ကွီးနဲ့ ခေးတို့ ကြိုက်မယ့် အကျီဒီဇိုင်းအလန်းများ
This article has been converted from Zawgyi One to Unicode
အကျီ ဒီဇိုင်းမျိုးစုံကို သူထက်ငါ လန်းအောင် ဝတ်စားလာကြတဲ့ ဒီဘက်ခေတ်မှာ မိန်းကလေးတွေရော ယောကျာ်လေးတွေပါ အထာကျကျလေးနဲ့ ဖက်ရှင်ကို ဦးစားပေးဝတ်ဆင်လာတတ်ကြတာပါ။

ဒီလို ဖက်ရှင်တွေထဲမှာ လူငယ်ချစ်သူစုံတွဲတွေအတွက် ဆင်တူအကျႌလေးတွေရှိပြီး ချစ်သူမရှိတဲ့ single တွေ၊ အကျႌမရှိလို့ စိတ်ညစ်နေသူတွေအတွက် Forever Alone တံဆိပ်ပါ အကျႌလေးတွေပါ ထွက်ရှိလာခဲ့တာ သတိထားမိပါတယ်။

ဒါ့ထက် လတ်တလော ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ဗန်းစကားတခုလို သူသူငါငါ အသုံးပြုနေကြတဲ့ ကွီး၊ ခေး စတဲ့ စကားလုံးတွေကိုလည်း ချစ်သူစုံတွဲတွေအတွက် အထာကျကျသုံးထားတဲ့ အကျီဒီဇိုင်းလေးတွေပါ ထွက်ရှိလာတာ တွေ့ရပါတယ်။
“စိတ်ကူးထားတာတော့ ကြာပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ valentine day ကမှ လုပ်ဖြစ်ခဲ့ပါတယ်။ facebook မှာ ခေတ်စားလာတဲ့ စကားလေးတွေကို အသုံးပြုပြီး လုပ်မယ်ဆိုတဲ့ စိတ်ကူးပေါ့နော်။ ဘယ်သူမှလည်း မလုပ်ကြသေးဘူးဆိုတော့လေ။ အပြင်ဆိုင်တွေပေါ်ကိုတော့ မဖြန့်ဖြစ်သေးပါဘူး။ ဝယ်ယူချင်သူတွေက အိမ်နဲ့ online shopping မှာ မှာပြီး ဝယ်လို့ရနိုင်ပါတယ်။ အိမ်က မန္တလေးမှာဆိုတော့ ရန်ကုန်နဲ့ တခြားမြို့တွေက မှာရင် ကားဂိတ်ကနေ ပို့ပေးပါတယ်” လို့ Slang Online Shopping ပိုင်ရှင်လည်းဖြစ် အဆိုပါ အကျီစာလုံး ဒီဇိုင်းများကို ဖန်တီးသူ မရွန်းလဲ့ပြည့်စုံလင်းက ပြောပါတယ်။
စလုပ်ခါစမှာတော့ လူငယ်တွေအနေနဲ့သဘောကျ လက်ခံကြပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ လုပ်ခဲ့ပေမယ့် တကယ်တမ်း လက်ခံသဘောကျတာကို တွေ့မြင်လာရလို့ ပျော်မိပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ယောက်ျားလေးတွေအတွက် M, L, XL size တွေရရှိမှာဖြစ်ပြီး မိန်းကလေးတွေအတွက်တော့ crop top ဒီဇိုင်းလေးတွေကို free size ရရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်ထည်ကို (၈၅၀၀)ကျပ်ဖြစ်တာမို့ သင့်တော်တယ်လို့ ဆိုရမှာပါ။