လူငယ်များနဲ့ ပညာရှင်များအတွက် နိုင်ငံတကာ ဂန္တဝင်ဂီတပွဲတော်တခုဖြစ်တဲ့ Myanmar Music Festival (မြန်မာဂီတပွဲတော်) ကို တတိယအကြိမ်မြောက်အဖြစ် မေ၂၈ ရက်ကနေ ဇွန် ၁၄ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာဂီတပွဲတော်ဆိုတာက နိုင်ငံတကာမှ အနုပညာရှင်များက မြန်မာအနုပညာရှင်များ၊ တက်သစ်စ အနုပညာရှင် များနှင့်အတူ တွဲဖက်ပြီး ကျင်းပတဲ့ ယဉ်ကျေးမှုဖလှယ်တဲ့ တေးဂီတပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲတော်ကို ဖွင့်ပွဲအခမ်းအနား၊ ဖျော်ဖြေတင်ဆက်မှုမျိုးစုံ၊ ထိုင်ဝမ်က တေးဂီတ စန္ဒရားလက်သံရှင်၊ စန္ဒရားအကျော်အမော်များစွာရဲ့ လက်ရာများ ဖျော်ဖြေတင်ဆက်မှုများနဲ့ တင်ဆက်သွားမှာဖြစ်ပြီး နေရာတွေကတော့ အမျိုးသားကဇာတ်ရုံ၊ Monument Bookstore နဲ့ ခရေအင်တာနေရှင်နယ်ကျောင်း(မရမ်းကုန်းမြို့နယ်) တွေမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ပွဲတော်မှာ အများပြည်သူများတက်ရောက်နိုင်မယ့် လူထုဆွေးနွေးပွဲတပွဲ၊ ရန်ကုန်မြို့တွင်း တင်ဆက်ဖျော်ဖြေပွဲ ၇ ပွဲနဲ့ အရည်အချင်းရှိတဲ့ကျောင်းသားကျောင်းသူများအတွက် အခမဲ့ ဂီတသင်တန်းပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင့် ဂီတရဲ့အရေးပါမှုကို လူမှုရေးဖွံ့ဖြိုးတိုးတက်မှုရှုထောင့်ကနေ လေ့လာစူးစမ်းရန်အတွက် ရည်ရွယ် ပြီးတော့လည်း “Why Music Matters” (ဘာကြောင့်ဂီတအရေးပါသလဲ)ခေါင်းစဉ်နဲ့ ဆွေးနွေးနှီးနှောဖလှယ်ပွဲကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးပေါင်းစီစဉ်ပြီးပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ဒီပွဲကို မေ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းထောင့်မှာရှိတဲ့ Monument Bookstore မှာ မနက် ၁၀နာရီ ၃၀ မိနစ်မှာ ပြုလုပ်သွားမှာပါ။
ပွဲကိုတက်ရောက်လိုသူများအနေနဲ့ ဖုန်း ၀၁-၆၅၁၄၅၁၊ ၀၉၇၃၂၀၄၁၄၀ ကိုဆက်သွယ်ပြီး ကြိုတင်စာရင်း ပေးသွင်းနိုင်ပါတယ်။