• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

သဘာဝအလှတွေနဲ့ နတ်ကျုံးရေတံခွန်

by အေးမွန်ရာပြည့်
21 May 2016
in Lifestyle
A A
နတ်ကျုံးရေတံခွန်

နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ - ဇော်ဇော်/ဧရာဝတီ)

9.9k
VIEWS
Share on FacebookShare on Twitter
နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
နတ်ကျုံးရေတံခွန်
နတ်ကျုံးတောထဲက ရန်ကုန်ကျောင်း ပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ဖေ့ဘုတ်လူမှုကွန်ရက်တွေ အသုံးပြုမှုတွေများလာတဲ့နောက်ပိုင်းမှာမှ ပိုပြီးနာမည်ကြီးလာတဲ့ ရေတံခွန်လေး တခုနဲ့ စာဖတ်သူတွေကို မိတ်ဆက်ပေးပါရစေ။

ပြင်ဦးလွင်မြို့အနီးတဝိုက်မှာပဲရှိပြီး လမ်းပန်းဆက်သွယ်ရေးကလည်းကောင်း၊ ဓာတ်ပုံရိုက်လို့ကလည်း အဆင်ပြေ၊ ပြီး တော့ လာရောက်လည်ပတ်သူတွေလည်း သိပ်အများကြီးမရှိသေးတဲ့ ရန်ကုန်ကျောင်းရေတံခွန်ဆိုတာပဲဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
392
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
825
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

နတ်ကျုံးတောထဲက ရန်ကုန်ကျောင်းအမည်ရ ဘုန်းကြီးကျောင်းပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။

ရန်ကုန်ကျောင်းရေတံခွန်မတိုင်ခင်ကတော့ ပြင်ဦးလွင်ကို အလည်လာကြသူတွေ အများဆုံး မဝင်မဖြစ်ဝင်ပြီး ရေချိုး၊ ရေကစားလေ့ရှိကြတာက ပွဲကောက်ရေတံခွန်ပါ။ ဘီအီးဖော(BE Fall)လို့လည်း အများက သိကြတယ်။ ပြင်ဦးလွင်မြို့ အဝင်က နာမည်ကြီး ဓာတ်တော်ချိုင့်ရေတံခွန်ကတော့ အတက်အဆင်းကြမ်းပြီး ပင်ပန်းလွန်းလို့ သိပ်မသွားကြပါဘူး။

ပြီးခဲ့တဲ့တနှစ်၊ နှစ်နှစ်အတွင်းမှာတော့ ပြင်ဦးလွင်ကို လာရောက်လည်ပတ်သူတွေဟာ ရန်ကုန်ကျောင်း(နတ်ကျုံး) ရေတံခွန် ကို အသစ်အဆန်းနေရာတခုအဖြစ် အသွားအလာ များလာကြတယ်။

ဒီရေတံခွန်ကို အရောက်သွားချင်ရင်တော့ ပထမဆုံးအနေနဲ့ ရန်ကုန်ကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းကို အရင်ဆုံး သွားရ မှာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကနေ လားရှိုးမြို့ဘက်ကို ထွက်တဲ့လမ်းဘက်အတိုင်း သွားရမှာပါ။
မြို့ပြင်ရောက်တဲ့အထိ တော်တော်လှမ်းလှမ်းလေးထွက်ပြီးလို့ ဒီဇင်ဘာနွားနို့ခြံတို့၊ တိုးဂိတ်တို့ကျော်ရင် မြောက်ဘက်ခြမ်းမှာ ရန်ကုန်ကျောင်းလို့ ရေးထားတဲ့ မုခ်ဦးပေါက်ဝကြီးကို တွေ့ရပါလိမ့်မယ်။

ဒီမုခ်ဦးကြီးကနေ အောက်ကိုဆင်းသွားရမှာပဲ ဖြစ်ပါတယ်။ လမ်းက ကွန်ကရစ်လမ်းခင်းထားပေမယ့် အတက်အဆင်း ကတော့ နည်းနည်းမတ်ပါတယ်။ တချို့အကွေ့တွေကလည်း ကြီးပါတယ်။ ဒါပေမယ့်လည်း ယာဉ်အန္တရာယ်ဖြစ်လောက် အောင်အထိတော့လည်း မဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့တောင်မှ အလွယ်တကူ သွားလာနိုင်ပါတယ်။

မုခ်ဝကနေ ကားနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ၅မိနစ်လောက် မောင်းလိုက်မယ်ဆိုရင် နောက်ဆုံးမှာ ဘုန်းကြီးကျောင်းကြီး တကျောင်းကို တွေ့ရမယ်။ ဒီဘုန်းကြီးကျောင်းက ရန်ကုန်ကျောင်းပါပဲ။

ဒီနေရာမှာ ရန်ကုန်ကျောင်းအကြောင်းကိုလည်း နည်းနည်း ဖြည့်စွက်ဖော်ပြပါဦးမယ်။ နတ်ကျုံးတောအတွင်းထဲမှာ ရှိလို့ နာမည်အပြည့်အစုံကတော့ နတ်ကျုံးတောရ၊ ရန်ကုန်ကျောင်းလို့ အမည်တွင်တာပါ။
ရန်ကုန်ကျောင်းတိုက်တည်ရှိရာ နတ်ကျုံးတောဟာ ပြင်ဦးလွင်မြို့နဲ့ အနီးတဝိုက်မှာ အင်မတန်နတ်ကြီးတယ်လို့ နာမည်ကျော်ကြားတယ်။

ရန်ကုန်ကျောင်း စတင်တည်ထောင်ခဲ့တာကတော့ ၁၉၈၈ခုနှစ်ဝန်းကျင်လောက်ကတည်းကပါ။ ကျောင်းစဆောက်ဖြစ်ခဲ့ ချိန်ကတော့ ဒီပတ်ဝန်းကျင်ဟာ တောကြီး။ တောင်ငူမြို့အရှေ့ဘက်မှာရှိတဲ့ ရန်ကုန်ကျောင်းက တိုက်အုပ်ဆရာတော် ဘုရားကြီးက ရာသီဥတုပူတဲ့အချိန်တွေမှာ နတ်ကျုံးတောထဲမှာ တောရဆောက်တည်ပြီး နေရာကတဆင့် နတ်ကျုံးတောရ ရန်ကုန်ကျောင်းဆိုပြီး ဖြစ်တည်ခဲ့တာပါ။ ဒါပေမယ့်လည်း ရန်ကုန်ကျောင်းနဲ့ ရေတံခွန်ကို တွဲဖက်ပြီး လူသိများလာတာက တော့ ၂၀၁၀ခုနှစ် ဝန်းကျင်နောက်ပိုင်းလောက်မှပါ။

ရန်ကုန်ကျောင်းဝင်းထဲကို ရောက်ရောက်ချင်း ဆိုင်ကယ်တွေ၊ ကားတွေ စီတန်းပြီး စနစ်တကျ ရပ်ထားတာ တွေ့ရတယ်။ ကျောင်းဝင်းထဲကို ဝေ့ကြည့်လိုက်တော့ သစ်ပင်ခြေရင်းကို ပတ်ခွေထားတဲ့ ကွန်ကရစ်အုတ်ခုံခြေရင်းမှာ လူတစုထိုင်ပြီး ကျောင်းထိုင်ဘုန်းကြီးကို ကန်တော့နေကြတယ်။ ခဏအကြာမှာတော့ ဘုန်းကြီးက သူတို့လူအုပ်စုကြီးအတွက် ဆွမ်း တော်ချ ဖီးကြမ်းငှက်ပျောဖီးကြီးတွေ ပေးနေတာ တွေ့ရတယ်။ လူတွေက ငှက်ပျောဖီးကြီးတွေယူပြီး ရေတံခွန်သွားတဲ့ဘက် ကို ထွက်သွားကြတယ်။

ဘုန်းကြီးက ဆိုင်ကယ်တွေကားတွေ ရပ်လိုက်ပြီဆိုတာနဲ့ ငှက်ပျောသီးလာယူဖို့ လှမ်းခေါ်ပြီး ရေတံခွန်ကို ဘယ်လို သွားရ မယ်ဆိုတာ လမ်းညွှန်ပေးတတ်တယ်။ ဒါကြောင့် ဒီလိုမြင်ကွင်းမျိုးတွေကို ရန်ကုန်ကျောင်းဝင်းထဲမှာ နေ့စဉ် တွေ့ရပါမယ်။

ရန်ကုန်ကျောင်းကနေ ရေတံခွန်လေးရှိတဲ့နေရာရောက်ဖို့ဆိုရင် ဆယ်မိနစ်ကျော်ကျော် ၁၅မိနစ်လောက် လမ်းလျှောက်ရ သေးတယ်။ ရန်ကုန်ကျောင်းရဲ့အနောက်ဘက်ကျကျလောက်မှာရှိတဲ့ လှေကားထစ်လေးတွေကနေ ဆင်းသွားရင် သစ်ပင် တွေနဲ့ အုံ့ဆိုင်းပြီး စိမ်းစိုနေတဲ့ စမ်းချောင်းလေးရှိတယ်။

နွေရာသီ ရေထွက်နည်းနေတဲ့အချိန်ဖြစ်လို့လားတော့ မသိ။ စမ်းချောင်းထဲကရေတွေ မစီးဆင်းဘဲ ငြိမ်နေတယ်။ ဒီစမ်း ချောင်းလေးကိုဖြတ်ဖို့ သစ်သားတံတားလေးရှိတယ်။ ထင်ကျော်တံတားတဲ့။ တံတားနာမည်က သမ္မတကြီးနာမည်နဲ့မို့ စိတ်ထဲ ထူးထူးခြားခြားမှတ်မိနေတယ်။ တံတားကျော်ပြီးရင်တော့ လှေကားထစ်အနည်းငယ် ပြန်တက်ရတယ်။ တက်ပြီးရင် တော့ မြေပြန့်ကြီးဖြစ်သွားပြီ။ နည်းနည်းလျှောက်လိုက်ရုံနဲ့ ရေတံခွန်ဆီရောက်ပါပြီ။
ရေတံခွန်ရှိတဲ့ နေရာတဝိုက်ကတော့ သာသနိကအဆောက်အအုံတွေဖြစ်တဲ့ ဘုန်းကြီးကျောင်းဆောင်တွေ၊ ဘုရားတွေရှိ တယ်။

ရောက်ရောက်ချင်း ရေသံကြားရတယ်။ ရေတံခွန်မှာ အဖွဲ့နှစ်ဖွဲ့ (လူဆယ်ယောက်)လောက် ရေဆော့နေကြတယ်။ ဓာတ် ပုံရိုက်နေကြတယ်။ ဒါပေမယ့် ရေတံခွန်က ရေကျသံကလွဲပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ဆူညံပြီး တယောက်နဲ့ တယောက် အနှောင့်အယှက်ဖြစ်စေတာမျိုး မရှိဘူး။ သောက်စားမူးယစ်ပြီး ရမ်းကားကြတာလည်း မတွေ့ရဘူး။ သာသနာ့ နယ်မြေလို ဖြစ်နေတဲ့အတွက် လာလည်တဲ့သူတွေ အချင်းချင်းထိန်းကြတာကြောင့်လို့ အကြမ်းဖျင်း ကောက်ချက်ဆွဲနိုင်ပါတယ်။

ရေတံခွန်ဝန်းကျင်ဟာ ဗုဒ္ဓဘာသာအဆောက်အအုံတွေနဲ့ ပြည့်နေလို့ လာရောက်လည်ပတ်သူအများစုကတော့ ဗုဒ္ဓဘာ သာဝင်တွေ များတယ်။ တခြား ဘာသာဝင်တွေလည်း ရှိကောင်းရှိနိုင်မှာဖြစ်ပေမယ့် ကိုယ်တိုင်သွားတုန်းကတော့ မတွေ့ခဲ့ ရပါဘူး။

ပွဲကောက်ရေတံခွန်နဲ့ ယှဉ်ရင်တော့ အနည်းငယ်သေးပေမယ့် ရေက တော်တော်လေး သန့်ပါတယ်။ ကြည်လင်ပြီး ရေထဲက ငါးလေးတွေကိုရော၊ ရေကြမ်းပြင်က သဲကြမ်းလေးတွေကိုပါ ထင်ထင်ရှားရှားမြင်ရတယ်။
လာလည်တဲ့သူတွေက တော်တော် စည်းကမ်းရှိကြတာ တွေ့ရတယ်။ အများစုကတော့ ကိုယ်ယူလာတဲ့ အစားအသောက် တွေ စားသောက်ပြီး ကျန်ခဲ့တဲ့ အမှိုက်သရိုက်တွေကို ပြန်သိမ်းသွားကြတယ်။ ရေထဲမှာရော ဘုန်းကြီးကျောင်းပရဝုဏ်ထဲ မှာပါ ညစ်ပတ်တဲ့ အမှိုက်သရိုက်တွေ ချန်မထားသွားကြဘူး။

ရေတံခွန်ကိုရောက်တဲ့ လူငယ်အများစုကတော့ ရေချိုးကြတယ်။ ရေချိုးတဲ့အခါမှာ့ အမျိုးသမီးတွေအတွက် အခက်အခဲ တခုကတော့ အဝတ်လဲစရာနေရာ တိတိကျကျမရှိတာပါ။ ဘေးပတ်ဝန်းကျင်ဟာ သာသနိကအဆောက်အအုံတွေချည်း ဖြစ်နေလို့ အဝတ်လဲရတာ အဆင်မပြေဖြစ်ကြတာ တွေ့ရတယ်။ ရန်ကုန်ကျောင်းရေတံခွန်မှာ အဆင်မပြေတဲ့အချက်ဆိုလို့ ဒီအချက်လေး တချက်သာရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း နေရာအသစ်အဆန်းကိုလည်း လေ့လာခွင့်ရ၊ ဓာတ်ပုံကောင်းလေးတွေလည်း ရိုက်လို့ရ၊ ရေတံခွန်က ရေကျသံ တဝေါဝေါကို နားထောင်ရင်း စိတ်အေးလက်အေး ရေဆော့အပန်းဖြေလို့လည်းရ….စတဲ့အချက်တွေကြောင့် ရန်ကုန်ကျောင်းရေတံခွန် (နတ်ကျုံးရေတံခွန်) ဟာ အပူရှောင်ရင်း အပန်းဖြေလာမယ့်သူတွေအတွက် တကယ်အကြိုက် တွေ့စေမယ့် နေရာလေးတခုဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Your Thoughts …
အေးမွန်ရာပြည့်

အေးမွန်ရာပြည့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မုန်တိုင်း , ကယ်ဆယ်ရေး , ဒေါက်တာဝင်းမြတ်အေး

“မုန်တိုင်းအတွက် အရေးပေါ် တုံ့ပြန်ရေး သေချာ ပြင်ထားတယ်”

မြန်မာ

ဒီတပတ် ကြည့်စရာ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate