Lifestyle

သင့် အသည်းက ဘာတွေ လုပ်ဆောင်သလဲ

This article has been converted from Zawgyi One to Unicode

သင့် ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း ညာဘက်အခြမ်း နံရိုးတွေအောက်၊ အဆုတ်နဲ့ ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိတဲ့ သင့်ရဲ့  အသည်းက အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ပိရမစ်ပုံရှိပြီး ဘယ်ဘက်နဲ့ ညာဘက် စိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်။ အသည်းဟာ အရွယ်အစား ကြီးသလောက် ခန္ဓာကိုယ်အတွက် လုပ်ပေးတဲ့ အလုပ်ကလည်း များပြားပါတယ်။

အသည်းဟာ အောက်စီဂျင် သယ်လာတဲ့ သွေးကို လက်ခံပြီး နှလုံးကတဆင့် ခန္ဓာကိုယ်တခုလုံးကို ပြန်ဖြန့်ဖြူးဖို့ နှလုံးသို့ ပို့ပေးပါတယ်။ အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ် တခုလုံးအတွက် လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ များစွာကိုလည်း လုပ်ဆောင်ပေးပါတယ်။

အဲဒီအလုပ်တွေကတော့ –
(၁) စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အသင့်သုံးနိုင်အောင် သကြားဓာတ်နဲ့ အဆီဓာတ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊
(၂) အာဟာရကို သိုလှောင်ပေးခြင်း၊
(၃) အဆီကို ခြေဖျက်ရန် အတွက် အသည်းခြေရည်ကို ထုတ်ပေးခြင်း၊
(၄) ပိုလျှံတဲ့ အစားအစာများကို အဆီနှင့် ဂလိုင်ကိုဂျင်ကို သကြားဓာတ်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားပေးခြင်း၊
(၅) အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်တချို့နဲ့ သတ္တုဓာတ်တချို့ကို သိုလှောင်ပေးခြင်း၊
(၆) သွေးအတွက် အသားဓာတ် ထုတ်လုပ်ပေးခြင်း၊
(၇) သွေးပျစ်ခြင်းနှင့် ကျဲခြင်းကို ခန္ဓာကိုယ် လိုအပ်ချက်အရ လိုရင်လိုသလို ပြုပြင်ပေးခြင်း၊
(၈) ခန္ဓာကိုယ် လည်ပတ်ရန်အတွက် လိုအပ်တဲ့ တခြားဓတ်ပေါင်း တချို့ကို ထုတ်လုပ်ပေးခြင်း၊
(၉) ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေတဲ့ အစားအသောက်တွေကို ချေဖျက်ပေးခြင်း၊ အညစ်ကြေးအဖြစ် ဖယ်ရှား ပေးခြင်းတွေ လုပ်ဆောင်ပေးပါတယ်။
သင့်ရဲ့ ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဆောင်ပေးတဲ့ အသည်း အားကောင်းစေဖို့ အစားအစာတွေလည်း စားသောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်
အသည်းကို သန့်ရှင်း အားကောင်းစေတဲ့ အစားအစာ ၁၁ မျိုး (၁)

အသည်းကို သန့်ရှင်း အားကောင်းစေတဲ့ အစားအစာ ၁၁ မျိုး (၂)

သင့် အသည်းကို သန့်ရှင်းတဲ့ သဘာ၀ ဆေးတဖုံ

Loading