmar ရဲ့Country Manager. Mr Dgeeraj Chawia က ပြောပါတယ်။

Loading