လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တွေဆီကို ပြန်ခေါ်သွားပေးမယ့် 90s’ kids ပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မေလ(၂၉)ရက် တနင်္ဂနွေနေ့ ညနေ (၄)နာရီကနေ ည(၁၀)နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီပွဲဟာ ၁၉၉၀ မှ ၁၉၉၉ ခုနှစ်အတွင်း မွေးဖွားကြီးပြင်းလာခဲ့သူတွေအတွက် ရည်ရွယ်ပြုလုပ်ခြင်းလည်းဖြစ်ပြီး သူတို့တွေရဲ့ ငယ်ဘဝကို ပြန်လည်အမှတ်ရစေမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီကာလတွေတုန်းက အဖြစ်အပျက်တွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ အသုံးအဆောင်တွေ၊ ကစားနည်းတွေ၊ အစားအသောက်တွေ၊ ဇာတ်ကောင်တွေ ပါဝင်မှာလည်းဖြစ်ပါတယ်။
ဒီပွဲကို လူငယ်များက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်ရဲ့၈၀ ရာခိုင်နှုန်းကို ဘုန်းကြီးကျောင်း ပညာရေးအတွက် လှုဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပွဲလက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ပြီး လက်မှတ်တစ်စောင်ကို ၃၀၀၀ ကျပ် ဖြစ်ပါတယ်။
90s’ kids တွေ အနေနဲ့ စိတ်လှုပ်ရှားစရာတွေနဲ့ မိမိတို့ရဲ့ငယ်ဘဝကို ပြန်အလွမ်းပြေနိုင်ဖို့ ပါဝင်ဆင်နွဲကြဖို့နဲ့ 90s’ kids မဟုတ်တဲ့ ကလေးငယ်တွေအနေနဲ့လည်း ဗဟုသုတအနေနဲ့ သွားရောက် လည်ပတ်ကြည့်ရှုနိုင်ကြ မှာပါ။