သုက် လွှတ်စောခြင်း သို့မဟုတ် မြန်ခြင်းက ဆေးဘက်ဆိုင်ရာ ပြဿနာတခု သက်သက်သာ မဟုတ်ပါဘူး။ စိတ် ကသိ ကအောင့် ဖြစ်စရာတခုလည်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် စိတ်မကောင်း ဖြစ်နေကြသူတွေလည်း မနည်းပါဘူး။ တကယ် တော့ သုတ်လွှတ်မြန်တဲ့ရောဂါဟာ ထောင်ပေါင်းများစွာသော အမျိုးသားတွေမှာ ကြုံတွေ့နေရတဲ့ ဖြစ်ရိုးဖြစ် စဉ် ပြဿနာတခုပါ။ ခံစားနေကြသူ အများစုကလည်း ဒီအကြောင်းကို ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။ ဒါ ပေမယ့် အိပ်ရာထဲမှာ စိတ်မဝံ့မရဲဖြစ်နေရတဲ့ အမျိုးသားတွေ အတွက် သတင်းကောင်းတခုကတော့ ဒီပြဿနာဟာ လွယ်ကူတဲ့ ပြဿနာတခုဖြစ်ပြီးတော့ ဖြေရှင်းလို့ ရနိုင်တယ်ဆိုတာပါပဲ။
အမျိုးသမီးတွေရဲ့ အကူအညီလည်း လိုအပ် ပါတယ်။ တကယ်လို့ အမျိုးသမီးတယောက် အနေနဲ့ ကိုယ့်ရဲ့ အမျိုးသားကို လိင်ဆက်ဆံရာမှာ အချိန်ပိုပြီး ကြာ မြင့် စေချင်တယ် ဆိုရင် အောက်ပါ အချက်တွေအတိုင်း ကူညီဖြေရှင်းပေးလို့ရပါတယ်။
တတ်နိုင်သလောက် မကြာခဏ လိင်ဆက်ဆံပါ။
လိင်ကိစ္စနဲ့ ကြုံတွေဖို့ကို တကြိမ်နဲ့တကြိမ်ကြား ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့ အမျိုးသားတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ဖိအား (စိတ်ဆန္ဒစောနေတာတွေ) ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ လိင်ဆက်ဆံတဲ့ အချိန်မှာ သုက်လွှတ်မြန်ဖို့ ဖြစ်လာရပါတယ်။ ဒါကြောင့် မိမိရဲ့ အဖော်နဲ့ မကြာမကြာ လိင်ဆက်ဆံမှု ပြုလုပ်ပေးခြင်းအား ဖြင့် သုက်လွှတ်မြန်စေတဲ့ စိတ်ခံစားမှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွား အောင်ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ထိန်းထားပါ။
ကိုယ့်ရဲ့ အမျိုးသားက သုက်လွှတ်ချင်လာတဲ့ အချိန်မှာ ထိန်းထားဖို့ ပြောပါ။ သုက်ထွက်လုလု အနေအထား ရောက်ချိန်မှာ နှိုးဆွမှုတွေကို လုံး၀ ရပ်ပစ်လိုက်နိုင်ဖို့ ကြိုးစားခိုင်းပါ။ အဲဒီလိုမျိုး ထပ်ကာထပ်ကာ လုပ်ပေးခြင်းအားဖြင့် အမျိုးသားတွေ အနေနဲ့ နောက်ဆုံး အထွတ်အထိပ်ကို ရောက်ဖို့ ကြာမြင့်ချိန်ကို ထိန်းနိုင်လာပါလိမ့်မယ်။
Kegel လေ့ကျင့်ခန်း တွေ လုပ်ခိုင်းပါ။
Kegel လေ့ကျင့်ခန်း ဆိုတာ အစဉ်အလာအရ အမျိုးသမီးတွေ အတွက်ပဲ ဖြစ်ပေမယ့် သုက်လွှတ်မြန်တဲ့ ပြဿနာနဲ့ ရင် ဆိုင်နေရတဲ့ အမျိုးသားတွေ အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် မိမိရဲ့ အမျိုးသားကို Kegel လေ့ကျင့် ခန်း လုပ်ခိုင်းပါ။ လုပ်ပုံလုပ်နည်းကတော့ တင်ပါးက ကြွက်သားတွေကို စက္ကန့် အနည်းငယ်လောက် ကျုံ့ထား ပြီး မှ ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ တကြိမ်နဲ့ တကြိမ်ကြားမှာ ရပ်နားခြင်းမရှိဘဲ ၁၅ ကြိမ်လောက် လုပ်ပေးခြင်းက လိင် ဆက်ဆံမှုရဲ့ အထွတ်အထိပ်ကို ရောက်တဲ့ အချိန်မှာ အသုံးဝင်တဲ့ ကြွက်သားတွေကို သန်မာလာအောင် အကူအညီပေး ပါ လိမ့်မယ်။ အကြိမ်ရေကို တဖြည်းဖြည်းချင်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တခါလုပ်ရင် အကြိမ် ၇၀ လောက်အထိ မြှင့်တင် သွားရမှာ ဖြစ်ပါတယ်။ နေ့စဉ် တနေ့ကို ၂ ကြိမ်လုပ်ရမှာ ဖြစ်ပါတယ်။
ကွဲပြားတဲ့ ပုံစံတွေနဲ့ ကြိုးစားကြည့်ပါ။
အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစားရလေ့ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက အမျိုးသားတွေရဲ့ လိင်အင်္ဂါ အပေါ် နှိုးဆွမှုကို အတန်အသင့်လျော့ပါးစေနိုင်ပါတယ်။ အဲဒါဆိုရင် အထွတ်အထိပ်ကို ရောက်ဖို့ အချိန်ဆွဲထားနိုင်မှာ ဖြစ်ပါတယ်။
စားသောက်မှု ပုံစံပြောင်းပါ။
အမျိုးသားတွေရဲ့ အသက်အရွယ်အလိုက် သူတို့စားသုံးတဲ့ ကိုလက်စထရောနဲ့ အဆီ ပမာနက သူတို့ရဲ့ လိင်အင်္ဂါ တင်းမာ နိုင်မှုနဲ့ ကြာမြင့်ချိန် အပေါ် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ကိုလက်စထရောနဲ့ အဆီကို ပါဝင်မှုနည်းပါးတဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲဖို့ တိုက်တွန်းပေးပါ။
အရေးအကြီးဆုံး အချက်ကတော့ လိင်ဆက်ဆံချိန်ကို ထိန်းထားနိုင်ဖို့က ၂ယောက်လုံး သက်တောင့် သက်သာ ရှိတဲ့ အခြေအနေ ဖြစ်နေဖို့ပါပဲ။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ လိုအင် သက်သက်နဲ့ အမျိုးသားတွေကို တခုခုလုပ်ဖို့ ခိုင်းစေ တာမျိုး မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင် အနေအထားမျိုးမှာမှ သုတ်လွှတ်မြန်တဲ့ ပြဿနာ ကို ဖြေရှင်း နိုင် မှာ ဖြစ်လို့ပါ။
Source: onlymyhealth.com